Audience’s
Choice ကဏ္ဍအတွက် ရွေးချယ်ထားတာကတော့ ဘောလိဝုဒ်မင်းသမီး မနူရီ ပါ။ ဟင်ဒီဇာတ်ကားတွေရဲ့
နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ၁၉၈၀-၁၉၉၀-၂၀၀၀ ၀န်းကျင်အထိ နှစ်ပေါင်း ၃၀ တိုင်တိုင်
သရုပ်ဆောင်စွမ်းရည်၊ အကအလှစွမ်းရည်တွေကြောင့် နာမည်ကြီးလူကြိုက်များပါတယ်။
သရုပ်ဆောင်ကောင်းတဲ့အတွက်လည်း
Flifare Awards ၆ ဆု၊ Best Actress ဆု ၄ ကြိမ်၊ Best Supporting ဆု ၁ ကြိမ်၊ Special
Award ၁ ကြိမ်ရရှိခဲ့ပါတယ်။ ဒါတင်မကပါဘူး။ Flimfare ကို ၁၄ ကြိမ်တိုင်တိုင် လျာထားခံခဲ့ရတဲ့မင်းသမီးလည်းဖြစ်ပါတယ်။
၂၀၀၈ ခုနစ်မှာတော့ အိန္ဒိယအစိုးရကတောင် အိန္ဒိယနိုင်ငံရဲ့ ၄ ကြိမ်မြောက် Highest
Civitian Award Padma Shri ချီးမြှင့်ခဲ့ပါတယ်။
Abodh ဇာတ်ကားနဲ့ ပွဲဦးထွက်ခဲ့ပြီး Tezaab ဇာတ်ကားနဲ့ ပရိသတ်တွေသတိထားမိလာပါတယ်။
Ram Lakhan, Parinda, Dil, Saajan, Beta စတဲ့ ဇာတ်ကားတွေက ဟင်ဒီရုပ်ရှင်လောကမှာ အောင်မြင်မှုရနေတဲ့ဇာတ်ကားတွေပါ။
ဒါတင်မကပါဘူး။ Thalak Dikhhla Jaa အကပြိုင်ပွဲမှာလည်း ဒိုင်အဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပါသေးတယ်။
၂၀၁၄ ခုနှစ်မှာဆိုရင် UNICEFF Goodwill Ambassador အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment