လူတိုင်းအမှားလုပ်မိတတ်ကြပါတယ်။ ဒါပေမဲ့ မိတ်ကပ်လိမ်းခြယ်တာနဲ့ ပတ်သက်ပြီးတော့ တူညီတဲ့အမှားကို အကြိမ်ကြိမ်ကျူးလွန်မိတတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လုပ်နေတာ ကိုယ်သေချာမသိလို့ပါ။ ဘာတွေကအမှားတွေလဲဆိုတာကြည့်ရအောင်။
ဘရပ်ရှ်တွေကို လေနဲ့မှုတ်မိမယ်
ပါးနီ၊ ပေါင်ဒါအသုံးပြုပြီးသား ဘရပ်ရှ်လေးတွေကို အကျန်အမှုန့်တွေကို ဖယ်ရှားဖို့အတွက် လေနဲ့မှုတ်တတ်မိကြပါတယ်။ ဒါသင်ထားလို့တော့မဟုတ်ပါဘူး။ နဂိုအကျင့်အရပါ။ လေနဲ့မှုတ်တာက ဘက်တီရီးယားတွေပေါက်ဖွားဖို့ လမ်းစဖွင့်ပေးလိုက်သလိုပါပဲ။ အဲဒါကြောင့် လေနဲ့မှုတ်မဲ့အစား လက် နဲ့သာခပ်ခပ်လေးခါချပေးပါ။
မျက်ခုံးမွေးနှုတ်လွန်းခြင်း
မကြာခဏ မျက်ခုံးမွေနှုတ်လွန်းတာကလည်း မျက်ခုံးကို မညီမညာနဲ့ မျက်ခုံးသား၊ ချွေးပေါက် လေးတွေကို ပျက်စီးစေပါတယ်။ အဲဒါကြောင့် မျက်ခုံးမွေးနှုတ်မယ့်အစား ကျွမ်းကျင်သူနဲ့သာ ရိတ်ပေး ပါ။
မိတ်ကပ်ဘရပ်ရှ် သန့်ရှင်းရေးမလုပ်ခြင်း
မျက်နှာနဲ့အမြဲထိတွေ့နေရတာဖြစ်တဲ့အတွက် ဘရပ်ရှ်တွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့လိုပါ တယ်။ ဒီလိုမှမဟုတ်ရင် ဘက်တီးရီးယားတွေပေါက်ဖွားပြီး အရေပြားပျက်စီးဖို့ လမ်းစဖြစ်လာပါ လိမ့်မယ်။
ကွန်ဆယ်လာသုံးတဲ့အခါ
မျက်ခုံးတစ်ဝိုက်ညိုမဲနေတဲ့နေရာတွေ အရေးကြောင်းတွေကို ဖုံးကွယ်ဖို့အတွက် ကွန်ဆယ်လာ သုံးကြပါတယ်။ ဒါပေမဲ့ ကွန်ဆယ်လာသုံးပြီးပြီးချင်း Eye Shadow သုံးလိုက်တဲ့အတွက် Eye Shadow အမှုန့်တွေပျံ့ပြီး မျက်နှာမလှမပဖြစ်ရပါတယ်။ အဲဒါကြောင့် ကွန်ဆယ်လာသုံးပြီးတဲ့အခါ Translucent သုံးပေးပါ။
မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း
ဘယ်လောက်ပဲ Skin Care ပစ္စည်းကောင်းကောင်းသုံးပါစေ။ မိတ်ကပ်မဖျက်ဘဲအိပ်တာ အရေပြားအတွက် အပြစ်ဒဏ်ကြီးတစ်ခုပါ။ မိတ်ကပ်မဖျက်ဘဲ ညအိပ်တဲ့အတွက် ၀က်ခြံ၊ အရေး ကြောင်းနဲ့ အမည်းစက်တွေပိုဖြစ်လာစေပါတယ်။
ဝက်ခြံညှစ်ခြင်း
ဝက်ခြံထွက်လာပြီဆိုတာနဲ့ ညှစ်တတ်တာသဘာဝပါ။ ၀က်ခြံညှစ်တဲ့အတွက် အရေပြားကိုပျက် စီးစေသလို အမာရွတ်တွေလည်း ကျန်ခဲ့စေပါတယ်။
လက်သည်းကိုက်ခြင်း
ဖယောင်းလွှာလေးက လက်သည်းကိုကာကွယ်ပေးထားပါတယ်။ ဒါပေမဲ့ လက်သည်းကိုက် တဲ့အခါ လက်သည်းခွံနဲ့ ဖယောင်းလွှာက နူးအိလာပြီး လက်သည်းပျော့လာကာ ပိုးဝင်လာတဲ့အထိ ဖြစ်စေပါတော့တယ်။
ဖောင်ဒေးရှင်းမသုံးခင်အလှဆီသုံး
မေ့လျော့တာဖြစ်စေ၊ တမင်ချန်ခဲ့တာဖြစ်စေ မိတ်ကပ်မလိမ်းခင် အလှဆီသုံးပေးပါ။ အလှ ဆီမသုံးတဲ့အတွက် အသားအရေက မညီမညာမွဲခြောက်လာပြီး အမည်းစက်နဲ့ဝက်ခြံတွေအတွက် အခွင့်အရေးတစ်ခု ဖြစ်လာပါတော့တယ်။
Eye Shadow အရောင်နဲ့ဝတ်စုံအရောင်
Eye Shadow အရောင်နဲ့ဝတ်စုံ အရောင်ဆင်တူနေတာက ကိုယ့်ကိုယ်ကိုယ်ဘာလုပ်လို့လုပ် နေမှန်းမသိသူတွေပါ။ တကယ်တော့ လိုအပ်တာက ၀တ်စုံနဲ့ဆန့်ကျင်ဘက်ဖြစ်သွားစေမဲ့ Eye Shadow အရောင်ပါ။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment