အချစ်ဆိုတာ
ဥယျာဉ်တစ်ခုလိုပါပဲ…. ပြုစုဂရုစိုက်မယ်ဆိုရင်
လှပဝေဆာလာမယ်။ ဂရုမစိုက် ပစ်ထားပြီး အခွင့်အရေးယူမယ်ဆိုရင်တော့ ခြောက်သွေ့ပြီးသေဆုံးသွားပါလိမ့်မယ်။
ဥယျာဉ်နဲ့တူတဲ့ အချစ်ကပိုပြီးလှပ ဖို့ပိုပြီးဝေဆာဖို့ ကြိုးစားအားထုတ်မှုတွေလိုအပ်ပါတယ်။
ဒါမှ ထာဝရတည်မြဲနိုင် မှာမဟုတ်ပါလား။
တစ်ယောက်နဲ့တစ်ယောက်အချိန်ပေး
ဘယ်လောက်အလုပ်တွေများပြီး ပင်ပန်းနေပါစေ။
ချစ်သူအတွက် ခဏလောက်ဖြစ်ဖြစ် အချိန်လေး ပေးပါ။ တစ်နေ့တာဘာတွေလုပ်ခဲ့တယ်၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ
စိတ်ဝင်တစားနားထောင်မဲ့ ပြောမဲ့ အချိန် လေးပေါ့။
ညှိနှိုင်းတတ်ပါစေ
နောက်ပြီးတစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းတတ်ဖို့လည်းလိုပါတယ်။
အားလုံးကိုအချိန်တိုင်းမှာ သဘောတူကြည်ဖြူနေနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သဘောမတူ
မကြည်ဖြူစရာလေးတွေကို ကြိုပြီး ညှိနှိုင်းထားရင် မကောင်းဘူးလား။
ရိုးသားပွင့်လင်းပါ
ချစ်သူအတွက် အမြဲတမ်းရိုးသားပွင့်လင်းပါ။
ကိုယ့်ချစ်သူကို ကိုယ်မှမယုံရင် ဘယ်သူယုံပါ့မလဲ။ တစ်ယောက်နဲ့တစ်ယောက် ရိုးသားပွင့်လင်းခြင်းက
ရေရှည်ဆက်ဆံရေးအတွက် ဆုလာဒ်တစ်ခုပါ။
ကတိတည်ပါ
ဘယ်လောက်ပဲ အရေးကြီးတာတွေပေါ်လာပါစေ။
သူ့အပေါ်ကတိသစ္စာတည်မြဲဖို့ အရေးကြီးပါ တယ်။ ဆက်ဆံရေးတစ်ခုခိုင်မြဲဖို့ သံသယကင်းပြီး ယုံကြည်ချင်စရာကောင်းနေဖို့လိုပါတယ်။
အချစ်တွေကိုဖော်ပြ
လူတိုင်းမှာ မလုံခြုံမှုကိုယ်စီတော့ရှိကြပါတယ်။
အဲဒါကြောင့် တစ်စုံတစ်ယောက်ကိုယ့်ကိုယ်ချစ်ခင် တယ်ဆိုတာ အမြဲတမ်းသတိပေးနေဖို့လိုပါတယ်။
တစ်နည်းပြောရရင် နေ့စဉ်နေ့တိုင်း ချစ်သူများနေ့ဆိုတာ မျိုးပေါ့။
ပဋိက္ခတွေကနေလေ့လာ
တစ်ဘ၀လုံးရည်ရွယ်သူတွေက ပဋိက္ခတွေကရှောင်ပြေးဖို့ထက်
အဖြေရှာဖို့ကြိုးစားကြပါတယ်။ ပဋိက္ခ တိုင်းကို အတွေ့အကြုံတစ်ခုအနေနဲ့ ပြန်သုံးသပ်ပါ။
ချစ်တာတွေပိုချစ်၊ မချစ်တာတွေချစ်တတ်ဖို့ကြိုးစား
ကိုယ့်ချစ်သူကို ဘယ်အရာတွေက ပိုပြီးချစ်ဖို့ကောင်းစေသလဲဆိုတာ
စကားလုံးပါ။ ဒါပေမဲ့ အတည်မြဲ အခိုင်ခံ့ဆုံးအချစ်တွေဆိုတာ နှစ်ဦးသားရဲ့ထူးခြားမှုတွေ၊
တစ်ဦးချင်းစီရဲ့စိတ်ဝင်စားမှု၊ ရည်မှန်း ချက်ပန်းတိုင် တွေကနေ ပေါ်ပေါက်လာတာမဟုတ်ပါလား။
ကိုယ့်ဆိုလိုချက်ရှင်းပါစေ
ဘယ်သူမှ စိတ်ကိုအလွယ်တကူဖတ်နိုင်တာမဟုတ်ပါဘူး။
အဲဒီတော့စကားပြောတဲ့အခါ ကိုယ့်ဆို လို ချက် လိုရင်းကိုရှင်းလင်းပါစေ။ မကွေ့ပတ်ပါနဲ့။
ကိုယ်ရတဲ့အတိုင်းပြန်ပေး
ခိုင်မြဲတဲ့အချစ်က ဘယ်သူကပိုချစ်ခံရသင့်တယ်။
ပိုဂရုစိုက်ခံရသင့်တယ်ဆိုတာတွေ မရှိပါဘူး။ နှစ်ဦး စလုံးက အညီအမျှသာပါ။
Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment