နိုင်ငံအနှံ့အပြားက
ကျောင်းနဲ့နီးတဲ့ နေရာတွေကိုရောက်ရင် (School Zone) ဆိုတဲ့ဆိုင်းဘုတ်တွေ ကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒီလိုဆိုင်းဘုတ်တွေကိုမြင်တွေ့ရပြီဆိုတာနဲ့ ဒါတွေဟာ ကားကိုအရှိန်လျှော့ချ မောင်းနှင်ဖို့
အချက်ပြထားတဲ့အရာတွေဆိုတာ အားလုံးလည်းသိကြမှာပါ။ ယခင်က ဒီလိုဆိုင်းဘုတ်တွေကို မြို့ကြီးပြကြီးတွေမှာသာ
တွေ့ရတတ်ပေမယ့် အခုနောက်ပိုင်းမှာတော့ နေရာအနှံ့အပြားက ကျောင်း အတော် များများမှာ မြင်တွေ့လာရတယ်။
ကျောင်းနဲ့နီးစပ်တဲ့နေရာတွေဟာ တကယ်တော့ အရှိန်လျှော့မောင်းနှင်ခိုင်း ထားရုံတင်မကဘဲ
မောင်းနှင်ရမယ့်အရှိန်ကိုပါ သတ်မှတ်ထားပြီးသားပါ။
နိုင်ငံတစ်ခုနဲ့တစ်ခု သတ်မှတ်ထားတဲ့
အရှိန်တူညီမှု အနည်းငယ်ကွဲပြားနိုင်ပေမယ့် တကယ်တော့ တစ်နာရီ(၁၅)မိုင်နှုန်းနဲ့ မောင်းနှင်ဖို့
သတ်မှတ်ထား တာဖြစ်ပါတယ်။ ကလေးသူငယ်တွေ၊ ကားလမ်းဖြတ် ကူးဖို့ လုံလောက်အောင် အာရုံမစိုက်နိုင်သေးတဲ့
အရွယ် တွေရှိနေတဲ့နေရာတွေမှာ တစ်နာရီ(၁၅) မိုင်နှုန်းလောက်နဲ့ မောင်းနှင်မှသာ မမျှော်လင့်ဘဲဖြစ်လာတဲ့
အန္တရာယ် တွေကို ကြိုတင်ကာကွယ်နိုင်မှာပါ။ ကိုယ့်မှာ ဘယ်လိုအကြောင်းပြချက်မျိုးပဲရှိနေပါစေ
ကျောင်းနဲ့နီးစပ်တဲ့ နေရာတွေကိုရောက်ရင် ကားကို အရှိန်လျှော့မောင်းနှင်ရတော့မယ့် သူတွေအတွက်
အန္တရာယ်ကင်းသွားအောင် အကြံကောင်းလေးတွေ ပေးပါရစေ။
၁။ ဆိုင်းဘုတ်တွေကို
ဂရုစိုက်ပါ
ကားမောင်းနှင်သူတစ်ဦးအနေနဲ့
မဖြစ်မနေဂရုစိုက်ရမှာတစ်ခုက လမ်းဘေး ဝဲ၊ ယာ ကို မျက်ခြည် ပြတ်မခံဘဲ အမြဲတမ်းစေ့ငှနေနိုင်ဖို့ပဲ
ဖြစ်ပါတယ်။ ဒါမှ ကျောင်းဧရိယာတွေကိုရောက်ရင် ဂရုပြုနိုင်မှာ ဖြစ်ပါ တယ်။ ကျောင်းနဲ့ပတ်သက်တဲ့
တချို့ဆိုင်းဘုတ်တွေဟာ လူမြင်ကွင်းထက်မှာ ထင်ထင်ရှားရှား ရှိနေ တတ်ပေမယ့် တချို့ကတော့
ရုတ်တရက်ကြည့်ရင် မမြင်နိုင်မယ့်နေရာမျိုးတွေ ရောက်နေတတ်တာ ကြောင့် ကိုယ့်ဘက်က သတိထား
ကြည့်မြင်တတ်ဖို့ မဖြစ်မနေလိုအပ်မှာ အသေအချာပါပဲ။
တစ်ခါတလေ သတိမထားမိဘဲ အရှိန်တင် မောင်းနှင်မိတဲ့အခါ
ကလေးသူငယ်တွေ ရှိနေတဲ့နေ ရာမျိုးမှာ မဖြစ်သင့်တာတွေ မဖြစ်အောင် ကားမောင်းနှင်နေသူတစ်ယောက်အနေနဲ့
မျက်စိဖွင့်၊ နားစွင့် ထားနိုင်ဖို့ လိုအပ်သလို သတိပေး ဆိုင်းဘုတ်ကို မြင်တွေ့လိုက်ရတာနဲ့
ကိုယ့်ဘက်ကအလိုအလျှောက် အရှိန်လျှော့ချပြီးသား ဖြစ်သွားမှာပါ။ ''ကျောင်းရှိသည်'' ဆိုတဲ့ဆိုင်းဘုတ်တွေဟာ
မောင်းနှင်သူတွေကို ချီတုံချတုံမဖြစ်စေဘဲ အရှိန်လျှော့ချ စေတဲ့အထိ သတိပေးနိုင်မှာဖြစ်တာကြောင့်
ပတ်ဝန်းကျင်ကို သတိမလွတ်ဘဲ မောင်းနှင်နိုင်ဖို့ လိုအပ်ပါတယ်။
၂။ စက်ဘီး သတိထား
ကျောင်းဧရိယာတွေဟာ
လမ်းလျှောက်ကြသူတွေနဲ့တင် ပြည့်သိပ်နေတာ မဟုတ်ပါဘူး။ စက် ဘီးတွေလည်း ရှုပ်ထွေးလှတဲ့နေရာဖြစ်ပါတယ်။
ကလေးတွေဟာ စက်ဘီးကို လမ်းလည်ခေါင် အထိ တက်နင်းတတ်သလို တချို့ကလေးတွေကြပြန်တော့လည်း လူသွားလမ်းပေါ်မှာ
စက်ဘီးတွေနဲ့ ရှိနေ တတ်ကြတာပါ။ ဒါကြောင့် ကျောင်းတက်၊ ကျောင်းဆင်းချိန်တွေမှာ ကားမောင်နှင်သူတွေအနေနဲ့
ကိုယ့် ပတ်ဝန်းကျင်က စက်ဘီးတွေကို သတိထားပြီးမောင်းနှင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ သူတို့
ကိုယ့်ကား ရှိတဲ့နေရာကို ဦးတည်လာနေပြီဆိုရင်လည်း သူတို့လွတ်လွတ်လပ်လပ် စက်ဘီးနင်းလို့ရအောင်
နေရာလွတ် တွေဖန်တီးပေးထားသင့်တာပါ။ ဒါမှ ကလေးတွေရောကိုယ်ပါ လိုရာခရီးကို အန္တရာယ်အကင်းဆုံးနဲ့
ရောက်ရှိ နိုင်မှာ ဖြစ်ပါတယ်။
၃။ ကျောင်းကားတွေကို ဦးစားပေးပါ
ကျောင်းကားတွေကို
အလျင်စလို ကျော်တက်တာက မလုပ်သင့်တဲ့ အလုပ်တစ်ခုအဖြစ်မှတ် ယူထား သင့်ပါတယ်။ အရေးကြီးကိစ္စတစ်စုံတခုရှိမနေဘဲ
ကျောင်းကားတစ်စီးကို အလျင်စလိုကျော်တက် တာဟာ မယဉ်ကျေးရာရောက်တယ်လို့ အချို့နိုင်ငံတွေမှာ
သတ်မှတ်ထားပြီး ကျောင်းကားနောက်က မောင်းနှင် လိုက်ပါလာသူတွေအနေနဲ့ ကျောင်းကားတွေ ကားမှတ်တိုင်မှာရပ်နားချိန်မှာ
လိုက်ပါရပ်နားသင့် တယ် လို့တောင် ကားမောင်းသူအချို့က
ယူဆထားကြတာပါ။ ဘာကြောင့်လဲဆိုရင်တော့ ဘယ်လောက်ပဲ ကားမောင်းကျွမ်းကျင်သူဖြစ်နေပါစေ မှတ်တိုင်မှာရပ်နားလိုက်တဲ့
ကျောင်းကားကိုကျော်ပြီး ကလေးက ဘယ်လိုပြေးထွက်လာမလဲဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်လို့ပဲဖြစ်ပါတယ်။
ဒါကြောင့် ကလေးတစ်ယောက် ကို မတော်တဆ အန္တရာယ်ဖြစ်စေမှာထက်စာရင် ကိုယ်ကားကို စနစ်တကျမောင်းနှင်ဖို့
တိုက်တွန်းရ တာဖြစ်ပါ တယ်။
၎။ အချက်ပြမီးကို သတိပြုပါ
တချို့ကျောင်းတွေက
သတိပေးဆိုင်းဘုတ်တွေဟာ အချက်ပြမီးတွေ တပ်ဆင်ထားတာကြောင့် ထင်သာမြင်သာ ရှိပါတယ်။ အထူးသဖြင့်
ကျောင်းတက်၊ ကျောင်းဆင်းချိန်လိုမျိုးတွေမှာ ဒီမီးလုံးလေးတွေက အသက်ဝင်နေတတ်ကြတာပါ။ ဒီလိုလုပ်ပေးထားတာကတော့ ယာဉ်မောင်နှင်သူတွေအနေနဲ့
အလွယ် တကူသတိပြုနိုင်ပြီး ကလေးတွေကို အန္တရာယ်ကင်းစေချင်တာကြောင့်ဖြစ်ပြီး ကားမောင်းနှင်နေသူ
တွေအနေနဲ့ကလည်း ဒီလို သတိပေးဆိုင်းဘုတ်တွေကို မျက်စိလျှံ မသွားသင့်ပါဘူး။ အချို့ကျောင်း
တွေကတော့ ဒီလိုဆိုင်းဘုတ်တွေကို အချက်ပြမီး(၂၄)နာရီ တပ်ဆင်ပေးထားလေ့ ရှိပါတယ်။
၅။ လီဗာထက် ဘရိတ်ကိုသာသုံးပါ
နောက်ဆုံးအနေနဲ့
သတိပေးချင်တာကတော့ ကလေးသူငယ်တွေများပြားတဲ့ ဧရိယာမျိုးတွေမှာ ကားမောင်းနှင်ရမယ်ဆိုရင်
ကားကိုအရှိန်မြှင့်တင်ပေးမယ့်လီဗာထက် ဘရိတ်ကိုအားကိုးပြီးမောင်းနှင်မယ် ဆိုရင် ကိုယ့်အတွက်ရော
ပတ်ဝန်းကျင်အတွက်ပါ အကောင်းဆုံးဖြစ်မှာပါဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment