good relationshiop







လူတိုင်းလူတိုင်း ဆုံးဖြတ်ချက်ကိုယ်စီ ချဖူးကြမှာပါ။ ဒီနှစ်တော့ ငါ့မိသားစုကို ဘယ်လို ကြင်ကြင်နာနာ ဆက်ဆံလိုက်မယ်။ ငါ့သူငယ်ချင်းတွေကို ဘာလေးတွေလုပ်ပေးလိုက်မယ် စသည်ဖြင့်ပေါ့။ အတွေး စိတ်ကူး ထဲမှာတော့ အားလုံးကြီးကြီးမားမားတွေပဲ တွေးကြတာပေါ့။ ဒါပေမဲ့ ကိုယ့်ရဲ့အပြုအမူ၊ အပြော အဆိုသေးသေး လေးက လူတစ်ဖက်သားကို ငွေအကုန်အကျမရှိဘဲ စိတ်ချမ်းသာစေနိုင် တယ်ဆိုတာ သိပါသလား။

ပြုံးပါ
သူတစ်ပါးကို စိတ်ချမ်းသာစေဖို့ ရှုပ်ရှုပ်ထွေးထွေး တွေးတောနေစရာမလိုပါဘူး။ ပြုံးပြလိုက်ပါ။ ကိုယ့်စိတ်ထဲ ဘယ်လိုအခြေအနေတွေပဲ ဖြစ်နေပါစေ။ နွေးထွေးတဲ့အပြုံးလေးတစ်ပွင့်က လူတစ်ဖက်သားကို စိတ်ချမ်းသာစေပါလိမ့်မယ်။ ကိုယ့်ကိုယ် ဘယ်လောက်ပဲ မကြည်မလင်ဖြစ်နေပါစေ၊ တဖြည်းဖြည်းရင်းနှီး မှုရလာပါလိမ့်မယ်။ ကိုယ်ပြုံးနေရင် ကိုယ်နဲ့အတူ ပတ်ဝန်းကျင်ကပါ လိုက်ပြီး ပြုံးလာပါလိမ့်မယ်။ 

စာအုပ်လက်ဆောင်ပေးပါ
ကိုယ်နှစ်သက်တဲ့စာအုပ်ကို သူများလက်ဆောင်ပေးဖို့ဆိုတာ ဆုံးဖြတ်ရခက်ခဲတဲ့ အလုပ်တစ်ခုပါ။ ဒါပေမဲ့တစ်ဖက်သားကို စိတ်ချမ်းသာစေချင်တယ် မဟုတ်လား။ စာအုပ်လေးတစ်အုပ်က ဘယ်လောက်များ တန်ဖိုးကြီးမှာပါလဲ။ ပြီးတော့ ဒီစာအုပ်ထဲမှာ ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေပါတယ် မဟုတ်ပါလား။

လက်ဆောင်ကဒ်လေးပေးပါ
မွေးနေ့မှ၊ အထိမ်းအမှတ်နေ့လိုမျိုးမှ မဟုတ်ပါဘူး။ ဒီကဒ်ပြားလေးတစ်ပြားက ကိုယ့်ရဲ့သူ့အပေါ် အသိအမှတ်ပြုမှုတွေပါပဲ။ တန်ဖိုးမရှိဘူးထင်ရပေမဲ့ သူ့အတွက်ကတော့ အဓိပ္ပာယ်အပြည့်အဝ ရှိနေပါလိမ့်မယ်။ အဲဒီတော့သူ့ဘက်က တစ်ခုခုအောင်မြင်တိုင်း လက်ဆောင်ကဒ်လေးနဲ့ အသိအမှတ်ပြုပေးပါ။ စိတ်ဓာတ်ကျ နေတိုင်း ကဒ်ပြားပေါ်မှာ စာတိုလေးနဲ့ အားပေးစကားပြောပေးပါ။

အကူအညီကမ်းလှမ်းပါ
တစ်ခါတစ်ရံ တစ်ချို့သောလူတွေဟာ အကူအညီလိုပေမဲ့ အကူအညီတောင်းဖို့ တွန့်ဆုတ်နေကြပါ တယ်။ အဲဒီလို ကိုယ်တတ်နိုင်တဲ့ အခြေအနေမျိုးမှာ တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့ကမ်းလှမ်းလိုက်ပါ။ သူတို့ရဲ့စိတ်ထဲမှာ ကျေနပ်ပျော်ရွှင် သွားပါလိမ့်မယ်။


ချီးကျူးအားပေးပါ
ကိုယ့်သူငယ်ချင်းတစ်ယောက်၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တစ်ယောက် တစ်စုံတစ်ရာ အောင်မြင်မှုရတဲ့ အခါ ချီးကျူးစကားပြောပေးဖို့ တိတ်ဆိတ်မနေပါနဲ့။ အဲဒီလိုပဲ သူတို့ တစ်စုံတစ်ခု စိတ်ဆင်းရဲသောက ရောက် စရာကြုံနေတဲ့အခါ အားပေးစကားပြောပေးပါ။ ကိုယ့်ရဲ့ အပြောလေးတစ်ခုက သူတို့အတွက် ကြီးမားတဲ့ ခွန်အားတစ်ခုဖြစ်စေမှာပါ။
ပေးကမ်းပါ
လူချစ်လူခင်များတဲ့လူတွေရဲ့ အားသာချက်တစ်ခုကို ကြည့်မယ်ဆိုရင် ပေးကမ်းရက်ရောမှုလည်း ပါ ပါတယ်။ ပေးကမ်းတယ်ဆိုလို့ ကိုယ့်မှာရှိတာတွေ အားလုံးကိုပေးတယ်လို့ မဆိုလိုပါဘူး။ ဥပမာ- ကိုယ် အဝတ်အစားဝတ်တယ်။ တစ်ချို့အဟောင်းတွေက ကိုယ်နဲ့မတော်တော့ဘူး။ သုံးလို့မရတော့ဘူး။ ဝတ်လို့ရနေသေးတယ်။ အဲဒ်ီလိုပစ္စည်းမျိုးက ကိုယ့်အတွက် မလိုအပ်ပေမဲ့ တစ်စုံတစ်ယောက်အတွက်တော့ လိုအပ်ချင် လိုအပ်နေမှာပါ။
ကိုယ်ချင်းစာပါ
အခုအချိန်မှာ အားလုံးက ပျောက်ဆုံးလုနီးပါး ဖြစ်နေကြတာ ကိုယ်ချင်းစာတရားပါ။ ဥပမာ ကားစီးတဲ့ အခါ ဘေးကကားက အလျင်လိုလို့ ကျော်တက်ချင်တယ် ဆိုတာမျိုး။ သူနဲ့ ပြိုင်မောင်းနေမဲ့အစား နေရာပေး လိုက်ပါ။ တစ်ချိန် ကိုယ့်အတွက် အရေးပေါ်ကိစ္စ မရှိဘူးလို့ မပြောနိုင်ပါဘူး။ အဲဒီလိုအချိန်မျိုးမှာ ကိုယ့်ကိုယ် ပြန်ပြီးကူညီမဲ့သူ ပေါ်လာပါလိမ့်မယ်။
ခွင့်လွှတ်ပါ
တစ်စုံတစ်ယောက်အပေါ် ရန်ငြိုးရန်စ ထားတာက ကိုယ့်ကိုထိခိုက်စေတဲ့ အဆိပ်ပါ။ တစ်ချို့အရာ တွေက ခွင့်လွှတ်ဖို့ မလွယ်ကူဘူးဆိုပေမဲ့လည်း ခွင့်လွှတ်လိုက်တာက ကိုယ့်စိတ်ကိုယ် တည်ငြိမ်စေရာလည်း ရောက်ပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment