သန်းဆိုတဲ့အကောင်က
တိရိစ္ဆာန်လေးတွေကိုတိုက်ခိုက်တဲ့ သေးငယ်ပြီးယားယံစေတဲ့ သတ္တ ၀ါလေး တွေပါ။ တိရိစ္ဆာန်လေးတွေမှာ
သန်းရှိတဲ့အခါ လူကိုလည်းကူးစက်နိုင်စွမ်းများပါတယ်။ သန်း ကိုက်တဲ့အခါ သေးငယ်တဲ့ အနီရောင်အဖုလေးတွေနဲ့ယားယံပြီး
နာကျင်ရပါတယ်။ သန်းက ခါး၊ လက်မောင်း၊ ဒူးခေါင်း၊ တံတောင် ဆစ်တို့လို လူသတိမထားမိတဲ့နေရာတွေကို
ရွေးကိုက်လေ့ရှိပါတယ်။ အဲဒီတော့ သန်းကိုက်တဲ့ဒဏ်ရာကို ဘယ်လို ကုသကြမလဲ။
ရေခဲကပ်ပေး
ဒဏ်ရာပေါ်ရေခဲကပ်ပေးတာက ယားယံတာသက်သာသွားစေပါလိမ့်မယ်။
လူရော တိရိစ္ဆာန် လေးတွေ ကိုပါလုပ်ပေးလို့ရပါတယ်။ ရေခဲက သွေးကြောမျှင်လေးတွေကို ထုံကျဉ်သွားစေပြီး
ယားယံတဲ့ ခံစားချက်ကို သက်သာသွားစေပါတယ်။ အရေပြားနီရဲတာကိုလည်း သက်သာစေပါတယ်။
မုန့်ဖုတ်ဆိုဒါ
လူနဲ့တိရိစ္ဆာန်တွေ သန်းကိုက်ဒဏ်ရာကိုသက်သာစေဖို့
မုန့်ဖုတ်ဆိုဒါကိုလည်း သုံးပေးနိုင်ပါတယ်။ သဘာဝအတိုင်း အက်ဆစ်ကို ဓာတ်ပြယ်စေနိုင်စွမ်းရှိတာကြောင့်
ယားယံခြင်းကို သိသိသာသာ သက်သာ သွား စေပါလိမ့်မယ်။ နာကျဉ်ရောင်ရမ်းခြင်းနဲ့ ကူးစက်ရောဂါတွေကိုလည်း
သက်သာစေပါလိမ့်မယ်။
ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ကလည်း သန်းကိုက်ဒဏ်ရာသက်သာစေဖို့
အကောင်းဆုံးပါ။ ရောင်ရမ်းခြင်း ကို လျော့ကျစေပြီး ဒဏ်ရာတစ်ဝိုက်ယားယံခြင်းတွေကို သက်သာစေပါလိမ့်မယ်။
သူ့မှာပါဝင်တဲ့ acetic acid က ကူးစက်ရောဂါတွေကို ကာကွယ်ပေးပါလိမ့်မယ်။
ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်အတွင်းသား ဂျယ်လီက
သန်းကိုက်ဒဏ်ရာတွေ သက်သာစေတဲ့ ဆေးဝါးတစ်ခု ပါ။ ရောင်ရမ်းခြင်းနဲ့ပိုးမွှားများကို သေစေတဲ့ဂုဏ်သတ္တိက
ယားယံခြင်း၊ သန်းကိုက်ခြင်းကြောင့် ရောင် ရမ်းခြင်းတွေကို လျော့ကျစေပါတယ်။
သစ်အယ်သီး
သစ်အယ်သီးကလည်း သန်းကိုက်ဒဏ်ရာကို ကုသနိုင်တဲ့ဆေးတစ်လက်ပါ။
ယားယံခြင်းကို သက်သာ စေပြီး ရောင်ကိုင်းလာတာကို လျော့ကျစေပါတယ်။ သစ်အယ်သီးအဆီထဲမှာ ဂွမ်းစလေးနှစ်ပြီး
ဒဏ်ရာပေါ်မှာ (၁၀) မိနစ်ခန့်လိမ်းထားပေးပါ။
စားပွဲတင်ဆား
စားပွဲတင်ဆားကလည်း အရေပြားရောဂါအမျိုးမျိုးကို
သက်သာပျောက်ကင်းစေပါတယ်။ သန်းကိုက် ထားတဲ့ဒဏ်ရာတွေများနေတဲ့အခါ စားပွဲတင်ဆားနဲ့ရေကို
ရောစပ်ပြီးရေချိုးလိုက်ပါ။ ဒဏ်ရာတွေကိုဆေးပြီး ခြောက်သွေ့သန့်ရှင်းသွားစေပါလိမ့်မယ်။
ကွေကာအုပ်
ကွေကာအုပ်ကလည်း သန်းကိုက်ဒဏ်ရာတွေကို
သက်သာစေပါလိမ့်မယ်။ ကွေကာအုတ်၊ ဒိန်ချဉ်၊ ပျားရည်ရောစပ်ပြီး သန်းကိုက်ဒဏ်ရာပေါ်မှာလိမ်းထားပေးပါ။
၁၅ မိနစ်ခန့်ထားပြီး ရေခပ်နွေးနွေးလေး နဲ့ဆေးချ လိုက်ပါ။
သံပုရာ
သံပုရာမှာပါဝင်တဲ့
သဘာဝအတိုင်းပိုးမွှားတွေကို သေစေနိုင်စွမ်းက သန်းကိုက်ဒဏ်ရာကို ခြောက်သွေ့
သွားပြီး ယားယံတာကို သက်သာသွားစေပါလိမ့်မယ်။
လက်ဖက်စိမ်း
လက်ဖက်စိမ်းကလည်း အရေပြားယားယံခြင်းကို
သက်သာစေပြီး ပိုးမွှားတွေကိုသေစေပါတယ်။ လက်ဖက်စိမ်းအရည်နဲ့ သန်းကိုက်ထားတဲ့ဒဏ်ရာကို
မကြာခဏလိမ်းပေးပါ။ ပိုတဲ့အရည်ကို ရေခဲသေတ္တာ ထဲမှာသိမ်းပေးထားနိုင်ပါတယ်။
အိမ်သန့်ရှင်းရေး ပုံမှန်လုပ်ပေးပါ။
တိရိစ္ဆာန်လေးတွေကို သန့်ရှင်းရေးလုပ်ပေးပါ။
ယားယံတဲ့အခါ ကုတ်မယ့်အစား အရေပြားလိမ်းဆေးလိမ်းပေးပါ။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment