ကားထဲမှာ အိမ်လုပ်ပြီးနေတယ်ဆိုတာ တကယ်တော့
ဘယ်သူမှထောက်ခံချင်တဲ့ဘ၀နေနည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနေ့ဒီအချိန်အထိ ကားတစ်စီးကို
အိမ်လိုသဘောထားပြီး ဘ၀ကိုဖြတ် သန်းနေရ သူတွေ လည်းရှိနေတာပါ။ ဒါ့အပြင်တချို့ကလည်း ကားထဲမှာနေရတဲ့ဘ၀နေနည်းကို
တမင်ရွေးချယ်ထား တာမျိုးလည်း ရှိနေပါတယ်။ တကယ်တော့ ကားကိုအိမ်လုပ်ပြီးနေထိုင်တယ်ဆိုတာ
မျက်မှောင်ကြုံ့ချင်စရာ အဖြစ်အပျက် တစ်ခုမဟုတ်သလို တရားမ၀င်တဲ့ ဘ၀နေထိုင်နည်းတစ်ခုလည်း
မဟုတ်ပါဘူး။ တစ်ကိုယ် တည်းသမားဖြစ်နေရင် ပိုပြီးတော့တောင် လွတ်လွတ်လပ်လပ် ရွေ့လျားသွားလာနေနိုင်သေးတာပါ။
နောက်တစ်ချက်က အိမ်ငှား ရမ်းခအသုံးမပြုရတဲ့အတွက် အကုန်အကျတောင် သက်သာဦးမှာဖြစ် ပါတယ်။
သင့်တော်တဲ့ကားရှာပါ
ကိုယ့်ကားက အလုပ်လုပ်တဲ့ ကားတစ်စီးဖြစ်ဖို့
ပထမဆုံးအနေနဲ့ အရေးကြီးဆုံးအချက်အဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် ကားတစ်စီးကို အိမ်ဆောက်ပြီးနေဖို့
အစီအစဉ်ရှိသူတစ်ဦးအနေနဲ့ ဘယ်လိုကားမျိုးကို ရွေးချယ်ရမလဲဆိုတာ ပထမဆုံးအနေနဲ့တွေးထားဖို့
လိုအပ်ပါတယ်။ ပြည်တွင်းမှာ ကားပေါ်မှာပဲအချိန်ပြည့် နေထိုင်သူမရှိသလောက်ဖြစ်ပေမယ့် တချို့နိုင်ငံတွေမှာတော့
အိမ်အဖြစ်အသုံးပြုဖို့ အတွက် နေရာကျယ်ကျယ် ပေးနိုင်မယ့်ကားမျိုးကို တမင်ရွေးချယ်ဝယ်ယူကြတာမျိုးတောင်
ရှိနေတာပါ။ အိမ်အဖြစ်အသုံးပြုနေထိုင်ဖို့ အတွက် ထောက်ခံချင်တဲ့ကားကတော့ ဗန်အမျိုးအစားတွေပဲ
ဖြစ်ပါတယ်။ အထူးသဖြင့် ပြတင်းပေါင်နည်းနိုင် သမျှနည်းတဲ့ ဗန်အမျိုးအစားကားတွေက အိမ်အဖြစ်အသုံးပြုဖို့အတွက်
ပိုပြီးသင့်တော်တာပါ။ ဒီလိုကားမျိုးနဲ့ ကိုယ့်ရဲ့အသုံးအဆောင်ပစ္စည်းတွေကို စိတ်ကြိုက်ထုတ်ပိုး သိမ်းဆည်း ထားနိုင်သလို
လေ၀င်လေထွက်ကောင်း အောင်/အလင်းရောင် ဖောဖောသီသီရအောင် အမိုးမှာလည်း အပေါက်ဖောက်ထားနိုင်ပါတယ်။
ဒီနေရာမှာ ပြောချင်တာကတော့ ကားအသစ်က အကောင်းဆုံးဖြစ်ပေ မယ့် အသစ်ကိုလက်လှမ်းမမီ သူတွေအနေနဲ့
တစ်ပတ်နွမ်းတွေနဲ့လည်း အိမ်အဖြစ်ဖန်တီးနေထိုင်လို့ အဆင်ပြေတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
အဓိကကတော့ ကိုယ်ရွေးချယ်တဲ့ကားက သာမန်ကားတွေ ထက် အတွင်းပိုင်းကျယ်ဝန်းဖို့နဲ့ စက်ပိုင်းဆိုင်ရာချို့ယွင်း ချက်တွေ ရှိမနေဖို့ပါပဲ။
အမြဲတမ်းလိပ်စာအတွက်ဘယ်လိုစီမံမလဲ
စက်သွယ်ရေးနည်းပညာတွေ ခေတ်စားလာတဲ့ဒီဘက်ခေတ်မှာ
သိပ်ပြီးမလိုအပ်တော့ဘူးလို့ ထင်စရာ ရှိပေမယ့် ဒီကိစ္စလည်း ဖြေရှင်းဖို့လိုအပ်နေတဲ့အထဲမှာ
ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်းတွေက ပေးပို့လာမယ့် လက်ဆောင်တွေ၊
ပါဆယ်ထုတ်တွေအတွက် ကားကိုအိမ်လိုအသုံးပြု နေထိုင်သူတစ်ဦးက ဘယ်လိုနည်းနဲ့လက်ခံမလဲဆိုတဲ့ ပြဿနာရှိနေတာကြောင့် ပါပဲ။ ဒီလိုလူတွေ လုပ်လေ့
လုပ်ထရှိတဲ့အလေ့ အကျင့်တစ်ခုကတော့အမြဲတမ်းရှိနေနိုင်မယ့် လိပ်စာတစ်ခု ဖန်တီးလိုက်တာပဲ
ဖြစ်ပါတယ်။ ဥပမာ အားကစားခန်းမတစ်ခုမှာ မန်ဘာအဖြစ် ၀င်ရောက်ကစားပြီး အဲဒီခန်းမရဲ့လိပ်စာကို
အသုံးပြုတာမျိုးလုပ် ထားသင့်တာပါ။ အားကစားခန်းမတွေရဲ့ လိပ်စာကိုအသုံးပြုပြီး လက်ခံစရာရှိတဲ့အရာတွေကို
လက်ခံတာမျိုးက အများဆုံးအသုံးပြုနေတဲ့ နည်းလမ်းတစ်ခုဖြစ်ပေမယ့် ဒီလိုခန်းမတွေမှာ အားကစားသွားလုပ်ဖို့
ဈေးကြီးလွန်းတဲ့ အခါ တချို့ကတော့ ဒေသတွင်းတက္ကသိုလ်
ဒါမှမဟုတ် ကောလိပ်တစ်ခုခုရဲ့လိပ်စာကို အသုံးပြုပြီးလိပ်မူတပ် ခိုင်းလေ့ရှိပါတယ်။
အရေးကြီးတာတွေကို ထိန်းသိမ်းပါ
ကားပေါ်မှာ အခြေချနေထိုင်ဖို့ အစီအစဉ်ရှိသူတစ်ဦးအနေနဲ့
သတိထားရမှာတစ်ခုကတော့ အရေး ကြီးတဲ့ပစ္စည်းတွေကို ကိုယ်နဲ့မကွာဆောင်ထားနိုင်အောင် ထိန်းသိမ်းထားဖို့ပါပဲ။
ဥပမာ ကားလိုင်စင်၊ မှတ်ပုံတင် နဲ့ အာမခံကဒ်ပြားစတာတွေကို အမြဲတမ်း မပျောက်မပျက်ဘဲရှိနေအောင်
ထိန်းသိမ်ထားရမှာ ဖြစ်ပါတယ်။ နောက်ထပ် မဖြစ်မနေပြုလုပ်ဖို့ လိုအပ်တဲ့အချက်တစ်ခုကတော့
စတီယာရင်ကို လော့ခ်ချပေးထားမယ့် သော့ ၀ယ်ထားဖို့ပါပဲ။ ဘာကြောင့်လဲဆိုရင် အကယ်၍ကိုယ့်ကားသာ အခိုးခံရပြီ ဆိုရင်
ကိုယ့်ဘ၀တစ်ခုလုံး ဆုံးရှုံးသွားတာနဲ့ အတူတူဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်က ကားကိုအိမ်လုပ်နေသူဖြစ်တာကြောင့်
ကားအခိုးခံ ရတာနဲ့ ကိုယ့်အိမ်တစ်ခုလုံး မီးလောင်သွားသလို ခံစားရမှာအသေအချာပါ။ ဒါကြောင့်
အမှတ်တမဲ့ အခြေအနေ မျိုးမှာ ကားအခိုးခံရမယ့်အန္တရာယ်မျိုးက လွတ်ကင်းနိုင်ဖို့ ကားစတီယာရင်ကို
လော့ခ်ချထားဖို့ လိုအပ်မှာဖြစ်ပါ တယ်။ ကိုယ့်ကားအခိုးခံရပြီဆိုရင်
ပြန်ရနိုင်ဖို့အခွင့်အလမ်းနည်းတာကြောင့် ဒီလိုနည်းနဲ့ ထိန်းသိမ်းထားတာ အကောင်းဆုံးပါပဲ။
ပါကင်လုပ်ဖို့ နေရာကောင်းရှာပါ
ညဘက် အိပ်ယာဝင်ခါနီး ဒါမှမဟုတ် အနားယူဖို့ကားရပ်နားစရာ
နေရာရှာတိုင်းမှာ လုံခြုံစိတ်ချရပြီး ပတ်ဝန်းကျင်က ကိုယ့်ကို အနှောင့်အယှက်မပြုနိုင်မယ့်နေရာမျိုးကို
ရွေးချယ်ထားတာအကောင်းဆုံး ဖြစ်ပါ လိမ့်မယ်။ အဖွဲ့အစည်းတစ်ခုခု အခြေချရာနေရာမျိုး ဒါမှမဟုတ်
လူစည်ကားတဲ့ ဈေးလိုနေရာမျိုးမှာ ကိုယ့်ကား ကို ပါကင်သွားမထိုးမိဖို့ လိုအပ်မှာဖြစ်ပါတယ်။
တကယ်လို့ အဲဒီလိုနေရာတွေမှာ သွားရပ်နားမိရင် ကိုယ့်အတွက်လည်း ကောင်းကောင်းအနားယူနိုင်မှာမဟုတ်သလို
ကိုယ့်အိမ်ထဲက ပစ္စည်းတွေတောင် အခိုးခံသွားရ နိုင်တာပါ။ ဒါကြောင့် အားလုံးအတွက် အဆင်ပြေစေဖို့
ပန်းခြံလိုအေးအေး ချမ်းချမ်းရှိမယ့် နေရာမျိုးကိုလည်း ရွေးချယ်တတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment