ဖက်ရှင်နဲ့ပတ်သက်ပြီး
တစ်စုံတစ်ခုကိုရှာဖွေတဲ့အခါ ဘယ်မှာအများဆုံးရှာဖွေလေ့ရှိပါသလဲ…။ သူငယ်ချင်းတွေဆီကလား။
မဂ္ဂဇင်းတွေဆီကလား။ ဒါမှမဟုတ် ကိုယ်ပိုင်စိတ်ကူးနဲ့ တီထွင်ဖန်တီး တာလား။ ကိုယ်ပိုင်စတိုင်ဖန်တီးတာကတော့
ကိုယ်ဘယ်သူဆိုတာ ပြသဖို့အကောင်း ဆုံးနည်းလမ်း တစ်ခုပါ။ အဲဒီတော့ ကိုယ်ပိုင်စတိုင် ဘယ်လိုဖန်တီးကြမလဲ…။
လူကြားထဲထင်ရှားနေဖို့ မကြောက်နဲ့
ပတ်ဝန်းကျင်နဲ့ကွဲပြားနေဖို့ ဘယ်တော့မှမကြောက်ပါနဲ့။
ဆံပင်အစိမ်းရောင်ဆိုးမလား၊ တက်တူးထိုး မလား… သူများတွေမလုပ်နိုင်တာကို လုပ်တာလည်း ကိုယ်ရဲ့စတိုင်ကိုဖန်တီးလိုက်တဲ့သဘောပါ။
နမူနာယူ
ဖက်ရှင်ဒီဇိုင်နာတွေအားလုံး တစ်ယောက်ချင်းစီက
စိတ်ကူးလေးတွေကို လှည့်သုံးနေကြတာပါ။ အဲဒီ တော့ ဖက်ရှင်မဂ္ဂဇင်းတွေ ဒီဇိုင်းနာတွေ၊ နောက်ဆုံးပေါ်
ဖက်ရှင်တွေကို ရောနှောလိုက်ပြီး ကိုယ်နဲ့ အကောင်း ဆုံးကိုဖန်တီးပါ။
ကိုယ့်ရဲ့လွှမ်းမိုးမှုကိုအသုံးချ
ကိုယ့်ကိုယ်ဘယ်အရာက လွှမ်းမိုးမှုရှိသလဲ။
ဒီလွှမ်းမိုးမှုကို ဖက်ရှင်အနေနဲ့ ပြန်ဖန်တီးပါ။ အကောင်း ဆုံး စတိုင်တွေဆိုတာ ပြင်းထန်တဲ့စိတ်ခံစားမှုတွေကနေ
ဖြစ်ပေါ်လာတာပါ။
မှတ်စုဖန်တီး
မဂ္ဂဇင်း၊
ဂျာနယ်တွေဖတ်တဲ့အခါ ဒီအတိုင်းကျော်မသွားလိုက်ပါနဲ့။ ကိုယ်အကြိုက်ဆုံးဖက်
ရှင်တွေကို တစ်စုတစ်စည်းထဲထားပြီး မှတ်စုစာအုပ်လေးအနေနဲ့
ဖန်တီးထားပါ။ ဒါမှ လိုသလိုကြည့်နိုင်မှာ မဟုတ်ပါလား။
အရောင်တွေကိုအသုံးချ
နံနက်မိုးလင်းတိုင်း ကိုယ့်စိတ်ခံစားချက်ထဲကအရောင်တွေအတိုင်း
ဖက်ရှင်တွေကို ဖန်တီးပုံဖော် ကြည့် ပါ။ ဒါမှအရောင်တွေ သူများနဲ့မတူဘဲ အကောင်းဆုံးတွဲစပ်လာနိုင်မှာ
မဟုတ်ပါလား။
ခေတ်ဟောင်းဖက်ရှင်တွေပြန်ရှာ
ဖက်ရှင်ဆိုတာ ဘယ်တော့မှရိုးအီသွားမှာမဟုတ်တဲ့အတွက်
ခေတ်ဟောင်းက နာမည်ကြီးခဲ့တဲ့ ဖက်ရှင် တွေပြန်ရှာပါ။ အသစ်ပြန်ဖန်တီးပါ။ ဒါမှသူများထက်
ရှေ့ရောက်နေမှာမဟုတ်ပါလား။
အဆင်တန်ဆာ
ဖက်ရှင်နဲ့အတူတွဲပါလာတာက ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေပါ။
ကိုယ်ဖန်တီးထားတဲ့ဝတ်စုံနဲ့ လိုက်ဖက်အောင် ရွေးချယ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။
အရွယ်အစားကပြဿနာမဟုတ်
ခန္ဓာကိုယ်အရမ်းဝနေလို့၊ အရမ်းပိန်နေလို့
ဘာမှစိတ်ရှုပ်ထွေးမနေပါနဲ့။ ဖက်ရှင်ဆိုတာ ဒီအားနည်း ချက်တွေကို ဖုံးကွယ်ပေးဖို့ အားသာချက်တွေကို
ထင်ရှားပေါ်လွင်စေဖို့ မွေးဖွားလာတာပါ။ ပရိသတ်တွေရှေ့ မှာ မရိုင်းရအောင် ကိုယ်ဝတ်ရတာလည်း
တကယ်ကိုလွတ်လွတ်လပ်လပ်ရှိမယ့် အ၀တ်အစားမျိုးကို ညီမကတော့ ပိုပြီးကြိုက်တယ်။
Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment