အိန္ဒိယမင်းသမီး ပရိယန်တီ ချောပရာ










ပရိယန်တီချောပရာကတော့ ဟင်ဒီရုပ်ရှင်တွေမှာအများဆုံးပါဝင်တဲ့ အိန္ဒိယမင်းသမီးတစ်လက်ပါ။ Filmfare Award, National Film Award အပါအ၀င် ဆုပေါင်းများစွာရရှိထားပါတယ်။ ဒါတင် မကပါဘူး။ လူ့အခွင့်အရေးလှုပ်ရှားသူ၊ ကြော်ငြာသရုပ်ဆောင်အနေနဲ့လည်း လူသိများပါတယ်။

ပရိယန်တီက ဘဏ်လုပ်ငန်းမှာလုပ်ကိုင်ဖို့အတွက် Manchester Business School မှာစီးပွားရေး ဘာသာယူခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် အိန္ဒိယကိုပြန်ပြီးနောက် Yash Raj Flim မှာ Public Relation Consultant အနေနဲ့ လုပ်ကိုင်ရင်းကနေ ကုမ္ပဏီနဲ့မင်းသမီးအဖြစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် Ladies Vs Ricky Baghl မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အဲဒီဇာတ်ကားနဲ့အတူ Filmfare Award For Beat Female Debut ဆုရခဲ့ပြီး Best Supporting Actress ဆုလျာထားခံခဲ့ရပါတယ်။ Shuddh Desi Romance, Hasee Toh Phesee ဇာတ်ကားတွေကလည်း သူမရဲ့အောင်မြင်တဲ့ ဇာတ်ကားတွေပါ။ ဒီအောင်မြင်မှုတွေကပဲ သူမကို အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်လက် ဖြစ်စေခဲ့ပါတာပါ။

အနုပညာမှာသာမက သူမက အလှူအတန်းကိစ္စတွေမှာလည်း ပါဝင်ကူညီခဲ့ပါသေးတယ်။ Wills Lifestyle India Fashion Week မှာပါဝင်ပြီး လူမှုအဖွဲ့အစည်းတွေ အတွက်လှူဒါန်းခဲ့ပါတယ်။ KurKure, Nivea, Naaza, Spinz We Chat, Panteana စတဲ့ကြော်ငြာတွေလည်း အများဆုံးပါဝင်ခွင့်ရခဲ့ပါ တယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment