ခွေးလေးတွေကိုမကျွေးသင့်တဲ့ အစားအစာများ











အိမ်မွေးခွေးလေးတစ်ကောင် ထမင်းစားနေတုန်း ဘေးမှာလာထိုင်ပြီးအစာတောင်းနေတာ သဘာဝ ကျပါတယ်။ ခွေးပိုင်ရှင်ကလည်း စားပွဲပေါ်ကအစားအသောက် ခွေးလေး ကြောင်လေးတွေကိုချကျွေးတာ အလေ့အထပါ။ ခွေးလေး ကြောင်လေးတွေဆိုတာ မိသားစုတစိတ်တပိုင်းပါ။ မိသားစုတစ်စိတ်တစ်ပိုင်း ဆိုလို့ ကိုယ်စားသမျှချကျွေးရမယ်လို့တော့ မဆိုလိုပါဘူး။ တချို့အစားအသောက်တွေက ခွေးလေးတွေအတွက် အန္တရာယ်ရှိပါတယ်။ ဘယ်လိုအစားအသောက်မျိုးကို အိမ်မွေးတိရိစ္ဆာန်လေးတွေကို မကျွေးသင့်ဘူးလဲ ဆိုတာကြည့်ကြရအောင်…။

ချောကလက်
အထူးသဖြင့် အနက်ရောင် ချောကလက်က ခွေးလေးတွေအတွက် အန္တရာယ်ရှိတဲ့အစားအစာပါ။ ချောကလက်မှာပါဝင်တဲ့ methylxanthines thebromine  နဲ့ caffeine က ခွေးလေးတွေရဲ့ နှလုံးနဲ့ အာရုံ ကြောစနစ်ကို ဒုက္ခပေးပြီး အော့အန်ခြင်း၊ ၀မ်းလျောခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါစတာ တွေဖြစ် စေပါတယ်။ ဒါတင်မက လက်ဖက်ရည်၊ ကော်ဖီတို့ကိုလည်း တိုက်ကျွေးတာရှောင်ရှားသင့်ပါ တယ်။

ကြက်သွန်နီ
ကြက်သွန်နီက အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ သွေးနီဥဆဲလ်လေးတွေကိုပျက်စီးစေပြီး သွေးအား နည်းစေပါတယ်။ စားမိမယ်ဆိုရင် အော့အန်ခြင်း၊ ၀မ်းလျောခြင်းတွေမှတဆင့် သွေးအားနည်းခြင်း၊ အားအင် ဆုတ်ယုတ်ခြင်း နောက်ဆုံး သေဆုံးသည်အထိဖြစ်လာနိုင်ပါတယ်။

မက္ကဒေးမီးယားအစေ့
မက္ကဒေးမီးယားအစေ့က ခန္ဓာကိုယ်အပူချိန်မြင့်လာစေပြီး နှလုံးခုန်ခြင်း၊ အားနည်းအော့အန်ခြင်း တွေကနေ နောက်ဆုံးသွက်ချာပါဒအထိဖြစ်သွားနိုင်တဲ့အတွက် ခွေးလေးတွေအဖို့ ရှောင်သင့်တဲ့အစား အစာတွေထဲကတစ်ခုပါ။

စပျစ်သီး
စပျစ်သီးမှာပါဝင်တဲ့ fungicide, herbicide, pesticide နဲ့ ဗီတာမင် D တွေက ခွေးလေးတွေ အတွက် အော့အန်ခြင်း၊ ၀မ်းလျောခြင်း၊ အစာစားချင်စိတ်ပျက်ခြင်း၊ ၀မ်းဗိုက်နာကျင်ခြင်း၊ ရေဓာတ်ခမ်းခြောက် ခြင်း စတာတွေဖြစ်လာစေပါတယ်။

ထောပတ်ဆီ
ထောပတ်သီးကလူတွေအတွက်  အရသာရှိပေမယ့် ခွေးလေးတွေအတွက် အဆိပ်ဖြစ်စေပါတယ်။ ခွေး လေးတွေစားမိမယ်ဆိုရင် အသက်ရှုရခက်ခြင်း၊ ၀မ်းဗိုက်ဖောလာခြင်းတို့ဖြစ်စေပြီး ခွဲစိတ်ရတဲ့အဆင့်အထိ ရောက်သွားပါလိမ့်မယ်။

ပန်းသီးအူတိုင်
ပန်းသီးအူတိုင်မာပါဝင်တဲ့ cyanide အဆိပ်က သွေးတွင်း အောက်ဆီဂျင်ပို့ဆောင်မှုကို အဟန့် အတားဖြစ်စေပြီး မူးဝေခြင်း၊ ထိတ်လန့်ခြင်း၊ သတိမေ့ပြီး ပြန်ထမရတော့တဲ့ ကိုမာ အခြေအနေအထိ ရောက် သွားစေနိုင်ပါတယ်။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment