ဆန်စပါးကအာရှလူမျိုးတွေ
အထူးသဖြင့် မြန်မာ၊ တရုတ်၊ ဂျပန်လူမျိုးတွေအတွက် အဓိက အစား အစာ ပါ။ နိုင်ငံအတွင်းမှာ
အလွယ်တကူရနိုင်တဲ့အတွက် နေ့စဉ်အစားအစာအနေနဲ့ အသုံးပြုသလို အလှပရေးရာမှာ လည်းအသုံးပြုပါတယ်။
ဆန်ဆေးရေမှာ ဆံကေသာနဲ့ အရေးပြားအတွက် အကျိုးပြု တန်ဖိုးတွေ များစွာပါဝင် ပါတယ်။ ဆန်မှာ
ဗီတာမင် ဘီ၊ စီ၊ အီး၊ သတ္တုထုဓာတ်တွေနဲ့ အပိုင်နို အက်ဆစ်တွေပါဝင်သလို ခန္ဓာကိုယ် အတွက်
ကျန်းမာစေသလို အလှအပအတွက်လည်း အသုံးဝင် ပါတယ်။
ဆံသားကိုကျန်းမာစေတယ်
ဆန်ဆေးရေက ဆံပင်ကိုနူးညံ့ပျော့ပျောင်းသွားစေပါတယ်။
ဆန်မှာပါဝင်တဲ့ ပရိုတိန်းက ဆံသားကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဒါ့အပြင် ဆန်မှာပါဝင်တဲ့
inositol က ဆံသားများ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ဆံပင်ကျွတ်ခြင်းကို ကုသပေးပြီး
လျှင်မြန်စွာဆံပင်ပေါက်စေပါတယ်။ ခေါင်းလျှော်ပြီး တိုင်း ဆန်ဆေးရေသုံးပြီး ဆံသားနဲ့ဦးရေပြား
ကို ၁၀ မိနစ်ခန့်နှိပ်နယ်ပေးပါ။ ပြီးမှ ရေဆေးချပါ။ တစ်ပတ်ကို ၂-၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။
ဆံသားကိုဖြောင့်စင်းစေတယ်
ကောက်ကွေးပြီးရှင်းရခက်တဲ့ ဆံသားအတွက်
ဆန်ဆေးရေက အသင့်တော်ဆုံးပါ။ ဆန်ဆေးရေမှာ ပါဝင်တဲ့ ပရိုတိန်းက ဆံသားကို ပေါင်းတင်ပေးပြီး
ဆံပင်ကိုပျော့ပြောင်းစေကာ ခေါင်းဖြီးရလွယ်စေပါတယ်။ အချဉ်ဖောက်ထားတဲ့ ဆန်ဆေးရေကို ခေါင်းလျှော်ပြီးတိုင်းသုံးပေးပါ။
ပြီးမှ ရေဆေးချပါ။ တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ်ခန့်လုပ်ပေးနိုင်ပါတယ်။
အရေပြားယားယံခြင်း သက်သာစေတယ်
ဆန်ဆေးရေမှပါဝင်တဲ့ အဆီဓာတ်က အရေပြားခြောက်သွေ့
ယားယံခြင်းကိုသက်သာစေပါတယ်။ အရေပြားရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။ ဆန်ဆေးရေနဲ့
တစ်နေ့ ၂ကြိမ် ရေချိုးပေးရင် ပျက်စီးနေတဲ့ အရေပြားကို ပြန်လည်ကောင်းမွန်လာစေပါတယ်။
ဆန်ဆေးရေ၊ ရေခပ်နွေးနွေးရောစပ်ပြီး တစ်နေ့ ၂ ကြိမ် ရေချိုးပေးပါ။ ယားယံခြင်းအတွက် ဂွမ်းစမှာ
ဆန်ဆေးရေဆွတ်ပြီး သက်သာသည်အထိ ပွတ်ပေးနိုင် ပါတယ်။
ချွေးပေါက်ကျဉ်းစေတယ်
အရေးပြားပေါ်က ချွေးပေါက်ကျယ်တွေက ၀က်ခြံနဲ့တခြားအမည်းစက်တွေ
ဖြစ်စေတတ်ပါတယ်။ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေက ချွေးပေါက်ကျယ်တာများပါတယ်။ ဒီပြဿနာကို ဆန်ဆေးရေက ကုသ ပေးနိုင်ပါတယ်။
ဆန်ဆေးရေက ချွေးပေါက်များကိုကျဉ်းစေပြီး အရေပြားကိုကျစ်လျစ်စေပါတယ်။ ချွေးပေါက် တွေကို
လျော့ချပေးနိုင်ပြီး အရေပြားရဲ့ PH Level ကို ထိန်းညှိပေးပါတယ်။ ဆန်ဆေးရေ၊ ရေဆတူရောပြီး
မျက်နှာပေါ်မှာ ဂွမ်းစေလေးနဲ့ ပွတ်ပေးပါ။ ၁၅-၂၀ မိနစ်နေမှ ရေဆေးချပါ။ ညအိပ်ရာဝင်ကာနီးတိုင်းလည်း
လုပ်ပေးနိုင်ပါတယ်။
အသားအရေလှစေတယ်
ဆန်ဆေးရေက အသားအရေကို လှပကျန်းမာစေပါတယ်။
အရေပြားတွင်းမှ အဆိပ် အတောက်တွေကို ကင်းစင်စေပြီး အရေပြားရဲ့ကျုံ့နိုင်ဆန့်နိုင်အားကို
မြင့်မားစေပါတယ်။ ဆန်ဆေးရေကို ဂွမ်းစလေးနဲ့မျက်နှာပေါ် ၅-၁၀ မိနစ်ခန့်လိမ်းထားပေးပါ။
ပြီးမှ ရေခပ်နွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။
အရေပြားကို နူးညံ့စေတယ်
ဆန်ဆေးရေက အရေပြားကိုနူးညံ့စေပြီး အစိုဓာတ်ဖြည့်ပေးပါတယ်။
သူ့မှာပါဝင်တဲ့ပရိုတိန်းက ရေဓာတ်ဆုံးရှုံးခြင်းကို ကာကွယ်ပေးပါတယ်။ အင်တီအောက်ဆီဒင့်တွေက
နေရောင်ခြည်နဲ့ပတ်ဝန်းကျင် ကြောင့် အရေပြားပျက်စီးခြင်းတွေကို ကုသပေးပါတယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment