ကညွတ်နဲ့ကျန်းမာရေး



ကညွတ်ကတော့ ကြော်၊ ချက်၊ ပေါင်း နည်းမျိုးစုံနဲ့ လူတိုင်းနီးပါး စားသုံးကြတဲ့ အသီးအရွက်တစ်မျိုးပါ။ စားရုံတင်အရသာရှိတာ မဟုတ်ပါဘူး။ ကျန်းမာရေးအကျိုးပြုတဲ့ဓာတ်တွေ အများကြီးပါဝင်နေပါတယ်။ ကညွတ်မှာ ဗီတာမင် A, B1, B2, B3, B6, C နဲ့ K တို့အပြင် သံဓာတ်၊ ဖောလစ်အက်ဆစ်၊ ကယ်လ်ဆီယံ၊ ပိုတက်ဆီယမ်၊ ဇင့်၊ အဂ္ဂနီဆီယမ်၊ မဂ္ဂနီစ်၊ အမိုင်နိုအက်ဆစ်တွေပါ ပါဝင်ကြပါတယ်။ ဒါတင် မကပါဘူး။ ကျန်းမာရေးအတွက် အမျှင်ဓာတ်၊ ကာဘိုဟိုက်ဒရိုက်၊ ပရိုတိန်းနဲ့ အဆီတွေလည်း ပါဝင်ပါတယ်။ ကယ်လိုရီ၊ ဆိုဒီယမ်ပါဝင်မှုနည်းပြီး ရေဓာတ်ပါဝင်နှုန်း များပါတယ်။ ကျန်းမာရေးပိုင်းကကြည့်မယ်ဆိုရင် ရောင်ရမ်း ခြင်းတွေကို သက်သာစေပြီး ဆီးအနံ့အသက်ကင်းစေပါတယ်။

ကင်ဆာရောဂါကာကွယ်ပေးတယ်
အင်တီအောက်ဆီဒင်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင်ကညွတ်ဟာ ကာဆီနိုဂျင်နဲ့ ခန္ဓာကိုယ်အတွင်းက free radical တွေကို ပြိုကွဲစေပါတယ်။ ဒါက အရိုး၊ ရင်သား၊ အူမကြီး၊ အဆုပ်ကင်ဆာတို့လို ကင်ဆာရောဂါ ကြီးကြီးမားမား တွေကို လျှော့ချပြီးဖြစ်စေပါတယ်။ Glutathione ပါဝင်တဲ့အတွက် caranogens တွေကို ဖျက်ဆီးပေးပါတယ်။

အစာကြေစေတယ်
ကညွတ်မှာပါဝင်တဲ့ အမျှင်ဓာတ်တွေက အူလမ်းကြောင်း အစာခြေစနစ်တွေကို ကောင်းမွန်စေပြီး အစာချေ ဖျက်ခြင်းကို ကူညီပေးပါတယ်။ ဒါတင်မကပါဘူး။ ခန္ခာကိုယ်အကျိုးပြု ဘတ်တီးရီးယားလေးတွေကို ကောင်းမွန်စွာရှင်သန်စေပြီး အစာခြေစနစ်နဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ကို အထောက်အပံ့ပေးပါတယ်။ ရေဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။

အရိုးများကိုကျန်းမာစေတယ်

ဗီတာမင် K ပါဝင်တဲ့ကညွတ်က အရိုးကျန်းမာရေးမှာလည်း အထောက်အကူပြုပါတယ်။ နေ့စဉ်လှုပ်ရှားမှု တွေကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့၊ ပျက်ဆီးနေတဲ့အရိုးတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ သံဓာတ်မြင့်မားစွာ ပါဝင်တဲ့အတွက်လည်း အရိုး၊ အဆစ်တွေကို သန်မာစေပါတယ်။

နှလုံးကျန်းမာစေတယ်

အင်တီအောက်ဆီဒင့်နဲ့ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိပါဝင်တဲ့ကညွတ်က နှလုံးကျန်းမာရေး အတွက်လည်း အထောက်အကူပြုပါတယ်။ သူ့မှာပါဝင်တဲ့ ဗီတာမင် ဘီ က နှလုံးကြွက်သားကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။ ဗီတာမင် K ကတော့ နှလုံးနဲ့ဆက်စပ်နေတဲ့သွေးကြောတွေကို ကျန်းမာစေပြီး သွေးခဲခြင်းမဖြစ်အောင် ကူညီပေးပါတယ်။

မှတ်ဉာဏ်ကောင်းစေတယ်
ဗီတာမင် B12 နဲ့ Folate ပါဝင်တဲ့ကညွတ်က ဦးနှောက်မှတ်ဉာဏ်အားကိုလည်း ပိုပြီးတိုးစေပါတယ်။ ကညွတ် ကို ပုံမှန်စားပေးနိုင်မယ်ဆိုရင် အယ်ဇိုင်းမားလိုရောဂါမျိုးတောင် ကာကွယ်ပေးနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတယ်

ကညွတ်က သွေးတွင်းသကြားဓာတ်ကိုထိန်းပေးတဲ့အတွက် ဆီးချိုသမားများစားသုံးသင့်တဲ့ အစာတစ်ခုလည်း ဖြစ်ပါတယ်။ ကညွတ်မှာပါဝင်တဲ့ဗီတာမင်က ခန္ဓာကိုယ်တွင်း အင်ဆူလင်ထုတ်လုပ်မှုကို တိုးပွားစေပါတယ်။

အမြင်အာရုံကောင်းစေတယ်
ကညွတ်က မျက်လုံးကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ သူ့မှာပါဝင်တဲ့ ဗီတာမင် A က အမြင်အာရုံကောင်းမွန်စေဖို့ အထောက်အပံ့ပေးပါတယ်။ zeaxanthin က မျက်ဝန်းကို နေရောင်ခြည် မကြာခဏ ထိတွေ့ခြင်းကြောင့် ပျက်စီးခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးတယ်
ဗီတာမင်အီး ပါဝင်တဲ့ ကညွတ်က မျက်နှာနဲ့ ခန္ဓာကိုယ်အရေပြားက အရေးအကြောင်းတွေ၊ အစက်အပြောက် တွေကို လျော့ပါးစေပြီး ဇရာကိုလည်း ကာကွယ်ပေးပြီးသားဖြစ်စေပါတယ်။

ရန်နိုင်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment