သံဓာတ်ချို့တဲ့ခြင်းကဘာဖြစ်စေသလဲ











သံဓာတ်ဆိုတာက နေ့စဉ်ခန္ဓာကိုယ်တွင်းဖြစ်စဉ်တွေမှာ လိုအပ်လှတဲ့သတ္တုဓာတ်တစ်မျိုးပါ။ သံဓာတ်က သွေးကြောလေးတွေအတွင်း အောက်ဆီဂျင်သယ်ဆောင်သွားရာမှာ ကူညီပေးတဲ့သွေးနီ ဥဆဲလ်လေးတွေ ထုတ်လုပ်မှုကို ကူညီပေးပါတယ်။ ဒါတင်မကပါဘူး အင်ဇိုင်းတွေရဲ့ လုပ်ဆောင်မှုတွေ ကိုလည်း ကူညီပေးပါတယ်။ ခန္ဓာကိုယ်တွင်း သင့်တင့်မျှတတဲ့သံဓာတ်ကိုထားရှိဖို့က အရေးကြီးပါတယ်။ ကမ္ဘာပေါ် မှာအများဆုံးချို့တဲ့ နေကြတာသံဓာတ်ပါ။ နာတာရှည်သွေးဆုံးရှုံး အာဟာရမမျှတခြင်း၊ ကိုယ်ဝန် မတင် ခြင်းတွေက အသက်ကို ဆုံးရှုံးစေပါတယ်။ အဲဒီတော့ ခန္ဓာကိုယ်တွင်းသံဓာတ် အားနည်း လာတဲ့အခါ ဘယ်လိုအခြေအနေမျိုးတွေ ခံစားရသလဲ။

ပင်ပန်းနွမ်းနယ်မယ်
သံဓာတ်ချို့တဲ့တဲ့အခါ မောပန်းပြီးနွမ်းနယ်စေပါတယ်။ သံဓာတ်က သွေးတွင်းအောက် ဆီဂျင်အ တွက် သယ်ဆောင်လာတဲ့ သွေးနီဥဆဲလ်လေးတွေကိုထုတ်လုပ်ပေးတာပါ။ ခန္ဓာကိုယ်တွင်းအောက် ဆီဂျင်နည်းပါး လာတဲ့အခါ ပင်ပန်းနွမ်းနယ်စေပါတော့တယ်။

မကြာခဏအသက်ရှူရပ်မယ်
သံဓာတ်ကနည်းတဲ့အတွက် အောက်ဆီဂျင်က ခန္ဓာကိုယ်အနှံ့မရောက်ရနိုင်တော့ပါဘူး။ ခန္ဓာကိုယ် တွင်းအောက်ဆီဂျင် ပမာဏနည်းလာတဲ့အခါ အသက်ရှူရတာ မကြာခဏပြတ်လာပါတော့တယ်။  ဒီအ သက်ရှူရပ်တာက ပုံမှန်အခြေအနေမျိုးမှာ မသိသာလှပေမယ့် လှေကားတက်တဲ့အခါ၊ လမ်းလျှောက်၊ အပြေးလေ့ကျင့်ခန်းလုပ်တဲ့အခါမျိုးမှာသိသာပါတယ်။ အသက်ရှူမကြာခဏရပ်သွားတတ်တဲ့အခြေအနေက သံဓာတ်ချို့တဲ့မှုအပေါ်မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။

အသားအရေဖြူလျော့မယ်
သံဓာတ်ချို့တဲ့တဲ့ သင်္ကေတတစ်ခုကတော့ အသားအရေဖျော့လာတာပါ။ သံဓာတ်နည်းပါးတဲ့အခါ သွေးနီဥထုတ်လုပ်ဖို့ မလုံလောက်တော့ပါဘူး။ သွေးနီဥမလုံလောက်တဲ့အခါ ခန္ဓာကိုယ်က အမြဲအနီရောင် မသန်းနိုင်တော့ဘဲ ဖျော့လာပါတော့တယ်။ သွေးနီဥနည်းပါးလေ အသားအရေက ပိုပြီးဖြူဖွေးလာလေပါ ဒီလက္ခဏာက အသားအရေဖြူတဲ့သူတွေမှာ ပိုပြီးသိသာထင်ရှားပါတယ်။ ဘယ်လောက်ပဲ အသားအရေ အရောင်မတူဘူးဆိုပေမယ့် သံဓာတ်အားနည်းလာတဲ့အခါမှာတော့ နှုတ်ခမ်း၊ မျက်ခမ်း၊ လက်/ခြေသည်းတွေက  ပန်းဆီရောင်ဖျော့လာပါတော့တယ်။

လက်သည်းတွေကျွတ်ဆတ်မယ်။
လက်/ခြေသည်းတွေ အရောင်ဖျော့ပြီး ကျွတ်ဆတ်တာကလည်း သံဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာပါ။ လက်သည်းတွေကို ကျိုးပဲ့ထွက်ရုံသာမက ပုံသဏ္ဍာန်ပါ ပျက်ယွင်းလာပါတော့တယ်။ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်ကို လုံလောက်မျှတစွာ မရတာကလည်း ဒီလက်/ခြေသည်းလေးတွေရဲ့ ရှင်သန်မှုကို ထိခိုက်စေပါတယ်။

ဆံပင်ကျွတ်မယ်
ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းတွေက အများကြီးပါပဲ။ အဲဒီအထဲမှာ သံဓာတ်ချို့တဲ့တာကလည်း တစ်ခုအပါအဝင်ပါ။ သံဓာတ်အားနည်းတဲ့အတွက် သွေးနီဥဆဲလ်လေးတွေကလည်း အောက်ဆီဂျင်သယ်ယူနိုင် စွမ်း နည်းစေပါတယ်။ အောက်ဆီဂျင်က ခန္ဓာကိုယ်တွင်း နေရာအနှံ့မရောက်တဲ့အခါ ဆံသားလေးတွေ ရှင်သန် ပြီးကြီးထွားမှုကို ထိခိုက်လာပါတော့တယ်။

အအေးဒဏ်မခံနိုင်ဖြစ်မယ်
သာမာန်ရာသီဥတုမှာတောင် အအေးဒဏ်လေးကိုမခံနိုင်တာကလည်း သံဓာတ်ချို့တဲ့ခြင်းရဲ့လက္ခဏာ ပါ။ သံဓာတ်က သွေးနီဥဆဲလ်လေးတွေ ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင် သယ်ယူပို့ဆောင်မှုကို ကူညီပေးပါတယ်။ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်က ပုံမှန်လည်ပတ်နေတဲ့အခါ  ပူနွေးလာပါတယ်။ သံဓာတ်အလုံအလောက်မရှိရင်တော့ သွေးနီဥဆဲလ်လေးတွေက အောက်ဆီဂျင်ကို မပို့ဆောင်ပေး နိုင်တော့ပါဘူး။ အဲဒါကြောင့် ခန္ဓာကိုယ်ကအေးလာပြီး အအေးဒဏ်လေးကို ခံနိုင်ရည်မရှိ ဖြစ်လာပါ တော့တယ်။

မကြာခဏခေါင်းကိုက်မယ
သံဓာတ်ချို့တဲ့ခြင်းကြောင့် ဦးနှောက်အတွင်းအောက်ဆီဂျင် လုံလောက်စွာမရနိုင်တော့ပါဘူး။ ဒါကြောင့် ဦးနှောက်အတွင်း သွေးကြောလေးတွေ ပုံမှန်အလုပ်မလုပ်နိုင်တော့ဘဲ ခေါင်းကိုက်လာပါတော့တယ်။ ဒီလိုခေါင်းကိုက်ခြင်းမျိုးက အာရုံစူးစိုက်မှုခက်ခဲစေသလို လွယ်လွယ်ကူကူအနားယူလို့လည်း အဆင်မပြေပါဘူး။

စိတ်ဓါတ်ကျမယ်
စိတ်ကျဝေဒနာနဲ့ သံဓာတ်ချို့တဲ့ခြင်းကဆက်စပ်မှုရှိပါတယ်။ ဦးနှောက်အတွင်း အောက်ဆီဂျင်လုံ လောက်စွာမရတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေက အားနည်းလာပါတယ်။ စိတ်ကျ ဝေဒနာက သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်နိုင်သလို အာဟာရမမျှတခြင်း၊ မောပန်းနွမ်းနယ်ခြင်းတွေ ကြောင့်လည်းဖြစ်နိုင်ပါတယ်။

ရန်နိုင
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment