Natural ကျတာ မျိုးလေးဖြစ်စေချင်တယ်။ ................ ခင်ရတနာသိန်းမြင့်











Miss Workd က မိတ်ကပ်လိမ်းတာသိပ်မကြိုက်ဘူး။ အဓိက ကိုယ်ကသဘာဝကျတာပဲလိုချင်တယ်။ မျက်တောင်တုတွေ ဆိုလည်း Havy ကြီးမဟုတ်ပဲ Natural ကျတာ မျိုးလေးဖြစ်စေချင်တယ်။
ခင်ရတနာသိန်းမြင့်

လတ်တလောအနုပညာလှုပ်ရှားမှု
လတ်တလောကတော့ Show ပွဲလျှောက်တာနဲ့ Fashion Show တွေလျှောက်တယ်။ ဓာတ်ပုံ တွေရိုက်တယ်။ အဲဒီလောက်ပါပဲ။ 

Mis Workd ပြိုင်ပွဲအတွေ့အကြုံလေးမျှဝေပေးပါဦး။
တစ်လလုံးဆိုတော့ အတွေ့ကြုံတွေအများကြီးရခဲ့တယ်။ အဓိကကတော့ နိုင်ငံတကာကအလှမယ် တွေတစ်နေရာတည်းမှာဆုံကြတယ်။ အနုပညာအလုပ်တွေဆိုလည်း ပိုပြီးအမြင်ကျယ်လာကြတယ်။ သူတို့ အနု ပညာတွေ ဘယ်လိုလုပ်ကြတယ်။ နောက်ပြီး Miss တစ်ယောက်အနေနဲ့ တခြားနိုင်ငံက Miss တွေအကြောင်း လေ့လာခွင့်ရခဲ့တယ်။ 

Miss Worls မှာ ရွေးချယ်ပြီးယှဉ်ပြိုင်ဖြစ်ခဲ့တာက…
ဒီ Miss World မှာက Beauty with a Purpose  ဆိုတဲ့ခေါင်းစဉ်တစ်ခုရှိတယ်။ အလှအပနဲ့ မပြီးဘူး။ စိတ်ထားလည်းလှရမယ်။ ကိုယ့်ရဲ့အလှအပဆိုရင်အပြင် အများပြည်သူတွေအတွက် ကောင်းကျိုးပြုရ မယ်ဆိုတဲ့ရည်ရွယ်ချက်ပါ။  နောက်မြန်မာပြည်မှာဆို Miss Myanmar World Organization က အရမ်း ခိုင်မာတဲ့အတွက်ကြောင့် ရွေးပြီးပြိုင်ဖြစ်တာပါ။ 

Miss World မပြိုင်ခင်ကရော…
Miss Myanmar International 2014 မှာ ပြိုင်ဖူးပါတယ်။ အဲတုန်းကလည်းပထမဆုံးပြိုင်တာ သူ့အရှေ့မှာလည်း ဘာမှမလုပ်ခဲ့ဖူးဘူး။ မန္တလေးမှာတုန်းက Tourist guide လုပ်တာလေ။ Tourism နဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်းကလူတွေခေါ်တယ်ဆိုတော့ သွားပြိုင်ဖြစ်တာပါ။ မန္တလေးမှာ တီချယ်တင် မိုးလွင် က ဖွင့်တဲ့သင်တန်း တစ်ခါတက်ဖူးပါတယ်။ 

Miss World ကနေ ဘာသင်ခန်းစာတွေရခဲ့လဲ။
သင်ခန်းစာတွေကတော့ အများကြီးပဲ။ ဟိုမှာဆိုကိုယ့်ဘာကိုသွားရတာ။ ပထမဆုံးအကြိမ် တစ်ယောက် တည်းခရီးသွားတာဆိုတော့ အခန်းဖော်က Miss Thailand နဲ့အတူနေရတာ။ သူ့ဆီကနေသူ့ရဲ့ အနေအထိုင် လေးတွေ၊ ကောင်းတာလေးတွေလည်း မှတ်ထားမိတယ်။ 

Miss Myanmar World 2016 အတွက်ရော sharing လုပ်ပေးချင်မလဲ။ 
ဒီနှစ်ဆို ပရိသတ်တွေကျေနပ်အောင်ဆုကြီးတွေ Title တွေမှာ မပါနိုင်ခဲ့ဘူး။ အဲဒီအတွက် စိတ်       မကောင်းဘူးပေါ့။ နောက်နှစ်ပြိုင်မယ့် Miss World အတွက် တတ်နိုင်သလောက် အတွေ့ အကြုံတွေ Share ပြီး တတ်နိုင်သလောက် Training ပေးတဲ့သဘောမျိုး သေချာလုပ်သွားမှာပါ။ 

ဘာတွေဆက်လုပ်ဖို့ရှိလဲ။
အနုပညာနဲ့ ပတ်သက်ရင် Show လျှောက်တာတွေရယ်၊ ပွဲတက်ရုံလောက်ပဲ။ ပြီးတော့ ကျွန်တော် က ဓာတ်ပုံရိုက်တာ ၀ါသနာပါတဲ့အတွက် Photo Model ကမ်းလှမ်းလာရင်လက်ခံမှာပါ။ ပြီးတော့ အခု Organiza -tion နဲ့ ညှိနေတာ။ ခရီးသွား Program Documentary လေးတစ်ခုပြောတော့ ပြော ထားတယ်။ မသေချာ သေးဘူး။ 

Miss World 2015 က ပွဲကျပ်သွားတယ်လို့ပြောလို့ရတယ်နော်။ တခြားပြိုင်ပွဲတွေကလည်း လူကြိုက်များတယ် ဆိုတော့ အဲဒါနဲ့ပတ်သက်ပြီး ခံစားချက်လေးပြောပြပေးပါဦး။
အဲဒါက တရုတ်မှာသွားနေရမှာ သူတို့က Facebook ပိတ်ထားတယ်။ အဲဒါကြောင့်အဆင်မပြေဘူး။ VPN app လေး Downlad ဆွဲပြီးသုံးတယ်။ အဲဒီအချိန်မှာ ပရိသတ်နဲ့အရမ်းအဆက်အသွယ်ပျက် သွားခဲ့တာပေါ့နော်။ လှုပ်ရှားမှုတွေကို နေ့တိုင်းမတင်နိုင်ခဲ့ဘူး။ Miss Myanmar World Orgnization Page  တော့ရှိတယ်။ ဒါပေမဲ့ ပရိသတ်ကျတော့ ခင်ရတနာမြင့်သိန်းကိုပဲ စောင့်ကြည့်နေတယ်ဆိုတော့ နည်းနည်း အဆက်အသွယ်ပျက်သွားတယ်လို့ပဲ ထင်ပါတယ်။ ဟိုမှာလည်း Facebook သုံးမရတာရယ် ဒီမှာပရိသတ်က Facebook ပဲစောင့်ကြည့်နေကြတာဆိုတော့ နည်းနည်းအဆက်ပြတ်သလိုဖြစ်သွား တာပေါ့။

ပရဟိတအနေနဲ့ဘာတွေ လုပ်သွားမလဲ…
Beauty with a Purpose ဆိုတဲ့ Miss World ရဲ့ခေါင်းစဉ်အတိုင်း ပရိဟိတတွေအများကြီး လုပ်သွားမှာပါ။ နောက်တက်လာမယ့် Miss တွေကို အဲမှာ Project နဲ့ ပြိုင်ရတာရှိတယ်။ အဲဒီပြိုင်ပွဲအ တွက်လည်း သူ့အတွက် ဘယ်လိုပရဟိတအသင်းတွေထူထောင်သင့်တယ်။ လုပ်သင့်တယ်ဆိုတာတွေ ကို အကြံဉာဏ်ပေးသွားမှာပါ။  

Miss World ပြိုင်ပွဲရဲ့ထူးခြားချက်ကိုပြောပြပါဆိုရင်…
ကျွန်တော်တို့ Miss World က မိတ်ကပ်လိမ်းတာ သိပ်မကြိုက်ဘူး။ အဓိက သဘာဝကျတာပဲ လိုချင်တယ်။ မျက်တောင်တုတွေဆိုလည်း Havy ကြီးမဟုတ်ပဲ Natural ကျတာမျိုးလေးတပ်စေချင်တယ်။ အဲဒီတော့ ကျွန်တော်က Miss World နဲ့အဆင်ပြေတယ်။ အလှအပထက်အရေးကြီးတဲ့ Sport တွေ၊ နောက် Talent  ပြိုင်ပွဲတွေများတယ်။ အဲဒီမှာသူက မိတ်ကပ်ဘယ်လောက်လိမ်းလဲမကြည့်ဘူး။ သူ့ရဲ့အရည်အချင်းကို အဓိကကြည့် တာပေါ့နော်။

အနုပညာကအရင်ကတည်းက ၀ါသနာပါတာလား။
ကျွန်တော်ကအနုပညာထက် မြန်မာပြည်ကိုယ်စားပြုအလှမယ်တစ်ယောက်ဖြစ်ချင်ခဲ့တာ။ တခြားပြိုင် ပွဲတွေမပြိုင်ဘူး။ Miss World ကိုပြိုင်တာပါ။ 

Media ဆိုတာအနုပညာရှင်တွေအတွက် ဘယ်လောက်အရေးကြီးတယ်လို့ ခံယူထားလဲ။
Media က ပရိသတ်နဲ့ အနုပညာရှင်ကို ဆက်စပ်ပေးနေတာပါ။ ကိုယ်ကဘယ်လောက်တက်နေနေ Media က ပရိသတ်နဲ့အနုပညာရှင်ကို ဆက်စပ်ပေးနေတာပါ။ ကိုယ်က ဘယ်လောက်တက်နေနေ Media တွေကမပံ့ပိုးပေးနိုင်ရင် အောင်မြင်မှုဆိုတာမရနိုင်ပါဘူး။ ပရိသတ်နဲ့လည်းမထိတွေ့နိုင်ဘူး။ အဲဒါကြောင့် မီဒီယာကအရမ်း အရေးကြီးပါတယ်။ 

Pronted, Broadcasting, Online မီဒီယာ ဘယ်ဟာကပိုပြီး ပရိသတ်တွေနဲ့ထိတွေ့ပေးနိုင် သလဲ။
လတ်တလောဆိုရင်တော့ Facebook ပေါ့နော်။ အင်တာနက်တွေကလည်း တိုးတက်လာပြီ ဆိုတော့ တော်တော်များများ Facebook သုံးလာနိုင်တယ်။ အဲဒါကြောင့် Facebook က မီဒီယာတွေ ထဲမှာတော့ သတင်းပျံ့နှံ့မှု အမြန်ဆုံးလို့ထင်ပါတယ်။ ဒါပေမဲ့ တချို့သတင်းတွေက ယုံကြည်ရလောက်တဲ့ အရင်းအမြစ် မရှိဘူး။ လူတွေ share ကြတယ်။ မှန်၊ မမှန်ဆိုတာ မသိရတဲ့အတွက် လေ့လာသိ ထားသင့်ပါ တယ်။ 

ကိုယ့်အနေနဲ့ဆိုရင်ကော ဘာကိုပိုပြီးကြိုက်သလဲ။
ကျွန်တော့်အနေနဲ့ဆိုရင် Media တွေအကုန်လုံးက ပရိသတ်တွေနဲ့အနုပညာရှင်တွေကို ထိစပ်ပေးနေရတာမို့ အကုန်လုံးက ကောင်းတယ်လို့ပြောချင်ပါတယ်။ MRTV-4 နဲ့ အလုပ်တွဲလုပ်နေတာ ဆိုတော့ သူတို့ ဆိုလည်း ကြည့်တဲ့သူတွေ အရမ်းများတယ်လေ။ နယ်တွေကျတော့ အများအားဖြင့် Free to Channel တွေကို အားကိုးနေတာဆိုတော့ broadcasting က ပိုအဆင်ပြေပါတယ်။ 

Professional ဆိုတဲ့စကားလုံးကိုရော ဘယ်လိုမြင်မိပါသလဲ။
ကျွန်တော့်အနေနဲ့ကတော့ Professional ကျကျ အလုပ်လုပ်တယ်ဆိုတာ ကိုယ့်အလုပ်ကိုလုံးဝ တက်မြောက်ရမယ်။ ပိုင်နိုင်ရမယ်။ ဒီအလုပ်ကိုလေးစားရမယ်။ အခကြေးငွေယူတဲ့ ကိစ္စတွေလည်း ရှိလာ မယ်။ အဲဒီအခါကျတော့ အလုပ်ကိုတန်ဖိုးထားပြီး တာဝန်ကျေအောင် လုပ်နိုင်တယ်ဆိုရင်တော့ Professional တစ်ယောက်ဖြစ်လာမှပါ။ 

Shape Journal တစ်ဆင့်စကားလက်ဆောင်
          Shape ဂျာနယ်ကနေ ကျွန်တော့်ကိုအားပေးတဲ့ ပရိသတ်တွေကို အရမ်းကျေးဇူးတင်ပါတယ်လို့။ သူတို့ အားပေးတာတွေက တကယ့်ကိုခွန်အားဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment