တွယ်ကပ်နေတဲ့ရည်းစားဟောင်းကိုရှင်းထုတ်ချင်တယ်ဆို ရင်









ချစ်သူနှစ်ဦးရဲ့အဆုံးသတ်ဆိုတာခက်ခဲလှပါတယ်။ ဒီထက်ပိုပြီး ခက်ခဲရတာကတော့ သူ့အနေနဲ့ ကိုယ်ဘာကြောင့်လမ်းခွဲရတယ်ဆိုတာမသိဘဲ ကိုယ့်အပေါ်ကို ဆက်ပြီးစွဲလမ်းနေတဲ့ပြဿနာပါ။ ကိုယ့် ဘက်ကပြီးဆုံးသွားပေမဲ့ သူ့ဘက်က မပြီးဆုံးနိုင်တဲ့စာတွေ၊ တောင်းပန်စကားတွေ၊ ဖုန်း Call တွေကြောင့် ပိုပြီးစိတ်ညစ်ရတယ်။ စိတ်ပျက်ရတယ်။ အဲဒီတော့ ကိုယ့်အပေါ်ကျန်နေတဲ့သူ့ရဲ့စွဲလမ်းမှုတွေကိုဘယ်လို အဆုံးသတ်ကြမလဲ။
ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိတယ် မယူဆနဲ့
အဆုံးသတ်ဖို့ဆုံးဖြတ်ချက်ချတာကိုယ်ပါ။ ဒီအတွက်အကြောင်းပြချက်ကောင်းကောင်းရှိတယ်ဆို တာသံသယဝင်စရာမလိုပါဘူး။ အဲဒီတော့ကိုယ့်ကိုကိုယ်အပြစ်တင်နေဖို့မလိုဘူးပေါ့။ ကိုယ့်ဘက်က အမှားကျူးလွန်တာမှမဟုတ်တာ။ လက်မခံနိုင်လွန်းတဲ့အကြောင်းပြချက်ရှိလို့ ဆက်ဆံရေးကိုအဆုံး သတ်လိုက်ရတာလေ။ အဲဒီတော့ ကိုယ့်ကိုကိုယ်လုံးဝအပြစ်ရှိတယ်လိ့ မခံစားပါနဲ့။
မျှော်လင့်ချက်မပေးပါနဲ့
မျှော်လင့်ချက်တွေထား၊ စွဲလမ်းနေသေးတဲ့သူ့အတွက်တော့ ကိုယ်ပြောသမျှစကားလုံး၊ အပြု အမူလေးတွေထဲကနေသူ့အတွက် မျှော်လင့်ချက်လို့ထင်ရလောက်တဲ့ အရိပ်အရောင်လေးကိုရှာဖွေနေပါ လိမ့်မယ်။ ဘာလို့လည်းဆိုတော့ သူ့ဘက်ကပြန်ပြီးနီးစပ်ချင်တာကိုး။ အဲဒီတော့ကိုယ့်ဘက်ကနေအပြော အဆိုလေးတွေကအစ အထူးဂရုစိုက်ပါ။ တစ်ခါတစ်ရံသူ့ကိုနာကျင်မှာစိုးလို့ မပြောဖြစ်လိုက်တဲ့စကားကို နားလည်မှုလွဲပြီး ကိုယ့်ဘက်က အခွင့်အရေးပေးတယ်လို့ထင်သွားနိုင်ပါတယ်။
တည်တည်ငြိမ်ငြိမ်ပြော
သူ့ကိုရှင်းပြတဲ့အခါ ရှင်းလင်းပြီးတည်တည်ငြိမ်ငြိမ်ရှိနေပါစေ။ ဆက်ဆံရေးကပြီးဆုံးသွားပါပြီ။ နောက်ထပ်လည်း မဆုံဆည်းလိုတော့ပါဆိုတဲ့အကြောင်းကိုသူနားလည်အောင် ရှင်းပြပေးပါ။ သူ့ရဲ့အပြုအမူတွေ၊ ဖုန်း message တွေကအနှောက်အယှက်ဖြစ်စေတယ်ဆိုရင် မနှောက်ယှက်ဖို့ရှင်းရှင်းလင်း လင်းသာပြောပါ။
လျစ်လျူရှု
ကဲ…….အားလုံးလည်းပြောပြီးပြီ။ ရှင်းပြသင့်တာလည်းရှင်းပြပြီးပြီ။ သူ့ဘက်ကဆက်ပြီးကြိုးစားနေ မယ်ဆိုရင်တော့ အကောင်းဆုံးက လျစ်လျူရှုလိုက်ပါ။ သူ့ရဲ့ပြောဆိုပြုမူမှုတိုင်းကိုတုံ့ပြန်နေဖို့မလိုပါဘူး။ အတတ်နိုင်ဆုံးသည်းခံပြီး လျစ်လျူရှုလိုက်ပါ။ ဒါကိုယ့်အတွက်စိတ်ရှင်းသွားစေမယ့် နည်းလမ်းကောင်းတစ်ခုပါ။ ဖုန်း၊ message အားလုံး blacklist တင်လိုက်ပါ။ social Network တွေကနေအဆက်အသွယ်ဖြတ်လိုက်ပါ။
ရှောင်
သူ့ဘက်က မဆုံဆုံအောင်ကြိုးစားနေမှတော့ ကိုယ့်ဘက်ကရှောင်ဖို့ပဲရှိပါတော့တယ်။ ရှောင်ပါ ဆိုလို့အမြဲတမ်းရှောင်ပုန်းနေဖို့ပြောတာမဟုတ်ပါဘူး။ အဲဒီလိုသာဆို ကိုယ့်အတွက်နေစရာတောင်ရှိမှာ မဟုတ်တော့ဘူးလေ။ သူသွားတတ်တဲ့နေရာတွေ၊ သူစားတတ်တဲ့ဆိုင်လိုမျိုးတွေအတတ်နိုင်ဆုံးရှောင်ပါ။
အသိပေး
သူနဲ့ကိုယ်အကြောင်းသိဖူးတဲ့ လူတွေကိုသူနဲ့ကိုယ်နဲ့ပြတ်စဲသွားကြောင်းအသိပေးပါ။ ဘာတွေဖြစ် ခဲ့သလဲ။ ဘယ်လိုဆုံးဖြတ်ချက်ချခဲ့သလဲ။ လက်ရှိဘာတွေဖြစ်နေလဲ။ အားလုံးကိုအသိပေးပါ။ (ကိုယ့် ဘက်ကမှန်တယ်ဆိုရင်ပေါ့။) အသိပေးခိုင်းတာအကြောင်းမဲ့သက်သက်မဟုတ်ပါဘူး။ ဒီလိုအသိပေးထား တဲ့အတွက် ပြဿနာတစ်စုံတစ်ရာ ပေါ်လာတဲ့အခါအကူအညီတောင်းလို့ရနိုင်သလို ကိုယ့်အတွက်လည်း တစ်နည်းအားဖြင့်လုံခြုံစိတ်ချရစေပါတယ်။
တဲ့တိုးပြောချပစ်
လျစ်လျူရှုတာကလည်းပင်ပန်းလှပြီ။ ရှောင်ရတာလည်းမောလှပြီ။ သူ့ဘက်ကလည်းနားမလည်သေး ဘူးဆိုရင်တော့ တဲ့တိုးသာပြောချလိုက်ပါတော့။ 'လုံးဝမမြင်ချင်၊ မတွေ့ချင်၊ ရွံရှာစက်ဆုပ်' နေပြီဆိုကြောင်း၊ ပတ်ဝန်းကျင်ပါအနှောက်အယှက်ဖြစ်ရကြောင်း ပွင့်ပွင့်လင်းလင်း မျက်လုံးချင်းဆိုင်ပြောချပစ်လိုက်ပါ။
ပြင်ဆင်
ဒီလိုပြောလိုက်ပြီးတဲ့နောက် ယောက်ျားအချို့ခံစားရမှာက ရှက်ရွံစိတ်၊ သိမ်ငယ်စိတ်တို့နဲ့အတူ ယောက်ျားမာနကိုထိခိုက်လာမှာပါ။ ဒါကဒေါသအဖြစ်သို့ပြောင်းလဲသွားပြီး ကိုယ့်ကိုယ်အန္တရာယ်ဖြစ်စေတဲ့ အထိထိခိုက်လာနိုင်ပါတယ်။ ဒါကို ကိုယ်လည်းသိမှာပါ။ အဲဒီတော့ ဒီအခြေအနေထိရောက်ပြီး အဆိုးဆုံး ကိုရင်ဆိုင်ဖို့ပြင်ဆင်ထားမလား။ ဒါမှမဟုတ် ပထမအဆင့်တွေမှာကတည်းကရုန်းထွက်မလား။ ကိုယ် တိုင်ဆုံးဖြတ်ပါ။

 ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 



Share on Google Plus

0 comments:

Post a Comment