စမတ်ဖုန်း၊
ဆိုရှယ်မီဒီယာတွေနဲ့အတူ ယောက်ျားလေး၊ မိန်းကလေးတွေကြားမှာ ခေတ်စားလာ တာက ဆဲလ်ဖီရိုက်တာပါ။
အနုပညာရှင်တွေ၊ သာမန်လူတွေ ဘယ်သူမဆိုနေ့စဉ် အမှတ်တရလေးတွေ ကို မှတ်တမ်း တင်ဖို့ ဆယ်လ်ဖီရိုက်ကြတယ်။
တကယ်တော့ ဓာတ်ပုံတစ်ပုံဟာအဓိပ္ပါယ် အမှတ် တရတွေပြည့်နေဖို့လိုပါ တယ်။ ကိုယ့်မျက်နှာကိုပဲအဓိကထားပြီး
ဆဲလ်ဖီရိုက်ကြတော့ ဘာထူးပါ့မလဲ။ အဲဒီတော့ ဆဲလ်ဖီဘယ်လိုရိုက်ကြမလဲ။
အနောက်ကိုသတိထား
ပုံကောင်းတစ်ပုံအတွက် နောက်ခံကအရေးကြီးပါတယ်။
အဲဒီတော့ ဆဲလ်ဖီမရိုက်ခင် ကိုယ့်နောက် ကျောက ရှုခင်းကဘာဆိုတာ ဦးဆုံးသတိထားပါ။ ဒါမှ အမှားကင်းပြီးလှပပါလိမ့်မယ်။
ဖုန်းကွာဟချက်
တစ်ခါတစ်ရံ ၀ယ်ထားတဲ့ဖုန်းကာဗာကြောင့်
လက်နဲ့ထိခိုက်ပြီး အနှောင့်အယှက်ဖြစ်ရပါတယ်။ ဘာမှ တွေးမနေပါနဲ့။ မြင်ကွင်းကို ကွယ်စေ၊
လက်ကိုအနှောင့်အယှက်ဖြစ်စေတဲ့ ဖုန်းကာဗာကို ချွတ်သာ ထားလိုက်ပါ။
ဘဲမျက်နှာကိုအသာချ
နှုတ်ခမ်းကို ဘဲလိုချွန်၊ ပါးကိုချိုင့်အောင်လုပ်၊
မျက်လုံးကိုတမင်တကာ ချစ်စရာကောင်းအောင် ဟန်ဆောင်ထားတဲ့မျက်နှာတွေကို အသာခွာချထားလိုက်ပါ။
ဆဲလ်ဖီကလက်ရှိအချိန်ခဏလေးကို မှတ်တမ်း တင်လိုက်ဖို့ မဟုတ်ပါလား။
မျက်နှာအနေအထား
ပွဲမ၀င်ခင် အပြင်ကကျင်းပဆိုတဲ့အတိုင်း
မကြာခဏဆဲလ်ဖီရိုက်တာက ကိုယ့်မျက်နှာဘယ်ထောင့် ချိုး ကအလှဆုံးဖြစ်တယ်ဆိုတာ သိသာစေပါတယ်။
မိတ်ကပ်လိမ်း
ဆဲလ်ဖီရိုက်တော့ မျက်နှာနဲ့ကင်မရာ အနီးကပ်ဆုံးဖြစ်နေပါပြီ။
အဲဒီတော့ မျက်နှာပြင်က အပြစ် အနာ အဆာလေးတွေပေါ်လာပြီပေါ့။ အဲဒီတော့ မိတ်ကပ်ခပ်ပါးပါး၊
ပေါင်ဒါခပ်ပါးပါးလေး လိမ်းခြယ်ပေးပါ။
အလင်းရောင်
အလင်းရောင်က ဆဲလ်ဖီအတွက်အရေးကြီးပါတယ်။
ဆဲလ်ဖီရိုက်တဲ့အခါမျက်နှာပေါ်က အလင်းရောင် အတောက်ပဆုံးဖြစ်နေပါစေ။ အလင်းအားနည်းတာက မျက်နှာပြင်ကို
ပင်ပန်းနွမ်းနယ် ပုံပေါ်နေစေပါတယ်။
ပြုပြင်
ယောက်ျားလေး၊ မိန်းကလေးတိုင်း ဓာတ်ပုံလေးတွေပြန်ပြင်ကြတာချည်းပါ။
အဲဒီတော့ ကိုယ်လည်း ပြန်ပြင်ခွင့်ရှိတာပေါ့။ သဘာဝကျနေဖို့တော့ ဂရုစိုက်ပါ။
တစ်ချက်တည်းနဲ့ အကောင်းဆုံးမမျှော်လင့်နဲ့
တစ်ပုံတည်းနဲ့တော့ ဆဲလ်ဖီကောင်းမထွက်တာ
ရိုက်ဖူးသူတိုင်းသိပါတယ်။ ပြီးတော့ ဒါက သူငယ်ချင်း တွေရှိတဲ့ Social Media မှာ ဝေမျှမယ့်ပုံလေ။
အကောင်းဆုံးက တတ်နိုင်သလောက် များများ ရိုက်ပါ။
တည်ငြိမ်ပါ
မျက်နှာအနေအထား၊ အလင်းရောင်၊ လက်ငြိမ်ဖို့က
ဆဲလ်ဖီသမားတွေအတွက်အခြေခံပေါ့။ အဲဒီတော့ ဆဲလ်ဖီရိုက်တော့မယ်ဆိုရင် အသက်ကိုဝအောင်ရှုပါ။
စိတ်ငြိမ်အောင်ထားပြီးမှရိုက်ပါ။ တစ်ပြိုင် တည်း ပုံအများ ကြီးရိုက်တာက လက်ညောင်းပြီး
ပုံထွက်ဆိုးသွားပါလိမ့်မယ်။
ဆံပင်ဂရုစိုက်
ကင်မရာကြောင့်ဆံပင်ပြားသွားပြီး ခေါင်းကြီးနေသယောင်ထင်ရစေပါတယ်။
အဲဒီတော့ ဆဲလ်ဖီ မရိုက် ခင်မှာ ဆံပင်ကိုနဂိုအနေအထားအတိုင်းခပ်ဖွဖွလေး ဖွပေးပါ။
ပျော်ရွှင်ပါ
အများနဲ့မတူ ထူးခြားတဲ့ဆဲလ်ဖီပိုင်ဆိုင်စေဖို့
နေရာ၊ မျက်နှာအနေအထား အစစအရာရာ ဂရုစိုက်ပါ။ ဒါမှ ရိုက်တိုင်းကျေနပ်နေစေမှာ မဟုတ်ပါလား။
Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment