3D
ရုပ်ထွက်နဲ့ Game Play က အလွန်လိုက်ဖက်ညီတာကြောင့်
အခမဲ့ရနိုင်တဲ့ဒီဂိမ်းကို လက်မ လွှတ် သင့်ပါ…
Injustice:
Gods Amond Us ကို ယခင်က Batman: Arkham City Locked Down ဂိမ်းဖန်တီး သူ NetherRealm
Studio မှပြုလုပ်ကာ Warner Bros မှထုတ်လုပ်ပါတယ်။ ဒီဂိမ်းမှာ DC Cosmics ထဲမှ ဟီးရိုး
တွေနဲ့ ဗီလိန်တွေ အဓိကပါဝင်ပြီး Vs Fighting အမျိုးအစားပါ။ ဒါပေမဲ့ မို ဘိုင်းထိန်းချုပ်မှုစတိုင်နဲ့
ကိုက်ညီ အောင် ပြုပြင်ထားသလို တစ်ခါဆော့ဖို့အတွက် Energy ပြည့်တာကိုစောင့်ဆိုင်းရတဲ့
မိုဘိုင်း ပလက်ဖောင်းဂိမ်း တွေရဲ့ ဆိုးကျိုးလည်းပါဝင်လာပါတယ်။
ဆော့ကစားသူဟာ
ထိန်းချုပ်မှုစနစ်ကို နားလည်စေဖို့ ပထမဆုံး ကျူတိုရီရယ် Stage ဆော့ကစားရ မှာ ဖြစ်ပြီး
Control ကအလွန်လွယ်ကူပါတယ်။ Chars တွေကို ကြေး၊ ငွေ၊ ရွှေ၊ အဆင့်သုံးမျိုးခွဲခြားထားပြီး
HP/Damage ကွာခြားပါတယ်။ စစချင်း Bronze အဆင့် Chara သုံးကောင်ရမှာဖြစ်ကာ Level အနိမ့်ပိုင်း
ရန်သူတွေကို သုံးယောက်တစ်ဖွဲ့ဆီယှဉ်ပြိုင်ရမှာပါ။ မိမိရဲ့အသင်းမှာအနည်းဆုံး Chars
3 ကောင် ပါဝင်ရမှာဖြစ်ပြီး ရန်သူတွေကတော့ Stage အလိုက် Boss တစ်ယောက်တည်းပါဝင်တာမျိုးလည်းရှိပါတယ်။
Mini Boss အပါအ၀င် Bonus Stage ငယ်တွေလည်းပါဝင်ပြီး ၄င်းတို့က random enemy များနဲ့တိုက်ခိုက်
ရမှာဖြစ်ကာ မိမိဟီးရိုးကို Level တင်ဖို့သင့်တော်ပါတယ်။
Level တစ်ခုချင်းစီမှာ
Small Fight အများအပြား ပါဝင်ပြီး Stage Level တစ်ခုအောင်မြင်တာနဲ့ Bonus အနေနဲ့
Chars Card or Support Card များရရှိနိုင် ပါတယ်။ Injustice ဂိမ်းမှာဟီးရိုးတွေကို
Card အသွင်ပြောင်းထားပြီး တစ်ကယ် Fight ရတဲ့အချိန်မှ ဟီးရိုး အသွင်မြင်ရမှာပါ။ Chars
တစ်ဦးချင်းစီဝယ် ယ်နိုင်သလို Booster Pack 3 မျိုးလည်းရှိပါတယ်။
Park တစ်ခု ချင်းစီကို
Chars Card တစ်ခုအနည်းဆုံး ပါဝင်တာကြောင့် အခုမှစဆော့တဲ့သူတွေ အနေနဲ့ Chars တစ်ယောက ချင်း
ဝယ်ယူတာထက်စာရင် Booster Pack များကို ၀ယ်ယူခြင်းက ပိုကောင်း ပါတယ်။ နောက်ပိုင်း Level
တွေမှာ Bronze အဆင့် ဇာတ်ကောင်များနဲ့မနိုင်နိုင်တာကြောင့် အစောပိုင်း ရရှိတဲ့ ငွေကြေးနဲ့
Silver သို့မဟုတ် Gold ကိုစုပြီးဝယ် သင့်ပါတယ်။ Stage တစ်ခုမှာ Level 8 သို့မဟုတ် 7
ခုစီနဲ့ Level တစ်ခုချင်းစီမှာ Small Fight များပါဝင်တာကြောင့် ကစားရတာခဏလေးနဲ့ ငြီးငွေ့သွားမှာ မဟုတ်ပါဘူး။
3D ရုပ်ထွက်နဲ့ Game Play က အလွန်လိုက်ဖက်ညီတာကြောင့်
အခမဲ့ရနိုင်တဲ့ဒီဂိမ်းကို လက်မလွှတ်သင့်ပါ။
Injustice:God Among Us ကို iOS
5.0 နဲ့ Androd 4.2 အထက်မှာ ထည့်သွင်းဆော့ကစားနိုင်ပြီး အခမဲ့ရရှိနိုင်တဲ့ App ဖြစ်ပါတယ်။
ကောင်းမွန်တဲ့ Control ရုပ်ရှင်အလားအသက်ဝင်တဲ့ 3D Graphic တို့အပြင် အခမဲ့ရရှိနိုင်တာကြောင့်
မိုဘိုင်းပလက်ဖောင်းဂိမ်းချစ်သူများအနေနဲ့ ဆော့ကစားကြည့်သင့်တဲ့ ဂိမ်းကောင်း တစ်ခုပါ။
Banurka
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment