ပြိုင်ပွဲတုန်းက ညီမ dress ကလည်း အရမ်းလမ်းလျှောက်ရတာအဆင်မပြေခဲ့ဘူး။
အရပ်ရှည်ပြီး ဖိနပ်နဲ့ တိုက်နေ တဲ့အတွက် Comfortable မဖြစ်ခဲ့ဘူး။ Rehearsal တုန်းကလည်းခြေထောက်လိမ့်ပြီး
ချော်လဲသွားသေးတယ်… မြတ်ကျော့ခိုင်
Channel 7 မှာလည်း Fashion
Week တို့ Designer တို့ အဲဒီလိုမျိုးတွေလည်း ရိုက်ဖြစ်တယ်
ညီမလက်ရှိမှာ အလှဓာတ်ပုံတွေရိုက်ဖြစ်နေတယ်။
Cover တွေရယ်၊ Fashion ကဏ္ဍတွေရယ်။ Channel 7 မှာလည်း Fashion Week တို့ Designer
Creation တို့ အဲဒီလိုမျိုးတွေလည်း ရိုက်ဖြစ်တယ်။
Miss ပြိုင်ပွဲပထမဆုံးလုပ်တာနဲ့
စိတ်ဝင်စားလို့ဝင်ပြိုင်ဖြစ်တာပါ
ညီမနေပြည်တော်မှာနေပါတယ်။ Miss
Universe ပွဲက နေပြည်တော်မှာပထမဦးဆုံးအကြိမ်လုပ်ဖြစ် တာဆိုတော့ စိတ်ဝင်စားတယ်ပေါ့။
ကိုယ်နေတဲ့နေရာမှာ Miss ပြိုင်ပွဲ ပထမဆုံးလုပ်တာနဲ့ စိတ်ဝင်စားလို့ ၀င်ပြိုင်ဖြစ်တာပါ။
Miss Universe Nay Pyi Taw ဆုရတာအရမ်းဝမ်းသာမိပါတယ်။
ကိုယ်နေတဲ့နေရာရဲ့ Miss တစ်ယောက် ဖြစ်ရတဲ့အတွက် ၀မ်းသာပါတယ်။ ပြိုင်ပွဲမပြိုင်တာကြာပြီဆိုတော့
အခက်အခဲတွေရှိခဲ့ပါတယ်။ အကုန်အစကနေ ပြန်သင်ယူပြီးကြိုးစားရတာပေါ့။
နောက်ဆုံးပြိုင်ခဲ့တာက Miss
Seagame 27th Seagame နောက်ဆုံးပြိုင်ခဲ့တာ။
2nd Runner Up ဆုရခဲ့ပါ တယ်
၂၀၁၃ တုန်းကမော်ဒယ်သင်တန်းတက်ဖူးတယ်။
သင်တန်းတော့မပြီးလိုက်ဘူး။ Show ပွဲတွေ ကတော့ လျှောက်ဖြစ်ခဲ့တယ်။ ပြိုင်ပွဲကနောက်ဆုံးပြိုင်ခဲ့တာက
Miss Seagame 27th Seagame နောက် ဆုံးပြိုင်ခဲ့တာ။ 2nd
Runner Up ဆုရခဲ့ပါတယ်။ Local အနေနဲ့ Iodine သွားတိုက်ဆေးကလုပ်တဲ့ ပြိုင်ပွဲမှာတော့
ပထမဆုရခဲ့ ပါတယ်။ Best Smile ဆုပေါ့။
Pose ဘယ်လိုလုပ်ရမယ် Top 5 မေးခွန်းတွေ
ဘယ်လိုဖြေမယ် အဲဒီလိုအတွက် ပြင်ဆင်ခဲ့ရတယ်
ညီမပြိုင်ပွဲမပြိုင်တာကြာပြီဆိုတော့
အရမ်းရင်တုန်တယ်။ စဉ်းစားမိတာနဲ့အရမ်းရင်ခုန်ရတယ်။ ပြီးတော့ စင်နဲ့လည်းနည်းနည်းစိမ်းနေတာကြာပြီဆိုတော့
လမ်းလျှောက်ပုံကအစပြန်လေ့ကျင့်ခဲ့ရတယ်။ စင်ပေါ်မှာ Pose ဘယ်လိုလုပ်ရမယ် Top 5 မေးခွန်းတွေ
ဘယ်လိုဖြေမယ် အဲဒီလိုအတွက် ပြင် ဆင်ခဲ့ရတယ်။ ပြိုင်ပွဲဝင်တွေ အကုန်လုံးကလည်း အရမ်းလှတယ်။
အဲဒါကြောင့်လည်း စိတ်ဖိစီးခဲ့ ရတယ်။
လမ်းလျှောက်ရတာ အားမရခဲ့ဘူး
ပြိုင်ပွဲတုန်းက ညီမ dress ကလည်း အရမ်းလမ်းလျှောက်ရတာအဆင်မပြေခဲ့ဘူး။
အရပ်ရှည်ပြီး ဖိနပ်နဲ့ တိုက်နေတဲ့အတွက် Comfortable မဖြစ်ခဲ့ဘူး။ Rehearsal တုန်းကလည်း
ခြေထောက်လိမ့်ပြီး ချော်လဲသွား သေးတယ်။ ပြိုင်မယ့်နေ့ကျမှ evening dress တွေက၀တ်ရတာ
ဝတ်စုံတွေအကုန်လုံးက ပြိုင်မယ့်နေ့ကျမှ တွေ့ပြီးဝတ်ရတာဖြစ်တဲ့အတွက် အခက်အခဲတွေရှိခဲ့ပါတယ်။
fitting ကျတော့ပြိုင် မယ့်နေ့မနက်လောက်ကျ မှချဖြစ်တာ။ fitting ချပြီး တကယ်ပြိုင်မယ့်နေ့ကျမှဝတ်လိုက်ရတယ်။
လမ်းလျှောက်ရတာ အားမရခဲ့ဘူး။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်အားနည်းချက်တွေ အများကြီးရှိခဲ့တယ်လို့
ထင်ခဲ့ပါတယ်။
Top 5 မေးခွန်းအတွက် အရင်ကပြိုင်သွားခဲ့တဲ့ပြိုင်ပွဲတွေရဲ့
video File တွေဝင်ကြည့်တယ်
ညီမ Top 5 မေးခွန်းအတွက် အရင်ကပြိုင်သွားခဲ့တဲ့
ပြိုင်ပွဲတွေရဲ့ Video File တွေဝင်ကြည့်တယ်။ ဘာတွေမေးခဲ့သလဲဆိုတာသိခဲ့တယ်။ ပြိုင်ပွဲတွေမှာအများဆုံးမေးတာက
ဒီပြိုင်ပွဲကို ဘာလို့ဝင်ပြိုင်တာလဲ၊ ဘာဖြစ်လို့ Miss တစ်ယောက်ဖြစ်ချင်တာလဲ။ အဲဒီလိုမေးခွန်းအတွက်
အဓိကထားကြည့်တယ်။ နေပြည်တော် ကိုယ်စားပြုဖြစ်တဲ့အတွက် နေပြည်တော်နဲ့သက်ဆိုင်တာတွေ လေ့လာဖြစ်တယ်။
Miss Universe ဖြစ်တဲ့ အတွက် Winner တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေလေ့လာဖြစ်တယ်။
အရင်နှစ်တွေက ရွေးခဲ့တဲ့ Miss
Universe အစ်မတွေကို အားကျလို့ပါ
ကမ္ဘာ့အလှမယ်ပြိုင်ပွဲမှာ အကြီးဆုံးက
Miss Univers ဖြစ်တယ်။ ညီမ ပြိုင်မယ့်ပြိုင်တော့လည်း အကြီးဆုံးပြိုင်ပွဲကိုပြိုင်ချင်တာနဲ့
ပြီးတော့ အရင်နှစ်တွေကရွေးခဲ့တဲ့ Miss Universe အစ်မ တွေကို အားကျလို့ပါ။ အဲဒါကြောင့်မို့လည်း
Miss Universe ကိုပြိုင်ဖြစ်တာပါ။
မမေဘရဏီသော်ဆို အရမ်းကြိုးစားတယ်။ Transform ဖြစ်တာလည်းအရမ်းကောင်းတယ်
ညီမမိုးစက်ဝိုင်ကိုအကြိုက်ဆုံးပါ။ မြန်မာပြည်မှာနှစ်
၅၀ကျော်မှ Miss Universe ပြန်ရွေးတာ။ သူက ပထမဆုံးသွားပြိုင်ခွင့်ရတဲ့
Winner သူစပြိုင်ကတည်းက ပရိသတ်တွေက သူ့ကိုအရမ်းအားပေးတယ်။ ညီမကို Crown ဆောင်းပေးတာလည်းသူပါပဲ။
သျှားထွဋ်ဆိုလည်း သူညီမတို့ကို Training ပေးတာ။ ဟိုမှာသူက Answer & Question မှာ
Top 8 အထိဝင်ခဲ့တယ်။ အဲဒါကိုအရမ်းအားကျတယ်။ မမေဘရဏီသော်ဆို အရမ်းကြိုးစားတယ်။ Transform
ဖြစ်တာလည်းအရမ်းကောင်းတယ်။ စင်ပေါ် မှာချော်လဲတာတောင် အကုန်လုံးက သူ့ကိုချီးကျူးကြတယ်။
အဲဒါကြောင့်မို့လို့ သူတို့တွေအကုန်လုံး ကို အားကျပါတယ်။
မမေဘရဏီသော်ဆို Miss International
မှာသွားပြိုင်ပြီးသွားပြီ။ ဒီ Miss Universe ၀င်ပြိုင်တော့ လည်း Winner ရခဲ့တာပဲ။ ကိုယ့်ကြိုးစားမှုနဲ့ပဲ
ပိုဆိုင်မယ်လို့ထင်ပါတယ်။
City Director ကတော့ တော်တော်လွတ်လပ်ခွင့်ပေးပါတယ်
ညီမ Organization နဲ့ တွဲလုပ်တာ ဒါပထမဆုံးအကြိမ်ပါ။
အရင်တုန်းက တစ်ယောက်တည်း ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်လုပ်ခဲ့တာ။ ညီမက ကံကောင်းပါတယ်။
သေးသေးမွှားမွှားဆိုရင်တော့ မလုပ်ခိုင်းတော့ဘူး။ ကိုယ်ကလည်း City တစ်ခုရဲ့ Miss တစ်ယောက်ဖြစ်သွားပြီဆိုတဲ့အတွက်ကြောင့်
အလုပ်တိုင်းကိုလက်ခံလို့ မရတော့ဘူးပေါ့။ ပြီးတော့ခွင့်ပြုချက် ပါမှလုပ်ရတာပေါ့။ ဒါပေမဲ့
ညီမ City Director ကတော့ တော်တော်လွတ်လပ်ခွင့်ပေးပါတယ်။ အကုန်လုံးကိုနားလည်ပေးပါတယ်။
ပြီးခဲတဲ့ပြိုင်ပွဲမှာ ညီမကိုယ့်ကိုယ်ကိုယ်
ကျေနပ်အားရမှုသိပ်မရှိခဲ့ပါဘူး။ အချိန်နည်းနည်းပဲကျန်တော့ ပေမယ့် အတတ်နိုင်ဆုံးကြိုးစားနေပါတယ်။ ညီမကိုလည်းပြိုင်ပွဲပြီးသွားရင်တောင်မှ
မေ့မသွားပါနဲ့လို့။ ဆက်ပြီးကြိုးစားနေပါတယ်။ အားပေးပါလို့ပြောချင်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment