ကမ္ဘာ့ဈေးအကြီးဆုံး လက်ကိုင်အိတ်တွေက ဘာတွေလဲ…..









မိန်းကလေးတိုင်း လက်ကိုင်အိတ် ကောင်းကောင်းလှလှလေးတွေကို နှစ်သက်ကြပါတယ်။ လက် ကိုင်အိတ်လေးတွေ ဆိုတာကလည်း မိန်းကလေးတစ်ယောက်က သူဘယ်သူ ဖြစ်တယ်ဆိုတာကို လောကကြီးကို ချုပ်ကိုင်နိုင်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်း မဟုတ်ပါလား။ မိန်းကလေးမှန်သမျှ လက်ကိုင်အိတ် တစ်လုံးစီတော့ ရှိကြပါတယ်။ ရုံးသွား၊ ကျောင်းသွား၊ အပြင်ထွက် လည်တာမျိုး ဖြစ်ဖြစ်ပေါ့။
ကမ္ဘာပေါ်မှာလည်း ဈေးပေါတဲ့၊ ဈေးကြီးတဲ့ပိုက်ဆံအိတ် Brand တွေကလည်း မိန်းကလေးတွေရဲ့ လိုအပ်ချက်အရ ဈေးကွက်ထဲမှာ နေရာယူထားကြပါတယ်။ ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးတွေကတော့ သူတို့ ကြွယ်​ဝမှုကို ပြသဖို့အတွက် သူတို့အဆင့်အတန်းအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Limited Addition လိုမျိုးတွေ ကိုင်ကြတာပေါ့။
Prada
Prada ကတော့ အီတလီနိုင်ငံအခြေစိုက် ကမ္ဘာ့နာမည်ကြီး ဖက်ရှင်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီ တွေထဲက တစ်ခုပါ။ ဘယ်လောက်တောင် နာမည်ကြီးသလဲဆိုရင် မာရီစရိတ်နဲ့ အန်ဟယ်သာဝေးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်နိုင်တဲ့ အဆင့်အထိပါ။ ၁၉၁၃ ခုနှစ်ကနေ လက်ရှိအချိန် အထိ ဖက်ရှင်ရေစီးကြောင်းထိပ်ဆုံးမှာ ဦးဆောင်နေပြီး အလှကုန်၊ ဖိနပ်၊ အဝတ်အစား၊ လက်ဝတ်ရတနာ တွေကိုပါ ထုတ်လုပ်လျက်ရှိပြီး ဖက်ရှင်လောကမှာ ဈေးအကြီးဆုံး ပစ္စည်းအဖြစ် ဦးဆောင်နေပါတယ်။
Lana Marks
Lana Marks ကလည်း လူချမ်းသာ အသိုင်းအဝိုင်းမှာ နာမည်ဝင်ဆန့်တဲ့ ဖက်ရှင် အသုံးအဆောင်ပစ္စည်းပါ။ အန်ဂျလီနာဂျိုလီ၊ ကိတ်ဝင်းစလက်တို့လို နာမည်ကြီး အနုပညာရှင်တွေဟာ Lana Marks အိတ်ကို အသည်းစွဲပါ။
Hilde Palladino
Hilde Palladino ကတော့ နော်ဝေနိုင်ငံအခြေစိုက်ပြီး ဖက်ရှင်ပစ္စည်းတွေမှာ နာမည်မရှိပေမဲ့ လက် ကိုင်အိတ်မှာတော့ ကမ္ဘာ့ထိပ်တန်းဝင်တွေထဲက တစ်ခုအနေနဲ့ ဦးဆောင်နေပါတယ်။ Prada နဲ့မတူ တာကတော့ Hilde Palladino ကနေ့ချင်း ညချင်း နာမည်ကြီးလာတာပါ။ သူတို့ထုတ်လုပ်တဲ့ ဈေးအမြင့်ဆုံး လက်ကိုင်အိတ်ကတော့ စိန်ပွင့်ပေါင်း အလုံး ၄ဝ တပ်ဆင်ထုတ်လုပ်ထားတဲ့ လက်ကိုင်အိတ်ပါ။
Judith Lieber
ဟန်ဂေရီနိုင်ငံရဲ့ နာမည်ကြီး ဖက်ရှင်ကုန်ပစ္စည်း  Judith Lieber ကတော့ ၁၉၆၃ ခုနှစ်မှာ စတင်နာ မည်ကြီးတာပါ။ အခုဆိုရင် နိုင်ငံတကာနာမည်ကြီး အနုပညာရှင်တွေလည်း Judith Lieber အိတ်ကို ကိုင်ကြပါတယ်။ Judith Lieber ရဲ့ ဈေးအကြီးဆုံးဖြစ်တဲ့ ရွှေနဲ့စိန် ရောထုတ်လုပ်ထားတဲ့ လက်ကိုင်အိတ်ဟာ ဒေါ်လာ ၉ဝဝဝဝ နဲ့ ရောင်းချခဲ့ရပါတယ်။
Marcs Jacobs
Marcs ကတော့အမေရိက ထိပ်တန်းဖက်ရှင် အမှတ်တံဆိပ်ပါ။ ဖက်ရှင်လောကထဲ စဝင်ကတည်းက Marcs ကိုလက်ကိုင်အိတ်တွေရဲ့ ဆရာတစ်ဆူအနေနဲ့ သတ်မှတ်ထားကြပါတယ်။ Marcs က ထုတ်လုပ်တဲ့ လက်ကိုင်အိတ်တွေဟာဆိုရင် လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ၅ဝဝဝဝ ခန့်ရောင်းချပြီးပါပြီ။
Chanel
ပြင်သစ်အခြေစိုက် Chanel ကိုတော့လူတိုင်းကြားဖူးကြမှာပါ။ ကီရာနိုက်တလေ၊ နစ်ကိုးလ်ကစ် မန်းတို့လို နာမည်ကြီး အနုပညာရှင်တွေရဲ့ အသည်းစွဲအမှတ်တံဆိပ်ပါ။
Hermes
Chanel လိုပဲ Hermes ကလည်း ပြင်သစ်အခြေစိုက်ပါ။ လက်ကိုင်အိတ်၊ ဖိနပ်၊ နာရီတို့ ထုတ်လုပ်ပါတယ်။ မိကျောင်းကွက်သားရေလက်ကိုင်အိတ်ကတော့ သူတို့ရဲ့ နာမည်အကြီးဆုံးဖြစ်ပြီး ဒေါ်လာ ၁၂ဝဝဝဝ နဲ့ ရောင်းချခဲ့ရပါတယ်။

Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment