နှလုံးသားနောက်ကိုလိုက်ကြည့်ပါ










Relationship
ပြိုင်ဆိုင်မှုတွေ တစ်နေ့တစ်ခြားပြင်းထန်လာတဲ့ခေတ်ကြီးထဲမှာ ငွေကြေး၊ ဘ၀လုံခြုံမှုအာမခံတွေ နောက်ကို လူသားတွေ အသည်းအသန်လိုက်နေကြတာ မထူးဆန်းသလိုဖြစ်နေပါပြီ။ ဘ၀လုံခြုံဖို့အတွက် ငွေကြေးနောက်လိုက်၊ ပိုင်ဆိုင်မှုတွေလုံခြုံမှုအတွက် ဘ၀လုံခြုံမှုအာမခံတွေနောက်လိုက်ရင်း နှလုံးသား နောက်ကိုလိုက်ဖို့မေ့လျော့နေကြပါတယ်။ တကယ်တော့ ပျော်ရွှင်မှုဆိုတာ ငွေကြေး၊ ဘ၀အာမခံတွေထက် နှလုံးသားကနေအစပြုတာ မဟုတ်ပါလား။ အဲဒါဆို ဘာကြောင့် နှလုံးသားနောက်မလိုက်ဘဲ ငွေကြေးနောက် အသည်းအသန်လိုက်နေကြတာလဲ… ။ နှလုံးသားနောက်ကိုလိုက်ကြည့်ပါ။

လုပ်ချင်တဲ့အတွက်ပိုလုပ်လာနိုင်မယ်
ကိုယ်လုပ်ချင်တဲ့အလုပ်နဲ့ လုပ်မှကိုဖြစ်မဲ့အလုပ် ဘယ်ဟာက ပိုပြီးလွယ်လွယ်ကူကူပြီးမြောက် မယ်ထင်ပါသလဲ။ ကိုယ်လုပ်ချင်တာလုပ်ရတာက စိတ်ကိုပျော်ရွှင်စေလို အလုပ်မြန်မြန်ပြီးမြောက်စေ ပါလိမ့်မယ်။

ပိုပြီးအားစိုက်လာမယ်
ကိုယ်လုပ်ချင်တာလေးလုပ်ခွင့်ရတဲ့အခါ အဲဒီအလုပ်လေးပိုကောင်းသွားဖို့ ကြိုးစားဖူးကြမှာပါ။ တစ်ခြားအရာတွေထက် ပိုကောင်းဖို့ကြိုးစားမိကြမှာပါ။ အဲဒီတော့ ပိုပြီးအားစိုက်လာနိုင်မယ်မဟုတ်ပါလား။

ပိုပြီးကျေနပ်တယ်
ကိုယ်အားကြိုးမာန်တက် အားစိုက်လုပ်လိုက်တဲ့အလုပ်လေး အောင်မြင်သွားတဲ့အခါ ဘယ်သူမဆို 'ငါကြောင့်' ဆိုတဲ့ ကျေနပ် ပီတိကိုခံစားကြရမှာပါ။

မနှစ်သက်တာလုပ်နေရမယ်ဆိုရင်
မနှစ်သက်တာလုပ်နေရမယ်ဆိုရင် စိတ်တွေလည်း မကြည်လင်တော့ပါဘူး။ အဲဒီအတွက် တီထွင် ဖန်တီးနိုင်စွမ်းတွေလျော့ကျလာပါတယ်။ ဘာမှမလုပ်နိုင်လေ စိတ်ဓာတ်တွေကျလာလေပါ။

ကိုယ့်ဘ၀ကိုယ်ပိုထိန်းချုပ်လာနိုင်မယ်
လုပ်ရမှာထက် လုပ်ချင်တာလေးလုပ်ခွင့်ရတဲ့အချိန်က ကိုယ့်ဘ၀ကိုယ်ထိန်းချုပ်ပိုင်ဆိုင်ခွင့်ရနေတဲ့ အချိန်လေးလိုပါပဲ။ တစ်ခြားလူရဲ့အထိန်းအကွပ်မရှိ ကိုယ့်ကိုယ်ကိုယ်ပိုင်ဆိုင်ကျေနပ်နေမယ်။

တီထွင်နိုင်စွမ်းတွေပိုကောင်းလာမယ်
ကိုယ့်အိမ်မက်တွေနောက် တကောက်ကောက်လိုက်နေခွင့်ရတဲ့အချိန်လေးက ကြည်နူးစရာ အကောင်းဆုံးအချိန်လေးပါ။ အဲဒီအတွက် အိမ်မက်လေးလှပစေဖို့ ကိုယ့်ကိုယ်ကိုယ်စိတ်ကူးသစ်တွေနဲ့ ပိုပြီးတီထွင်ဖန်တီးနိုင်မယ်။

ကိုယ့်မှာလုပ်ပိုင်ခွင့်အာဏာ အပြည့်ရှိမယ်
တစ်ခြားလူရဲ့ခိုင်းစေချက်ကြောင့်မဟုတ်ဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်လုပ်နေရတဲ့အတွက် ကိုယ်တိုင်လွတ်လပ်မှုအပြည့်ရှိနေပါတယ်။

စိန်ခေါ်မှုတွေကိုပိုပြီးလက်ခံလာနိုင်မယ်
အောင်မြင်ဖို့ဆုံးဖြတ်ချက်ချပြီးမှတော့ စိန်ခေါ်မှုတွေ၊ ပြနာတွေဆိုတာ ကိုယ့်ကို အတားအဆီး ဖြစ်စေတော့မှာမဟုတ်တော့ပါဘူး။

မလုပ်ရင်နောင်တရမယ်
နှလုံးသားရဲ့အလိုအတိုင်း ကိုယ်လုပ်ချင်ရာလုပ်မယ်ဆိုရင် မလုပ်လိုက်ရတဲ့အတွက် နောင်တရနေမှာ မဟုတ်တော့ပါဘူး။

Share on Google Plus

0 comments:

Post a Comment