ဖိလစ်ပိုင်မင်းသမီး၊ ကြော်ငြာမော်ဒယ်၊ တေးသီချင်းထုတ်လုပ်သူ ကက်ထရီနာ ဟာလီလီ









ဒီတစ်ပတ် Audience’s Choice ကဏ္ဍအတွက်ရွေးချယ်ထားတာကတော့ ဖိလစ်ပိုင်မင်းသမီး၊ ကြော်ငြာ မော်ဒယ်၊ တေးသီချင်းထုတ်လုပ်သူ ကက်ထရီနာ ဟာလီလီပါ။ Star Struck နဲ့ ပွဲဦးထွက်ခဲ့ပြီး Darna, Majika, MairMar နဲ့ Destiny Rose, One Night Only, Gagambino စတဲ့ဇာတ်ကားတွေနဲ့ နာမည်ကြီး လူကြိုက်များ လာသူပါ။  

ဟာလီလီက Star Struk ကနေ အနုပညာခြေလှမ်းအစပြုခဲ့ပြီး FHM နဲ့ Maxim Philippnes စတဲ့ ထိပ်တန်းမဂ္ဂဇင်းတွေမှာ အကြိမ်ပေါင်းများစွာမျက်နှာဖုံးရှင်အဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်၊ ၂၀၀၇ ခုနှစ်မှာ FHM Philippiness ရဲ့Sexiest Woman of The Year ဆုနှစ်နှစ်ဆက်တိုက်ရရှိခဲ့ပါတယ်။ FHM Philippines မဂ္ဂဇင်းမှာဆိုရင် ၄ ကြိမ်ဆက်တိုက် မျက်နှာဖုံးရှင်အနေနဲ့ပါဝင်ခွင့်ရခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ မာရီရန် ပြီးရင် မဲပေါင်း ၁၂၃၀၀၀မဲနဲ့ FHM မှာဒုတိယအကြိမ်ရွေးချယ်ခံရပြန်ပါတယ်။ 

၂၀၀၉ ခုနှစ်မေလက ဟာလီလီနဲ့ Dr.Heyden တို့ရဲ့လိင်ပိုင်းဆိုင်ရာဗီဒီယိုက အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပါ တယ်။ ဒီကိစ္စအတွက်ဟာလီလီက နှစ်ရှည်တရားရင်ဆိုင်ခဲ့ပြီး ကြော်ငြာရိုက်ကူးရေးအခွင့်အလမ်းတွေ ပိတ်ဆို့ ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ၂၀၀၉ ခုနှစ်မှာ FHM ရဲ့ ၁၀၀ Sexiest Woman စာရင်းမှာ နံပါတ် ၇ နေရာ၊ ၂၀၁၀ ခုနှစ်မှာ နံပါတ် ၆ နေရာ၊ ၂၀၁၂ မှာ နံပါတ် ၁၆၊ ၂၀၁၃ မှာ နံပါတ် ၂၇၊ ၂၀၁၄ မှာ နံပါတ် ၃၁၊ ၂၀၁၅ မှာ နံပါတ် ၁၅ နှစ်စဉ်မပျက်မကွက်သတ်မှတ်ခံရတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ တစ်ဦးတည်းသော မင်းသမီးဖြစ်ပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment