သဲပေါ်မှာအိမ်ဆောက်ရင်ပြိုပျက်သွားမှာလူတိုင်းသိပါတယ်။အဆောက်အဦးအခြေခိုင်ဖို့အောက်ခြေ
ကောင်းကောင်းလိုအပ်သလို ဆက်ဆံရေးတိုင်းမှာလည်း လိုအပ်ပါတယ်။
လူတိုင်းရဲ့ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးမတူသလို
လူတိုင်းရဲ့တန်ဖိုးထားပုံချင်းလည်း
မတူကြပါဘူး။ ဒါပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက်
ဆက်ဆံရေးတွေပိုပြီးခိုင်မြဲတည်တံ့စေဖို့
တူညီတဲ့ကြိုးစားအားထုတ်မှုတွေရှိဖို့ လိုပါတယ်။
ယုံကြည်မှု
ဆက်ဆံရေးတစ်ခုထဲဝင်လာပြီဆိုရင် ကိုယ့်လက်တွဲဖော်
အပြည့်အ၀မယုံကြည်ထားဖို့လိုပါတယ်။ ယုံကြည်မှုက ဆက်ဆံရေးတိုင်းရဲ့ အခြေခံအုတ်မြစ်ပါ။
ကိုယ့်ချစ်သူက ကိုယ့်ကိုယ်မထိခိုက်စေဘူး၊ မနာကျင် စေဘူးဆိုတာ ယုံကြည်ထားပါ။
လေးစားမှု
လေးစားမှုဆိုတာလည်း ဆက်ဆံရေးတစ်ခုမှာ
ဖော်ပြသင့်တဲ့အရာတစ်ခုပါ။ လေးစားမှုက သက် ရောက်မှုကောင်းကောင်းရှိပါတယ်။ လေးစားမှုဆိုတဲ့နေရာမှာ
တစ်ယောက်နဲ့တစ်ယောက်ကိုးကွယ်မှု၊ ယုံကြည် မှု၊ ဖြစ်တည်မှုတွေကို လေးစားသမှုရှိခြင်းကိုဆိုလိုပါတယ်။
ရယ်မောခြင်း
ရယ်မောခြင်းကလည်း ဘ၀မှာအရိုးရှင်းဆုံးကိစ္စတွေထဲကတစ်ခုပါ။
တစ်ယောက်နဲ့တစ်ယောက် ရယ်မောပျော်ရွှင်စေလေ ပိုပြီးရင်းနှီးမှုရလေပါ။ ရင်းနှီးလာတဲ့အတွက်
ဆက်ဆံရေးက ပိုပြီးခိုင်မြဲ လာပါလိမ့် မယ်။
မေတ္တာ
အကြင်နာ၊ ပွေ့ဖက်ထွေးပွေ့ထားမှုတွေက
လူနှစ်ဦးသားပိုပြီးနီးစပ်စေပါတယ်။ ရိုးရှင်းတဲ့ အထိ အတွေ့လေးတွေက ဆက်ဆံရေးကိုပိုပြီး
အင်အားကြီးမားစေတဲ့ အစွမ်းထက်လက်နက်လေးတွေပါ။
တောင်းပန်ခြင်း
လူတိုင်းအမှားနဲ့ မကင်းကြပါဘူး။ အမှားနဲ့မကင်းတဲ့လူတိုင်း
ကိုယ့်ကိုယ်ချစ်တဲ့လူတွေကို နာကျင်စေ ဖူးကြပါလိမ့်မယ်။ ဘယ်လောက်ပဲချစ်ကြတယ်ဆိုပေမဲ့
ဒါကအချိန်ကြာလာတဲ့အခါ အစိုင်အခဲဖြစ်လာပါ တယ်။ ဒီအစိုင်အခဲလေးတွေ ကြေသွားစေဖို့ တောင်းပန်လိုက်တာမကောင်းဘူးလား။
ဆက်ဆံရေး
ကိုယ့်စကားပြောသလောက် တစ်ဖက်လူစကားကိုလည်း
နားထောင်တတ်ဖို့လိုပါတယ်။ တစ်ဘ၀ လုံး အတူရှိနေမဲ့ချစ်သူနှစ်ဦးက အရာရာတိုင်းကို ပွင့်ပွင့်လင်းလင်း
ပြောဆိုသလို စိတ်ရှင်းရှင်းလေးနဲ့လည်း နား ထောင်တတ်ဖို့လိုပါတယ်။
ရိုးသားမှု
လိမ်ညာမှုက တည်ဆောက်ထားတဲ့ ယုံကြည်မှုနဲ့ဆက်ဆံရေးကို
ပျက်ပြားစေပါတယ်။ ပြဿနာက
တစ်ကြိမ်လိမ်ဖူးပြီးသွားရင် နောက်တစ်ကြိမ်ထပ်လိမ်ဖို့ နှုတ်ရဲလာတာပါ။ အဲဒီတော့ အတတ်နိုင်ဆုံး
ရိုးသား ပွင့်လင်းပါ။
လွတ်လပ်မှု
တစ်ယောက်ဘ၀ထဲ တစ်ယောက်ဝင်လာတယ်ဆိုပေမဲ့
တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ကလည်း လိုအပ်ပါတယ်။ ခိုင်မြဲတဲ့ဆက်ဆံရေးဆိုတာ
သူတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာကို လွတ်လွတ်လပ်လပ် ရေး ဆွဲရင်းပိုပြီးခိုင်မြဲလာကြတာပါ။
လိင်ကိစ္စခွင့်ပြုချက်
လိင်ကိစ္စခွင့်ပြုချက်ကလည်း ချစ်သူနှစ်ဦးကိုပိုပြီးရင်းနှီးစေမယ့်
အခြေခံအချက်တစ်ခုပါ။ ဒါကြောင့် ပွင့်လင်းမှုရှိဖို့လိုပါတယ်။
ခင်မင်မှု၊ အကြင်နာတရား
အချစ်လိုပဲ ဆက်ဆံရေးတစ်ခုမှာ ခင်မင်မှုနဲ့အကြင်နာတရားလိုပါတယ်။
တစ်ချို့ကိစ္စတွေက ချစ်သူ တစ်ဦးလိုထက် ခင်မင်မှု၊ အကြင်နာတရားနဲ့ ဖော်ပြမှ အဆင်ပြေမှာတွေကြောင့်ပါ။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment