ဒီတစ်ပတ်တော့
ပင်လုံဘက်ရောက်တုန်းက စားခဲ့ရတဲ့ ပအို့ရိုးရာ ဟင်းလေးတွေအကြောင်းကို မယ် တော်မားသားကိုပြောပြလိုက်တယ်။
ချက်စားကြမလားမေးတော့ အပြောင်းအလဲလေး လည်းဖြစ် သားပဲ ချက်ကြရအောင်ဆိုတော့ ပအို့ရိုးရာစတိုင်လ် ဝက်သားဆီပြန်ဟင်းလေးကို
အဓိကထားပြီး အရန် ဟင်းကတော့ မုန်ညင်းချဉ်နဲ့ ဘိုစားပဲသီးလေးပဲ အရည်သောက်ချက်၊ နောက်ပြီး
ပဲပုပ်လေးထောင်းမယ်။ ဒီလောက်ဆိုရင် တော့ စားလို့ကောင်းမှာ သေချာသလောက်ရှိပြီပေါ့နော်။
မယ်တော်မားသား ဈေးကပြန် လာတာနဲ့ ချက်ရေး ပြုတ်ရေး စကြတယ်ပေါ့နော်။
ဝက်သားဆီပြန်
ဝက်ပေါင်သားကို
အတုံးသေးသေးလေးတွေလှီး၊ ဆား၊ ကြက်သားမှုန့်နဲ့နယ်ပြီး ခဏနှပ်ထား၊ ဂျင်း ငရုပ်သီးခွဲခြမ်းမှုန့်နဲ့
ကြက်သွန်ဖြူ ရောထောင်းပြီး နနွင်းမှုန့် နည်းနည်းထည့် ဆီသတ်၊ ပြီးရင် ခုနက အရသာ ထည့်ပြီး
နှပ်ထားတဲ့ဝက်သားတုံးလေးတွေထည့် ရေခမ်းတဲ့အထိနာနာလုံး ရေနည်းနည်းချင်း ထည့်ပြီး ဝက်သားနူးတဲ့အထိတည်၊
ဝက်သားလည်းနူး ရေလည်းခမ်း ခပ်ခြောက်ခြောက်လေးပေါ့နော်။ ဒါဆိုရင်တော့ ပအို့ရိုးရာစတိုင်
ဝက်သားဆီပြန်ဟင်းတစ်ခွက် ရပြီပေါ့။ ချက်ရတာ ရိုးရိုးရှင်းရှင်းလေးနဲ့ စားလို့ကတော့
တစ်ကယ်ကောင်းတယ်။
မုန်ညင်းချည်ပဲသီးဟင်းချို
မုန်ညင်းချဉ်ကိုတော့
ငရုပ်သီးမပါတဲ့ မုန်ညင်းချဉ်အချိုကိုပဲသုံးရမယ်။ ကြက်သွန်ဖြူနဲ့ ချင်း ဓါးပြား ရိုက်ထားတာကို
ရေနွေးဆူလာတာနဲ့ ထည့်ပြီးရင် မုန်ညင်းချဉ်ထည့် အရသာအနေနဲ့ ဆားနဲ့ကြက်သား မှုန့်လေးထည့်၊
မုန့်ညင်းချဉ်က အချဉ်လေးထွက်လာပြီး အရသာလေးလည်း အနေတော်လေး ဖြစ်ပြီဆိုမှ လှီးထားတဲ့ဘိုစားပဲလေးတွေ
ထည့်လိုက်ရင် မုန်ညင်းချဉ်နဲ့ ပဲသီး အရည်သောက်ဟင်းတစ်ခွက် ရပြီပေါ့နော်။ ဝက်သားဆီပြန်ဟင်းလေးနဲ့ကတော့
လိုက်မှလိုက်ပေါ့နော်။ ပိုပြီး ရိုးရာလည်းဆန်၊ စားလို့ လည်း မြိန်သွားအောင် ပဲပုတ်လေး
ထောင်းလိုက်တာပေါ့။
ပဲပုပ်ထောင်း
ပဲပုပ်လေးကို
မီးလေးနည်းနည်းကင်၊ ငရုတ်သီးစိမ်း၊ ဂျင်းနဲ့ ပင်စိမ်း ကိုအရင်ထောင်း၊ ပြီးမှ ခုနကမီး
ကင်ထားတဲ့ ပဲပုပ်လေးပါ ရောထည့် ထောင်းလိုက်ရင် စပ်စပ်လေးနဲ့ မွှေးမွှေးလေး စားကောင်းတဲ့ ပဲပုပ်ထောင်း
လေး ရပြီပေါ့။ ဒါဆိုရင်တော့
ပအို့ရိုးရာစတိုင် ဟင်းလေးတွေဖြစ်တဲ့ ဝက်သားဆီပြန်လေးရယ် မုန့်ညင်းချဉ်နဲ့ ပဲသီး ဟင်းရည်လေးရယ်
ပဲပုပ်ထောင်းလေးရယ်နဲ့ မယ်တော်မားသားတော့ စားကောင်းမှာ အသေအချာပဲပေါ့နော်။ ဒီတစ်ပတ်ကတော့
ဒီလောက်ပဲချက်ကျတာပေါ့ ဆွေမျိုးတို့ရာ နောက်တစ်ပတ်မှ နောက်တစ် မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့နော်။
အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment