Parallel Space – Multi Accounts












ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ စမတ်ဖုန်းတွေဟာ အခုဆိုရင်မရှိမဖြစ်နည်းပညာ အသုံး အဆောင် ပစ္စည်းတစ်ခုဖြစ်လာခဲ့ပါပြီ။ ဒီလိုဖြစ်လာခဲ့တာဟာ စမတ်ဖုန်းရဲ့ဘက်စုံ အသုံးဝင်မှုအပြင် ကိုယ့်ရဲ့တစ်ကိုယ်ရေ အချက်အလက်တွေနဲ့အတူစီးပွားရေး၊ လူမှုရေးအစရှိတဲ့ လုပ်ငန်းမျိုးစုံချိတ်ဆက် အသုံးပြုလို့ရလာတဲ့ အားသာ ချက်ကြောင့်ဆိုရင် ပိုပြီးမှန်ကန်ပါလိမ့်မယ်။ ကိုယ့်ရဲ့ Gmail, Facebook, Viber, Line နဲ့အခြားသော Applica-tion တွေကနေတစ်ဆင့် ချိတ်ဆက်ကာ နေ့စဉ်ပြောဆို ဆက်သွယ် အသုံးပြုလာရတဲ့အတွက် တစ်နေ့တာ နေထိုင်မှုဘ၀ပုံစံဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်နဲ့ လုံးဝမတူဘဲ တဖြည်းဖြည်းကွဲပြားလာတာကို သတိထားမိကြပါ လိမ့်မယ်။ ဒီလိုခေတ်ရေစီးကြောင်းနဲ့အတူ ဖွံ့ဖြိုးတိုး တက်လာတဲ့ နည်းပညာအသုံး အဆောင်တွေကြားထဲမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့တစ်ကိုယ်ရေ အချက်အလက်တွေကို လူမှုရေးကသပ်သပ်၊ အလုပ်က သပ်သပ် အစရှိသည်ဖြင့် သီးခြားဖြစ်စေလိုတဲ့ အချိန်အခါမျိုးလည်း တစ်ချိန်ချိန်မှာလိုအပ် လာမှာဖြစ်ပါတယ်။ Account တစ်မျိုးစီခွဲခြားအသုံးပြုနိုင်တဲ့ Paralled Space လို့ခေါ်တဲ့ Application လေးဟာ အလွန်အသုံးဝင် လာပါလိမ့်မယ်။

Parallel Space ဟာ Facebook ကနေ CoC အဆုံး သီးသန့်ကိုယ်ပိုင် Account နဲ့ သုံးတဲ့ Apps အတော်များများကို ခွဲခြားအသုံးပြုနိုင်မှာဖြစ်ပြီး Plya Store, iTunes Store တို့မှာ အခမဲ့ရ ယူနိုင်မှာဖြစ် ပါတယ်။ အသုံးပြုပုံကတော့ သာမန်ရိုးရိုး Apps တွေထည့်သွင်းသလိုပဲ install ပြုလုပ်ထည့်သွင်းရုံပါပဲ။ အသုံးပြုတဲ့ အခါမှာလည်း ဖုန်းမှာတခြား account တွေကို ထည့်သွင်းသလိုပဲကိုယ့်ရဲ့ နောက်ထပ် Account တွေကို စိတ်ချစွာထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ Parallel Space ရဲ့အားသာချက်က ထည့်သွင်း ထားတဲ့ Apps တွေရဲ့  noti, alarm, message အစရှိတဲ့ လုပ်ဆောင်ချက်အားလုံးကို ပုံမှန်သီးသန့် အသုံးပြုနေတဲ့အတိုင်း တစ်ချိန် တည်းတစ်ပြိုင်တည်း ပြသပေးတဲ့အတွက် စမတ်ဖုန်း ၂ လုံးခွဲကိုင်ရတဲ့ အဖြစ်မျိုးကနေလည်း ရှောင်ရှားနိုင်ပါ လိမ့်မယ်။ တစ်ခုတော့ သတိထားရမှာကတစ်ချို့သော Apps တွေက ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုသုံးပြီး Activate ပြုလုပ်တဲ့အခါမှာတော့ နောက်ထပ် ကိုယ့်နားမှာရှိတဲ့ ကိုယ်အသုံးပြု တဲ့ ဖုန်းတစ်လုံးကိုထည့်သွင်းပြီး Activate ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီ Apps ကို ရေးသားတဲ့ LBE Tech ကုမ္ပဏီကတော့ ''ဒီ Apps ရဲ့ရည်ရွယ်ချက် ကတော့ device တစ်ခုထဲကနေ နောက်ထပ် Account တစ်ခုကိုအသုံးပြုပြီး ကိုယ့်ရဲ့ privacey ကို ပိုမိုထိန်း သိမ်းနိုင်ဖို့ပါပဲ'' လို့ဆိုထားပါတယ်။
မင်းသုနောင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment