အချစ်ဆိုတာ
ဖြေရှင်းရခက်တဲ့ပုစ္ဆာပါ။ ဘယ်သူမဆို အချစ်ကိုအဖြေရှာဖို့ ကြိုးစားရင်းရုန်းကန်ကြပါ တယ်။
တစ်စုံတစ်ယောက်ကို ချစ်မိသွားတာက စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဒါမှမဟုတ် အချစ်ကိုသိပ္ပံနည်း
ကျကျ ခွဲခြမ်းစိတ်ဖြာဖို့ ကြိုးစားကြည့်ဖူးပါသလား။
အချစ်ကစွဲလမ်းစေတယ်
အချစ်ရဲ့ပထမဆုံးအဆင့်စွဲလမ်းမှုမှာ
ဦးနှောက်က Dopamine လို့ခေါ်တဲ့ ပျော်ရွှင်တဲ့ဟိုမုန်းတွေ
ထုတ်လွှတ်ပါတယ်။ ဒီဟာက Nicotine Cocaine သုံးစွဲသူတွေဆီက ထုတ်လွှတ်တဲ့ဓာတုပစ္စည်းနဲ့ ဆင်တူပါပဲ။
လူတစ်ယောက်ကိုချစ်မိက ဆုံးဖြတ်ဖို့
လေးမိနစ်သာကြာတယ်
ကိုယ်ရည်ရွယ်ထားတဲ့အတိုင်း
ပြည့်စုံတဲ့လူတစ်ယောက်နဲ့ ဆုံတွေ့တဲ့အခါ ဒါမှမဟုတ် ဒိတ်လုပ်တဲ့အခါ သူ့အပေါ်ချစ်မိသွားသလား။
စွဲလမ်းမိသွားသလား၊ ဆုံးဖြတ်ဖို့ အချိန် ၄ မိနစ်သာကြာပါတယ်။ ဒီအထဲမှာ ကိုယ့် အသံ ကိုယ့်ခန္ဓာကိုယ်အနေအထား၊
ကိုယ့်အပြုအမူတွေပါဝင်ပါတယ်။
အချစ်က ရူးသွပ်စေတယ်
အချစ်ကရူးသွပ်သွားစေတာ
လူတိုင်းသိပြီးသားပါ။ ဥပမာ ကိုယ့်ချစ်သူကို စာတိုပို့တာ၊ သူ့ဆီက ပြန်စာမလာလို့ ဘာလုပ်ရဘာကိုင်ရမှန်းမသိ
စိတ်ထဲမငြိမ်မသက်ဖြစ်နေတာမျိုးပေါ့။ အချစ်က လူတွေကို ရူးကြောင်ကြောင်ဖြစ်သွားစေတယ်ဆိုတာ
သိပ္ပံနည်းကျသက်သေပြပြီးသွားပါပြီ။
ချစ်သူထွေးပွေ့ထားစဉ်မှာ
ကိုယ်ချစ်တဲ့လူတစ်ယောက်ကို
ထွေးပွေ့ထားစဉ်မှာ ခန္ဓာကိုယ်က Oxytocin ဆိုတဲ့ ဟိုမုန်း တစ်မျိုး ထုတ်လွှတ်ပါတယ်။ ဒီဟိုမုန်းကို
ဦးနှောက်၊ ဝှေးစေ့နဲ့ ဥအိမ်တွေထဲမှာ တွေ့နိုင်ပါတယ်။ Oxytocin က သဘာဝ အတိုင်း အကိုက်အခဲနာကျင်မှုတွေကို
သက်သာစေပြီး ခေါင်းကိုက်တာကို သိသိသာသာ သက်သာစေပါတယ်။
အချစ်သာမျက်စိပါမယ်ဆိုရင်
ကိုယ့်မိဘ၊
သူငယ်ချင်း အသိုင်းအ၀ိုင်းက တားမြစ်တဲ့တစ်စုံတစ်ယောက်နဲ့ ချစ်ကြိုက်ဖူးပါသလား။ 'မင်းကန်းနေပြီ'
လို့သူတို့တွေပြောကြလိမ့်မယ်။ အချစ်မှာ မျက်စိမပါပါဘူး။ အဲဒါကြောင့်ပဲ တားမြစ်နေတဲ့
ကြားထဲက မိသားစုလေးတစ်ခု ထူထောင်ဖြစ်လိုက်ကြတယ်မဟုတ်ပါလား။
ချစ်သူဆိုတာမိဘလိုပဲ
ဒီစကားက
အနည်းငယ်အံ့သြစရာကောင်းပါတယ်။ ကိုယ်ချစ်တဲ့တစ်စုံတစ်ယောက်က ကိုယ့် အဖေ၊ ကိုယ့်အမေရဲ့အမူအကျင့်
ပြောပုံဆိုပုံလေးတွေ တစ်နည်းမဟုတ် တစ်နည်းတူနေတာကို သတိထားမိပါသလား။ ထူးဆန်းပါတယ်။
ဒါပေမဲ့ အမှန်တရားပါ။
အချစ်က ချိုမြစေတယ်
အချစ်က ချိုမြစေတယ်ဆိုတာ ကြားဖူးကြမှာပါ။
ချစ်သူနဲ့အတူရှိနေချိန်မျာ စားသမျှ၊ သောက်သမျှက သာမန်ထက်တော့ ပိုပြီးချိုမြနေတာ သတိထားမိမှာပါ။
Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment