ပိုက်ဆံကုန်သက်သာအောင် ဂက်စ်ဘယ်လိုသုံးရမလဲ










ဂက်စ်ဈေးတွေတက်လာတာနဲ့အမျှ ကားမောင်းသူတစ်ဦးရဲ့ ပိုက်ဆံအိတ်ထဲမှာရှိနေမယ့် ပိုက်ဆံ ပမာ ဏဟာလည်း အငွေ့ပျံသလို လျင်လျင်မြန်မြန်ကုန်ဆုံးသွားတတ်ပါတယ်။ ဒါဆိုရင်တော့ ကားမောင်း ရတာ စိတ်ပျက်စရာအလုပ်တစ်ခုဖြစ်လာမှာပါ။ ကားအတွက်လောင်စာဆီ အသုံးပြုတာနဲ့ပတ်သက်လို့ ပိုက်ဆံအနည်း ငယ်ပဲကုန်မယ့်နည်းလမ်းတွေလည်း ရှိနေပါတယ်။ ဒီလိုနည်းလမ်းတွေထဲကတစ်ခုကတော့ ကားကိုလောင်စာ စားနှုန်းလျော့နည်းသွားအောင် ပြုလုပ်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုပြုလုပ်တော့ မယ်ဆိုရင် သေချာနှံ့နှံ့စပ် စပ်စဉ်းစားဖို့လိုသလို အစီအစဉ်သစ်တွေကိုလည်း စနစ်တကျတွက်ချက်တတ်ဖို့ လိုအပ်မှာပါ။ ကားဆီစားသက် သာအောင်၊ ဂက်စ်အကုန်အကျနည်းနည်းနဲ့ ခရီးတွင်အောင်မောင်းနှင်နိုင် မယ့် နည်းလမ်းတွေထဲက တစ်ခု ကတော့ ကားဆီစားနှုန်းကိုလျှော့ချမောင်းနှင်နည်းံပစနမာငူန ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာံပစနမာငူန နည်းစနစ်က အန္တရာယ်များသလို တရားမ၀င်လည်းဖြစ် တာကြောင့် တခြားနည်းလမ်းလေးတွေကို ဖော်ပြပေးပါ ရစေ။

ပလပ်တွေကိုစစ်ဆေးပါ
ပလက်တီနမ်နဲ့ပြုလုပ်ထားတဲ့ပလပ်တွေက အနည်းဆုံးကီလိုမီတာတစ် သိန်းခြောက်သောင်းလောက်အထိမောင်းနှင်နိုင်ပါတယ်။ ဒါပေမယ့် ဒီပလပ်တွေမှာလည်း အားနည်းချက်တွေရှိနေကြတာပါ။ ဘာကြောင့်လဲဆိုရင် ပလက်တီနမ်ပလပ်တွေဟာ ကီလိုမီတာ တစ်သိန်းနှစ်သောင်းလောက် မောင်းနှင်ပြီးရင် ညစ်ပတ်သွားပြီး အသုံးပြုလို့ သိပ်မကောင်းတော့ တာကြောင့်ပါပဲ။ ဒီပလပ်မျိုးတွေဟာ ဈေးနှုန်းမမြင့်မားသလို အလွယ်တကူ လည်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အလုပ်လုပ်နိုင်စွမ်းရှိတဲ့အပိုင်းမှာ နမမသမ တက်တာနည်းပါးတာကြောင့် ပလပ်ကြောင့် ဂက်စ် ကုန်ကျမှုများတာကိုလည်း လျှော့ချပေးနိုင်စွမ်းရှိတာပါ။ 

မောင်းနှုန်းမှုလျှော့ချပါ
အနည်းငယ်ရယ်စရာကောင်းပေမယ့် ဒါကလည်း အကြံကောင်းတစ်ခုဖြစ်လို့ ပစ်ပယ်ထားဖို့ မသင့်ပါ ဘူး။ လောင်စာဆီဈေးနှုန်းတွေ မြင့်မားလာတာနဲ့အမျှ ကိုယ့်ငွေတွေ ပိုက်ဆံအိပ်အတွင်းကစီး ထွက်သွားတာမျိုး မဖြစ်ချင်ရင်တော့ မလိုအပ်တဲ့နေရာမျိုးတွေကိုလျှောက်သွားပြီး လောင်စာဖြုန်းတီးနေ တဲ့လုပ်ရပ်မျိုးကိုတော့ ရှောင်ရှားသင့်ပါတယ်။ ဥပမာ သူငယ်ချင်းဖြစ်သူနဲ့ ကားမျှသုံးတာမျိုး၊ လမ်းလျှောက်ဖို့ လက်လှမ်းမီတဲ့နေရာမျိုး တွေဆိုရင် လမ်းလျှောက်သွားတာမျိုးပြုလုပ်ရင်းနဲ့ မလိုအပ်ဘဲလောင်စာဖြုန်း တီးနေမှုတွေကို လျှော့ချနိုင်မှာ အသေအချာပါပဲ။ 

လောင်စာဈေးနှုန်း သက်သာတဲ့ဆိုင်တွေကိုရွေးချယ်ပါ
များသောအားဖြင့် တစ်ဆိုင်နဲ့တစ်ဆိုင် လောင်စာဆီဈေးနှုန်းတွေက တူညီနေတတ်ကြပေမယ့် သေချာ စိစစ်ရှာဖွေကြည့်ရင် အများထက်ပိုပြီး ဈေးသက်သာနေတဲ့ဆိုင်မျိုးတွေလည်း ရှိနေတတ်ပါတယ်။ ကိုယ် နေ့ဓဒူဝအသုံးပြုဖို့ ၀ယ်ယူနေတဲ့ဆိုင်ထက် ဈေးသက်သာနေမယ်ဆိုရင် အသုံးပြုသူအနေနဲ့ အဲဒီဈေးသက်သာ တဲ့ဆိုင်မျိုးတွေမှာဝယ်ယူပြီး မလိုအပ်ဘဲ ငွေကုန်ကြေးကျများနေမှုကို လျှော့ချနိုင်မှာ အသေအချာပါ။ 

ကားကိုစဉ်ဆက်မပြတ်ဂရုစိုက်နေပါ
ကိုယ်မောင်းနှင်နေတဲ့ကားလေးကို စဉ်ဆက်မပြတ်ဂရုစိုက်နေတာကလည်း ကားအတွက်ငွေ ကုန်ကြေး ကျများမှုကို ထိန်းသိမ်းနိုင်မယ့်နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ကားကိုအမြဲတမ်း ဂရုစိုက်နေသူ တစ်ယောက်အတွက်  အင်ဂျင်ပိုင်းကအစ၊ ဘော်ဒီပိုင်းအဆုံး အားလုံးကောင်းမွန်နေ မှာဖြစ်ပြီး ဒီလိုအင်ဂျင်ပိုင်းကို အဆင်ပြေချောမွေ့စွာလည်ပတ်နေစေခြင်းက ဂက်စ်ကုန်ကျမှုကို အကောင်း ဆုံးလျှော့ချပေးနိုင်မှာပါ။ အင်ဂျင်ကလိုအပ်တာထက်ပိုပြီး အင်နဲ့အားနဲ့မရုန်းရသရွေ့ လောင်စာကုန်ကျနှုန်း ကလည်း ယာဉ်ပိုင်ရှင်ကိုမထိ ခိုက်လောက်တဲ့ အနေအထားမျိုးလောက်ပဲရှိနေမှာ ဖြစ်ပါတယ်။ 

စဉ်းစားသင့်တဲ့အချက်တွေ
ကိုယ့်ကားကို လောင်စာဖြည့်ချိန်မှာ စဉ်းစားရမှာတစ်ခုကတော့ ဆီကန်တစ်ခုစာအပြည့်လောင် စာဖြည့်မှာလား၊ ဒါမှမဟုတ် တစ်ဝက်စာလောက်ပဲ ဆီဖြည့်မှာလားဆိုတဲ့ အချက်ပါပဲ။ ဆီတိုင်ကီ တစ်ဝက်လောက်ပဲ ဆီဖြည့်မယ်ဆိုရင် ကားရဲ့အလေးချိန်ကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင် မှာဖြစ်ပြီး မောင်းနှင်နိုင်မယ့် မိုင် အကွာအဝေးကိုမသိမသာပိုပြီး မြင့်မားလာစေမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကားအတွက် ဂက်စ်ဖြည့်ရမယ့် ဆိုင်က လက်တစ်ကမ်းကွာအခြေအနေမျိုးမှာ ရှိမနေဘူးဆိုရင်တော့ ဆီတိုင်ကီအပြည့် တစ်ခါတည်းဖြည့်ထား လိုက်တာအကောင်းဆုံးဖြစ်မှာပါ။ နောက်အချက်တစ်ခုကတော့ ကားတာယာတွေအတွင်းမှာ သင့်တင့်တဲ့ လေပေါင်ချိန်ရှိနေဖို့ ဂရုစိုက်ရမှာဖြစ်ပါတယ်။ ရှိနေသင့် တဲ့လေပေါင်ချိန်ထက် လျော့နည်းနေတဲ့အခြေအနေမျိုးမှာ ကားရွေ့လျားသွားအောင် အင်ဂျင်ကပိုပြီး ရုန်းကန်ရလေ့ရှိတာကြောင့် လောင်စာကုန်ကျနှုန်းပိုပြီးများ တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးက ကိုယ့် ပိုက်ဆံအိတ်ထဲကငွေကို အလျင်အမြန်အပြင်ကိုရောက်သွား စေမယ့် နည်းလမ်းမျိုးဖြစ်တာကြောင့် သတိထားပြီးရှောင်ရှားရမှာ အသေအချာပါပဲ။

သေးငယ်တဲ့ကားတွေကို ရွေးချယ်ပါ
ယျေဘုယျအားဖြင့် သေးငယ်တဲ့ကားတွေက ပိုမိုပေါ့ပါးသလို  လောင်စာကုန်ကျနှုန်းနည်းနည်းနဲ့ ပိုဝေး တဲ့ခရီးအကွာအဝေးရောက်အောင် သွားရောက်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် လောင်စာဆီ ကုန်ကျနှုန်းနဲ့ ငွေကုန် ကြေးကျများမှုကို လျှော့ချချင်တယ်ဆိုရင် ပိုပြီးပေါ့ပါးသေးငယ်တဲ့ ကားတွေကို အသုံးပြုဖို့လည်း ထည့်သွင်း စဉ်းစားထားသင့်တာပါ။ 

အာကာထက်ဝေ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment