မော်ဒယ်လုပ်ရင်ပျက်စီးနေတာလို့ လူတွေပြောကြတာကို ညီမသဘောမတူဘူး........ ပိုးစန္ဒာခင်












အနုပညာလောကမှာ မော်ဒယ်လုပ်ရင်ပျက်စီးနေတာလို့ လူတွေပြောကြတာကို ညီမသဘောမတူဘူး
ပိုးစန္ဒာခင်
လတ်တလောမှာတော့ အကယ်ဒမီရွှေကြိုဗန်းကိုင်ပါသွားခဲ့ပါတယ်။ ဗန်းကိုင်လုပ်ခဲ့တယ်ပေါ့။ ဒီနှစ် အစောကြီးကတည်းက ပြိုင်မယ်လို့ စဉ်းစားထားတာ။ အနုပညာ အလုပ်တွေရှေ့ဆက်လုပ်ဖို့ပေါ့။ ပထမဆုံး ပြိုင်တာပါလို့ ဆိုလာသူလေးက မကြာခင်က အသံမျိုးစုံမြည်ဟီးခဲ့တဲ့ ၂၀၁၅-၁၆ အကယ်ဒမီပွဲရဲ့ ရွှေကြိုလေး ပိုးစန္ဒာခင် (ပိုးပိုး) ဖြစ်ပါတယ်။ သူမနဲ့ ပြောဖြစ်ခဲ့တာက…
  
ရွှေကြိုပြိုင်ဖို့အတွက် အစကတည်းက ရင်ခုန်ထားတာဖြစ်တဲ့အတွက် မေးခွန်းတွေ၊ အ၀တ်အစားတွေ ကို ပြိုင်ပွဲမတိုင်ခင်က တည်းကကြိုပြီးပြင်ဆင်ခဲ့တာပါရှင်
ရွှေကြိုပြိုင်ဖို့အတွက် အစကတည်းက ရင်ခုန်ထားတာဖြစ်တဲ့ အတွက် မေးခွန်းတွေ၊ အ၀တ် အစားတွေကို ပြိုင်ပွဲမတိုင်ခင်ကတည်းက ကြိုပြီးပြင်ဆင်ခဲ့တာပါရှင်။ မေးခွန်းပိုင်းအနေနဲ့ မနှစ်ကပြိုင် ဖူးခဲ့တဲ့လူတွေကို မေးကြည့်ခဲ့တယ်။ အကယ်ဒမီဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ကားတွေ၊ မြန်မာ့ရုပ်ရှင် သမိုင်းတွေ၊ ရှေ့ခေတ်နာမည်ကြီးမင်းသား၊ မင်းသမီးအကြောင်းတွေ၊ အကယ်ဒမီအစ ခုနှစ်တွေ ကိုမေးပြီးလေ့ လာခဲ့ပါတယ်။ 

အနုပညာလောကထဲကို၂၀၁၄ ခုနှစ်ကုန်ခါနီးလောက်မှာစပြီးဝင်လာတာပါ
အနုပညာလောကထဲကို၂၀၁၄ ခုနှစ်ကုန်ခါနီးလောက်မှာစပြီးဝင်လာတာပါ။ အဲဒီတုန်းက ကျင်းပခဲ့ တဲ့ Sky Angel ဆိုတဲ့ လေယာဉ်မယ်ပြိုင်ပွဲလေး ၀င်ပြိုင်ဖြစ်ခဲ့တယ်။ အဲဒီမှာဆုရပြီး တီချယ်မိုး ဆီမှာ သင်တန်းတက် ပြီး မော်ဒယ်လောကထဲဝင်တာပါ။ Sky Angel  မှာ ပြိုင်ခဲ့တာပါ။ 

လေယာဉ်မယ်လုပ်မယ့် အစီအစဉ်မရှိခဲ့ပါဘူး။ မျက်မှန်ပါဝါ ၅၀၀/ ၆၀၀လောက်ဆိုတော့ မစဉ်းစားဖူးဘူး။ အား တော့ ပြိုင်ကြည့်လိုက်ရင်း ဆုရသွားတာရှင့်
Nok Air ပြိုင်ပွဲမှာတုန်းက ညီမတက္ကသိုလ်ကျောင်းပြီးခါစ။ အိမ်မှာလည်းအားနေတယ်။ အလုပ်မရှိဘူး။  အင်တာနက်သုံးရင်းနဲ့ Facebook ကနေ လေယာဉ်မယ်ခေါ်တယ်ပေါ့။ အဲဒါနဲ့ သွားပြိုင်ဖြစ် တာ။ ညီမက လေယာဉ်မယ်လုပ်မယ့် အစီအစဉ်မရှိပါဘူး။ ညီမက မျက်မှန်တပ်တယ်။ ပါဝါ ၅၀၀/၆၀၀ လောက် ဆိုတော့ မစဉ်းစားဖူးဘူး။ ဒါပေမဲ့အားလည်း အားနေတယ်ဆိုတော့ ပြိုင်ကြည့်လိုက် ရင်းဆုရသွား တာရှင့်။
Nok Air ပြိုင်တုန်းက ညီမကအပြင်လူတစ်ယောက်အနေနဲ့ကိုး မော်ဒယ်လည်းမဟုတ်တဲ့အတွက် ပါလာတဲ့သူငယ်ချင်းတွေကလည်း မော်ဒယ်တွေပါတော့ သူတို့ကပိုပြီးအရည်အချင်းရှိတာပေါ့။ သူတို့အနေနဲ့ လူမှုဆက်ဆံရေးတွေက ကိုယ့်ထက်သာတယ်လေ။ ပြိုင်ပွဲလေးမှာ အချင်းချင်းဆီကလည်းပညာရပါတယ်။ လေယာဉ်မယ်ပြိုင်တာကကျတော့ မော်ဒယ်လိုမဟုတ်ဘူး။ Team Work ပြိုင်ရတာ။ ၂ယောက် ၃ယောက်တစ် တွဲစီ။ ပေါင်းသင်းဆက်ဆံရေး၊ Friendship ပေါ့နော်။ တစ်ယောက်ဒုက္ခရောက်နေရင် ဘယ်လိုကူညီမလဲ။ သူငယ်ချင်းစိတ်ဓာတ်ကို ပြိုင်ရတာဖြစ်တဲ့အတွက် ညီမဆုရတာပါ။ တကယ်လို့သာ မော်ဒယ်ပြိုင်ပွဲဆိုရင်တော့ ညီမလေး ဆုရခဲ့မှာမဟုတ်ပါဘူး။

ပြိုင်ပွဲတုန်းက ညီမရိုးသားမှုတစ်ခုတည်းနဲ့ ဆုရခဲ့တယ်လို့ထင်ပါတယ်
ပြိုင်ပွဲတုန်းကဆို ညီမမျက်နှာကို မိတ်ကပ်မလိမ်းတတ်သေးဘူး။ အဲဒီတုန်းက ညီမရိုးသားမှုတစ်ခု တည်းနဲ့ ဆုရခဲ့တယ်လို့ထင်ပါတယ်။ ထိုင်းဘက်က ဒိုင်တွေကလည်း ညီမကိုသဘောကျတယ်။ 

ဒီအနုပညာလောကမှာ မော်ဒယ်လုပ်ရင်ပျက်စီးနေတာလို့ လူတွေပြောကြတယ်။ ညီမက သဘောမတူဘူး
အနုပညာလောကမှာ မော်ဒယ်လုပ်ရင် ပျက်စီးနေတာလို့ လူတွေပြောကြတယ်။ ညီမက သဘောမတူဘူး။ ညီမအစကတည်းက ၀ါသနာပါတာလေ။ ၁၀တန်းပြီးကတည်းက သင်တန်း တက်မယ် ဆိုပြီး မတက်ဖြစ် တာ။ အိမ်ကသဘောမတူဘူးပေါ့နော်။ ဒါပေမဲ့ အခုကကျောင်းလည်းပြီးသွားပြီ။ ပညာလည်းစုံသွားပြီဆိုတော့ လေ။
အိမ်က သဘောမတူခဲ့ဘူးဆိုပေမယ့်လည်း အတိုက်အခံတော့ အများကြီးမလုပ်ခဲ့ရပါဘူး။ လေယာဉ် မယ်လည်း အကြောင်းကြောင်းကြောင့်မလုပ်ဖြစ်ခဲ့ဘူး။ ညီမလေးဆုရသွားပေမယ့် ဆေးစစ် လိုက်တော့အဆင်မပြေဘူး။ အဆုတ်မကောင်းလို့ လေယာဉ်မယ်မဖြစ်ခဲ့တာ။ အဲဒါနဲ့ မလုပ်ဖြစ်ဘဲ တီချယ်မိုးနဲ့ တွဲလုပ်ဖြစ်ခဲ့တာ။
မော်ဒယ်သက်တမ်းတစ်လျှောက်မှာတော့ ဘာပြိုင်ပွဲမှမပြိုင်ဖူးပါဘူး။ ရွှေကြိုပြီးသွားလို့အခွင့်အလမ်းရမယ် ဆိုရင်တော့ သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်ပါတယ်။ ဒီလိုမှမဖြစ်သေးဘူးဆိုရင်တော့ Miss World ကိုပြိုင် မယ်လို့ စဉ်းစားထားပါတယ်။ 

ရွှေကြိုမှာဗန်းကိုင်လိုက်လို့ ပရိသတ်တွေသတိထားမိတယ်လို့ မထင်ပါဘူး
ရွှေကြိုမှာဗန်းကိုင်လိုက်လို့ ပရိသတ်တွေသတိထားမိတယ်လို့ ညီမမထင်ပါဘူး။ ကိုယ့်ရဲ့ကံရယ်၊ စန်း ရယ်နဲ့လည်း ဆိုင်မယ်လို့ထင်ပါတယ်။ ပါသွားတဲ့လူအများကြီးထဲမှာ ကိုယ်တစ်ယောက်ထဲကို မှတ်မိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ စန်းရှိမယ်ဆိုရင်တော့ သရုပ်ဆောင်တစ်ယောက် ဖြစ်နိုင်ပါတယ်။
သီချင်းဆိုတာ ၀ါသနာတော့ပါတယ်။ သီချင်းဆိုရတာအဆင်မပြေဘူး။ သရုပ်ဆောင်သင်တန်းကို အခွင့်အရေး ရမယ်ဆိုရင်တော့ တက်ချင်ပါတယ်။
ညီမ ကိုယ်တိုင်ကြည့်မယ်ဆိုရင်တော့ Drama ကိုကြိုက်တယ်။ အရမ်းကြီးမြူးနေတာ မျိုးတော့ မကြိုက်ဘူး။ ပထမဆုံးသရုပ်ဆောင်မယ် ဆိုရင်လည်း ဇာတ်လမ်းအေးအေးလေးကို သရုပ်ဆောင်ကြည့် ချင်ပါတယ်။ 

၆တန်း ၇တန်းလောက်ကတည်းက Day Cream ၊ Night Cream လိမ်းတယ်။ တံဆိပ်က Vitaco လိမ်းတာ   
အသားအရေ ဘယ်လိုထိန်းသိမ်းလဲဆိုရင် ညီမ ၆တန်း ၇တန်း လောက်ကတည်းက Day Cream ၊ Night Cream လိမ်းတယ်။ ဘာရယ်လို့တော့မသိပါဘူး။ ငယ်ငယ်က မထက်ထက်မိုးဦးကြော်ငြာတာလေး။ Vitaco ဆိုတာဝယ်လိမ်းတာ။ အခုလည်းလိမ်းတယ်။ မနက်တစ်ခါ ညတစ်ခါ မျက်နှာသစ်တယ်။ ဒီလောက်ပါပဲ။ ထူးထူး ခြားခြားတော့ မရှိဘူး။ Cosmetic ထဲမှာဆိုရင် လောလောဆယ် L’Oreal သုံးတယ်။
ညီမအိမ်မှာမေမေက အင်္ကျီချုပ်ဆိုင်ဖွင့်ထားတာ။ အထည်လည်းရောင်းတယ်။ အင်္ကျီလည်းချုပ်တယ် ရှင့်။ အဲဒီမှာလည်းဝိုင်းပြီး ကူလုပ်ပေးပါတယ်။ အိမ်မှာက အမေ့ဆိုင်မှာအလုပ်လုပ်တယ်ဆိုတော့ ဒီလူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးပေါ့နော်။ အင်္ကျီချုပ်ဆိုင်ဖြစ်တဲ့အတွက်လူတွေနဲ့ ဘယ်လိုဆက်ဆံရမယ် ဘယ်လိုစကား ပြောရမယ်ဆိုတာတွေ အများကြီးသိလာရတာပေါ့။ 

Fashion ပိုင်းအနေနဲ့ဆိုရင် ပုံမှန်အတိုင်းဆို ဘောင်းဘီ၊ ဂါဝန်လေးတွေလိုမျိုးဝတ်ပါတယ်။
Facebook ပေါ်အမြင်ပြောရမယ်ဆိုရင် မသုံးတတ်ရင်အန္တရာယ်ရှိတာပေါ့နော်။ အခုအချိန်အထိ Facebook သုံးလာတာ Comment ဆိုးဆိုးတွေနဲ့ တိုက်ခိုက်တာမျိုးတာ့မရှိပါဘူး။ Facebook ပေါ်အမြင် ပြောရမယ်ဆိုရင် သုံးတတ်ရင်ပညာတွေ အများကြီးရပြီးတော့မသုံးတတ်ရင် အန္တရာယ်ရှိတာပေါ့နော်။ အခုနကလိုမျိုး Comment ဆိုးဆိုးတွေပေးတာမျိုးပေါ့။ Instagram လည်းသုံးဖြစ်ပါတယ်။ Facebook သုံးရတာ ပိုသဘောကျတယ်။ Instagram က သုံးတာသိပ်မကြာသေးတော့ Followers လည်းနည်းနေသေး တော့ Like လည်းနည်းနေတယ်။
ပရိသတ်ကြီး အားလုံးကျန်းမာကြပါစေ။ ညီမကိုလည်းဒီထက်မက အားပေးနိုင်ကြပါစေလို့ ဆုတောင်း ပေးချင်ပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment