Sexy ဘက်ကိုတော့ သွားမှာမဟုတ်ဘူး ...................အကယ်ဒမီ ဖွေးဖွေး










Unban Fashion တို့ Street Style တွေကို ဖွေးကြိုက်တယ်။ Sexy ဘက်ကိုတော့ သွားမှာမဟုတ်ဘူး
အကယ်ဒမီ ဖွေးဖွေး

အမြဲတမ်းဆန်းသစ်လတ်ဆတ်တဲ့ ဖက်ရှင်တွေနဲ့တွေ့ရတတ်တဲ့ ဖွေးဖွေးက သူစိတ်ဝင်စားတဲ့ ဖက်ရှင် အကြောင်းကို အခုလိုပြောပြခဲ့ပါတယ်။

ဖွေးဖွေးက ဖက်ရှင်ကို ဘယ်လောက်စိတ်ဝင်စားလဲ…
          အရမ်းကိုစိတ်ဝင်စားပါတယ်။ ခေါင်းထဲမှာဘယ်လိုဝတ်ရမလဲဆိုတာကို အမြဲတမ်းတွေးနေတယ်။ ဖက်ရှင် ဒီဇိုင်းရဲ့အရေးပါမှုကိ ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ မူတည်တယ်။ ဖွေးတို့ အနုပညာရှင်တွေ ကျတော့ လူအများရဲ့ အားပေးမှုကလိုတော့ First Impression ဆိုတာအရေးကြီးတယ်။ ဖွေးဖွေးအတွက် ဖက်ရှင်က 90 ရာခိုင်နှုန်း လောက် အရေးပါတယ်။

ဖက်ရှင်နဲ့ပတ်သတ်ပြီးတော့ ဘာတွေလေ့လာဖြစ်လဲ…
          နိုင်ငံခြားကထွက်တဲ့ ဖက်ရှင်မဂ္ဂဇင်တွေဖတ်တယ်။ Seventeen တို့ Vogue မဂ္ဂဇင်းနဲ့ ဂျပန်ကမဂ္ဂဇင်း တွေကို ဖတ်တယ်။ Fashion TV လည်း ကြည့်ဖြစ်တယ်။ ကိုယ်လိုချင်တဲ့ပုံလေးတွေကို အင်တာနက်ကလည်း ရှာတယ်။

ဖွေးဖွေးရဲ့ ဖက်ရှင်က မိန်းကလေးမဆန်ဘူးနော်…
          Cute ဖက်ရှင်တွေကတော့ ဖွေး Teenage လောက်တုန်းက လုပ်တာပေါ့။ အခုကျတော့ Urban Fashion တို့ Street Style တွေကို ဖွေးကြိုက်တယ်။ Sexy ဘက်ကိုတော့ သွားမှာမဟုတ်ဘူး။ မိန်းကလေး အရမ်းဆန်တဲ့ Elegant ဖြစ်တာမျိုး၊ Classic ဖြစ်တာမျိုး Barbie Doll လို ပုံစံမျိုးတွေကတော့ သိပ်မကြိုက် ဘူး။ ဒါက ဖွေးအနေနဲ့ပြောတာပါ။ ဗီဒီယိုတွေရိုက်ရမယ်။ ဇာတ်ကောင်အရ ၀တ်ရမယ် ဆိုရင်တောင် ဖွေးကြိုက်တဲ့ ဖက်ရှင်ဆိုတာကို မေ့ထားပြီး ၀တ်ဖြစ်ပါတယ်။

ပြည်ပက ဖက်ရှင်တွေထဲမှာဆိုရင် ဘယ်အနုပညာရှင်က လန်းတယ်လို့ထင်လဲ…
          Katy Parry, Pink တို့ကိုကြိုက်တယ်။ Vivenne Westwood ဆိုတော့ ပန့်ဖကရှင်ကိုစပြီး တီထွင်တဲ့သူ ပေါ့ ကြိုက်တယ်။ ဥရောပဖက်ရှင်တွေကိုလည်း သဘောကျတယ်။ အာရှဘက်က Colourful နဲ့ အရမ်း Cute ဖြစ်တဲ့ဘက်ကိုသွားတယ်။ ဥရောပကျတော့ အရောင်ကအစမှိုင်းပြီးတော့ စမတ်ကျတဲ့ ဘက်ကို သွားတယ်။

ဖွေးဖွေးရဲ့ ဖက်ရှင်ဒီဇိုင်နာက ဘယ်သူလဲ…
          ဒီဇိုင်နာအစွဲလည်း မရှိဘူး။ Brand အစွဲလည်း မရှိဘူး။ မြန်မာနိုင်ငံမှာဆိုရင် သက်နှင်းအေး၊ မဥမ္မာ ကျော်တို့နဲ့ချုပ်တယ်။ ပြီးတော့ မိုးကုတ်ပေါက်ပေါက်နဲ့လည်း ချုပ်ဖြစ်တယ်။ အခုဆိုရင် နိုင်ငံခြား ဖက်ရှင်ဒီဇိုင်နာ Jeremy Scott ရဲ့ ဒီဇိုင်းတွေကိုကြည့်ဖြစ်တယ်။ နောက် Vivienne Westwood ကိုလည်း ကြိုက်တယ်။

ဇာတ်ကားရိုက်မယ်ဆိုရင် အ၀တ်အစားအတွက် ဘယ်လိုပြင်ဆင်မှုမျိုးလုပ်ရလဲ…
          ဇာတ်ကိုစောရရင်ရသလိုတော့ စီစဉ်တာပေါ့။ တစ်ခါတစ်လေ နောက်ကျမှရတယ်ဆိုရင်လည်း ဇာတ်နဲ့ လိုက်မယ့်ဟာတွေကို မဖြစ်ဖြစ်အောင်စီစဉ်ရတာပေါ့။

ဖွေးဖွေးရဲ့ ခန္ဓာကိုယ်နဲ့ဘယ်လိုဝတ်စုံတွေဝတ်ရင် လိုက်ဖက်တယ်လို့ခံစားရလဲ…
          အဲဒါ စိတ်အခြေအနေပေါ် မူတည်တယ်။ ဖွေးရဲ့စိတ်ကအမြဲတသမတ်တည်းမဟုတ်တော့ သေချာကြီး ပြောလို့မရဘူး။ အမြဲတမ်းပြောင်းလဲနေတယ်။ တစ်ခုတည်းတော့ မဟုတ်ဘူး။ တစ်ခါတစ်လေ ယောက်င်္ကျား ဆန်ဆန်ကို ကြိုက်တယ်ဆိုရင် ဂျာကင်တွေချည်းပဲ ၀တ်တာများတယ်။

ကိုယ်ကသူများကို ဖက်ရှင်နဲ့ပတ်သတ်ပြီး အကြံဥာဏ်ပေးရတာ သဘောကျလား…
          အဲဒါအလုပ်ဆုံးပေါ့။ သူငယ်ချင်းဆိုရင် Makeover လုပ်ပေးတယ်။ သူတို့အပြင်သွားခါနီးဆိုရင် မျက်နှာ၊ ဆံပင်အကုန်ပြင်ပေးတယ်။ အ၀တ်အစားကိုလည်း ဘာဝတ်သင့်တယ်ဆိုပြီး ပြောနေကျပဲ။ အရင်တုန်းကပြော တာပါ။ အခုတော့ ကိုယ့်အလုပ်နဲ့ကိုယ် သိပ်မအားတော့ဘူး။ ကိုယ်လုပ်ပေးလိုက်တာနဲ့ သူတို့ပိုလှသွားရင် ကျေ နပ်တယ်။

ကိုယ့်ရဲ့အ၀တ်အစားတွေကရော ဒီဇိုင်နာနဲ့တိုင်ပင်ပြီးချုပ်တာလား…
          ဒီဇိုင်နာရဲ့အိုင်ဒီယာရော ဖွေးရဲ့အိုင်ဒီယာရော နှစ်ခုစလုံးပါပဲ။ အဓိကကတော့ ဖွေးရဲ့အမေကတော့  ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သတ်ရင် အများဆုံးစဉ်းစားပေးတယ်။ အစ်မကလည်း အဲဒီဘက်မှာဝါသနာပါတယ်လေး။ ဖွေးဖွေးက အိုင်ဒီယာနည်းနည်းလောက် စဉ်းစားလိုက်ရင် အမေက ချက်ချင်းသွားဝယ်တယ်။ ငယ်ငယ်တုန်းက အမေနဲ့အ၀တ်အစားအတွက်နဲ့ပဲ အမြဲရန်ဖြစ်နေရတယ်။ အမေ က သူဆင်တာပဲဝတ်ရမယ်ဆိုပြီးတော့လေး။ အဲဒီအခါကျရင် ဖွေးကငိုတယ်။ ကြီးလာတော့ ညှိလို့ရသွား တယ်။ ကိုယ်ကြိုက်တဲ့ဟာလေးတွေနဲ့ အမေက လည်း သူ့အိုင်ဒီယာလေးနဲ့ပေါင်းပြီး လုပ်ဖြစ်တာပေါ့။

ဖွေးဖွေးက ဆံပင်ပုံစံပြောင်းရတာကြိုက်တယ်နော်…
          ဖွေးအခုအတိုလေးညှပ်ထားတယ်ပေါ့နော်။ အဲဒီပုံစံကိုလည်း ကိုယ်နဲ့လိုက်တယ်လို့ထင်တယ်။ ကြိုက် လည်းကြိုက်တယ်။ ဆံပင်အတိုကိုပဲ အရောင်တွေပြောင်းဆိုးတာလည်း ခဏခဏပေါ့။

ဖွေးဖွေးက ဇာတ်ကားထဲမှာဆိုရင်လည်း အိတ်ဆန်းဆန်းလေးတွေ လွယ်ဖြစ်တယ်နော်…
          အိတ်ဆိုရင်တော့ Brand ကို ကိုင်တာထက် ဖွေးကြိုက်တဲ့ပုံစံအတိုင်း ခပ်ရှင်းရှင်းမဟုတ်ဘဲ နည်းနည်း ရှုပ်တဲ့ပုံစံလေးတွေဆိုရင် ပိုပြီးသဘောကျတယ်။

ဘယ်အနုပညာရှင်တွေရဲ့ ဖက်ရှင်တွေကို သဘောကျလဲ…
          ဖွေးလူတစ်ယောက်ကို ကြိုက်ရင် သူတို့ကိုဖြူဖြူစင်စင်လေး ဒီအတိုင်းပဲကြိုက်တယ်။ အတုယူတာမျိုး တော့ မရှိဘူး။ ဖွေးတို့ငယ်ငယ်တုန်းကဆိုရင် မအူဝဲတို့၊ မစိုးကြီးတို့ရဲ့ ဖက်ရှင်တွေဆို အရမ်းမိုက်တယ်လေ။ ဒါကြောင့်မို့ ကိုယ်ကြိုက်တဲ့နေရာမှာပဲ သူတို့ကိုတန်ဖိုးထားပါတယ်။

မြန်မာဝတ်စုံတွေရော သဘောကျလား…
          အရမ်းကြိုက်တာပေါ့။ ဂျပ်ခုတ်ထည်၊ ချိတ်တွေ ရှေးဆန်ဆန်ဝတ်ရတာကြိုက်တယ်။ အခုနောက်ပိုင်း မြန်မာဝတ်စုံတော်တော်များများမှာ အခုခေတ်နဲ့ဟိုးရှေးတုန်းကပုံပို ပေါင်းထားတာမျိုးလေးတွေကို ပိုပြီးတော့ ကြိုက်တယ်။  ကိုယ့်ရဲ့ရိုးရာကို ဆန်းသစ်အောင်လုပ်တာမျိုးပေါ့။ တချို့ကျတော့လည်း အရမ်းဆန်းသစ် လွန်းသွားရင် အရမ်းရှုမ်သွားတာမျိုးလည်း တွေ့ရတယ်။ အဲဒါမျိုးဆိုရင်တော့ ဖွေးမကြိုက်ဘူး။ ပွဲတက်မယ် ဆိုရင် လည်း အရိုးရှင်းဆုံးမြန်မာဖက်ရှင်ကိုပဲ ရွေးချယ်ဖြစ်ပါတယ်။

အဉ္ဇလီ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape 

Share on Google Plus

0 comments:

Post a Comment