Marvel Puzzl Quest




Marvel ဖျော်ဖြေရေးကုမ္ပဏီနဲ့ D3 တို့ပူးပေါင်းပြီးထုတ်လုပ်လိုက်တဲ့ Marvel Puzzl Quest ဟာ သူ့ရဲ့နာမည်ကြည့်ရုံနဲ့တင် ဘာဆိုတာ သိသာနေမှာပါ။ မိုဘိုင်းပေါ်မှာ အက်ရှင်ဂိမ်းတွေ အထုတ် များတဲ့ Marvel ဟာ ဒီတစ်ခါတော့ Candy Crush, Bejeweled စတိုင်မျိုး match-3 ဂိမ်းလေးကို ဖန် တီးခဲ့ပါတယ်။ Match-3 puzzle ဆိုတာကို မသိသူတွေအတွက်တော့ မတူညီတဲ့ Gem သို့မဟုတ် ရောင်စုံအရာဝတ္ထုလေးတွေကို အနည်းဆုံးသုံးခုတစ်တန်းထဲဖြစ်အောင် လုပ်ပေးရတဲ့ ဂိမ်းအမျိုး အစားဖြစ်တယ်။ Tetris နဲ့ကွာခြားပြီး မှတ်မိသလောက် NEX ခေတ်က Doctor, Mario ဂိမ်းမှာ အစော ဆုံး မြင်ခဲ့ရပါတယ်။

Marvel Puzzle Quest ဆိုတဲ့ အတိုင်း သူ့မှာ RPG element တွေလဲပါသေးတယ်။ ကစားသူ ဟာ သူပေးတဲ့ quest တွေကို ကစားရင်း marvel hero တွေကို စုဆောင်းရမှာဖြစ်ပြီး Marvel Aven -gers Alliance နဲ့ခပ်ဆင်ဆင်တူပါမယ်။ အများဆုံးဇာတ်ကောင် သုံးကောင်ထိ အသုံးပြုနိုင်ပြီး တူညီတဲ့ gem တွေကို သုံးခုထက်ပိုပြီး တန်းနိုင်ဖို့ကြိုးစားရင်း သက်ဆိုင်ရာ Hro အတွက် charge ဖြစ်နေမှာပါ။ ability bar ပြည့်သွားတဲ့အခါ တစ်ဖက်ရန်သူကို Special Ability တွေနဲ့ Damage ပိုပေးနိုင်သလို၊ ကိုယ့်ရဲ့ Puzzle ကိုလဲပြောင်းလဲနိုင်တဲ့ ability အချို့ပါဝင်တယ်။ ဥပမာ - Hawkeye ဆိုရင် စိတ်ကြိုက် row တစ်ခုကိုဖယ်ရှားနိုင်ပြီး Storm (X-men) ကတော့ တချို့ Gem တွေကို rand-om ဖယ်ရှားပစ်ပါတယ်။

ဒီဂိမ်းထဲမှာ Marvel ရဲ့စိတ်ကူးယဉ် powerful substance ဖြစ်တဲ့ Iso – 8 နဲ့ SHIELD ကို ချုပ်ကိုင်ဖို့ ကြိုးစားတဲ့ Norman Osborn တို့ပါဝင်တယ်။ Norman Osborn ဟာ ပထမ Spiderman ကားတွေမှာ Green Goblin တဖြစ်လဲ ဗီလိန်ဖြစ်ပြီး ဉာဏ်ကြီးရှင်တစ်ဦးလဲဖြစ်ပါတယ်။ MPQ မှာ တော့ ၄င်းကိုတားဆီးဖို့ မစ်ရှင်ငါးခုကိုဆော့ကစားရမှာဖြစ်ပြီး နောက်ကွယ်ကတရားခံကို တဖြေး ဖြေးရှင်းရှာဖွေရတဲ့ပုံစံကော မစ်ရှင်ဇာတ်ကြောင်းပြောစတိုင်လေးလည်း ပါဝင်တယ်။

IOS - 8 တွေဟာ in-game currency ဖြစ်ပြီး Hero တွေကို upgrade လုပ်ဖို့အသုံးပြုနိုင် တယ်။ မစ်ရှင်တွေကအလွယ်တကူရနိုင်သလို ဆော့ပြီးသားမစ်ရှင်တွေကိုပြန်ဆော့ရင်လည်း Iso-8 အနည်းငယ်ထပ်ကျနိုင်ပါတယ်။ ဒါ့အပြင် ကစားရင်းနဲ့ Reward အဖြစ်ရတဲ့ Aromar, Abilty တွေကို ရှိပြီးသား ဟီးရိုးတွေမှာသွားပြီး Upgrade လုပ်လို့ရတယ်။ Iron Man ဆိုရင် သူ့ရဲ့ Armor Exoskele -ton အသစ်တစ်ခုကိုပေါင်းလိုက်တာနဲ့ ပါဝါအသစ်တစ်ခုရပါတယ်။

Superhero တွေပါဝင်တဲ့ ဂိမ်းကိုနှစ်သက်သူတွေအတွက် Marvel Puzzle Queat ဟာ တော် တော်လေးကို ကစားရတာမဆိုးတဲ့ ဂိမ်းတစ်ခုပါ။ မာဗယ်ဖန်တွေအတွက် Candy Crush ကိုပိုပြီး cool ဖြစ်တဲ့နည်းလမ်းနဲ့ အစားထိုးနိုင်တာပေါ့ဗျာ။ ဒီဂိမ်းဟာ puzzle ဆိုပေမယ့် ကောမစ်စတိုင်ကိုသေချာ လုပ်ထားပြီး Frand နဲ့ Tieri နဲ့ Alex Irvine တို့ရဲ့ Dark Reign ဆိုတဲ့ ကောမစ်ဇာတ်လမ်းပေါ် အခြေခံထားတာလဲဖြစ်ပါတယ်။ ဒါ့ကြောင့် X-Men, Avenger, Deadpool တို့လို နာမည်ကြီးတွေ အပြင် လူသိပ်မသိတဲ့ဇာတ်ကောင်တွေတောင် ပါပါသေးတယ်။ အမခဲ့ရနိုင်တာကြောင့် အခုပဲ သင့်ရဲ့ဖုန်းမှာသွင်းထားလိုက်ပါတော့။ တစ်ခုရှိတာက ကစားဖို့အတွက် ၀ိုင်ဖိုင်တော့လိုအပ်ပါတယ်။

Banurka

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment