လူတိုင်း စာဖတ်ပါနော်... ရှင်ဝေနိုင်ဦး



စာဖတ်ခြင်းကြောင့် စာပေထဲက လူတွေရဲ့စရိုက်စုံကိုတစ်ထိုင်တည်း သိနိုင်တယ်။ ဒါကြောင့် လူတိုင်း စာဖတ်ပါနော်... ရှင်ဝေနိုင်ဦး

ကိုရီးယားနိုင်ငံရဲ့အထင်ကရနေရာတွေ ခရီးသွားရတဲ့ပုံစံ Documentary ပုံစံမျိုးရိုက်ကူးမှာပါ ...
ညီမလက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ TV Program တွေ ရိုက်ကူးဖြစ်နေတယ်။ နောက်ပြီး ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ရိုက်ကူးဖြစ်နေပါတယ်။ ဒီလအတွင်းမှာ ကိုရီးယားကို ရိုက်ကူးရေးအဖွဲ့တွေနဲ့ သွားရောက် ရိုက်ကူးဖို့ရှိနေပါတယ်ရှင့်။ သူက ကိုရီးယားနိုင်ငံရဲ့အထင်ကရနေရာတွေ ခရီးသွားရတဲ့ပုံစံ Documentary ပုံစံမျိုးရိုက်ကူးမှာပါ။ ဒီမှာလက်ရှိကတော့ အိမ်ရှင်မတို့ရဲ့ အချစ်ဆုံး ဟင်းချက် Program မှာ ပါဝင် ရိုက်ကူးဖြစ်နေပါတယ်။ ညီမက ဘေးနားက Supporting အနေနဲ့ Present လုပ်မေးရတာပါ။

Miss Now How က အစဉ်အလာကောင်းပြီး တရားနည်းလမ်းကျကျ ကျင်းပတဲ့ပွဲ ...
Miss Now How က အစဉ်အလာကောင်းပြီး တရားနည်းလမ်းကျကျ ကျင်းပတဲ့ပွဲဖြစ်တာကြောင့် ညီမအတွက်လည်း ဒီပြိုင်ပွဲကနေ အနုပညာအခွင့်အလမ်းတွေအများကြီးရမယ်လို့ ယုံကြည်တဲ့အတွက် ကြောင့် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ။ ၂၀၁၄ မှာ Miss Sein Gay Har မှာနဲ့ Miss Christma 2014 ဆုရဖူးပါတယ်။ Miss Myanmar World 2015 မှာလည်း ညီမ Top 10 Final အထိ ဝင်ခဲ့ပါတယ်။

မယ်ပြိုင်ပွဲတွေမှာ ကျောင်းကိုယ်စားပြုအနေနဲ့ တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ပါတယ် ...
ညီမ Miss တစ်ယောက်မဖြစ်ခင် မယ်ပြိုင်ပွဲတွေမှာ ကျောင်းကိုယ်စားပြုအနေနဲ့ တက္ကသိုလ်ပေါင်းစုံ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဆုလည်းရခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ၂၀၁၂ မြန်မာ့ရုပ်ရှင်ထူးချွန် အကယ်ဒမီဆုပေးပွဲမှာ ဗန်းကိုင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ညီမကို ပရိသတ်တွေပထမဆုံး သတိထားမိလာ တာကတော့ Miss Myanmar World ပြိုင်ပွဲမှာပါ။ အခုကျင်းပခဲ့တဲ့ Now How ပြိုင်ပွဲမှာလည်း ပရိသတ် တွေ ပိုသတိထားမိလာတယ်ထင်ပါတယ်။

အကောင်းဆုံးအမှတ်တရကတော့ Sport Round လျှောက်တဲ့အချိန်မှာ ညီမတတ်ကျွမ်းတဲ့ ကာယကြံ့ခိုင်မှု အလှပြခွင့်ရတဲ့အချိန်ပေါ့
ညီမ Miss ပြိုင်ပွဲတွေပြိုင်တဲ့အချိန်မှာ အကောင်းဆုံးအမှတ်တရကတော့ Miss Now How 2016 ပြိုင်ပွဲမှာ Sport Round လျှောက်တဲ့အချိန်မှာ ညီမတတ်ကျွမ်းတဲ့ ကာယကြံ့ခိုင်မှုအလှ ပြခွင့်ရတဲ့အချိန်ပေါ့။ Miss Now How ပြိုင်တော့ ညီမ နေမကောင်းဖြစ်ခဲ့တယ်ရှင်။ အဲဒီပြိုင်ပွဲတစ်လျှောက် Rehearsal လုပ်ကတည်း က အားနည်းပြီး နေမကောင်းဖြစ်ခဲ့တယ်။ ချောင်းတွေဆိုးခဲ့တယ်။ ပြိုင်ပွဲတစ်လျှောက်လုံးမှာတော့ အကောင်းဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်ရှင့်။

မနာလိုဖြစ်တယ်ဆိုတာ အရမ်းပူလောင်တယ်

ညီမ လျှောက်လှမ်းခဲ့တဲ့ အနုပညာလမ်းတစ်လျှောက်မှာ မနာလိုဖြစ်ခဲ့ရတာမျိုးမကြုံဖူးသေးဘူး။ ဒီ မနာလို ဖြစ်တယ်ဆိုတာကကျတော့ ကိုယ့်ကိုယ်ကိုယ်လည်း အရမ်းပူလောင်တယ်။ အဲဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ လည်း ထိခိုက်နိုင်တယ်။ စိတ်ကောင်းစေတနာကောင်းလေးထားပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်ဖို့ က အရေးကြီးတယ်လို့ ထင်ပါတယ်ရှင့်။

Miss တစ်ယောက်ဖြစ်ဖို့ Body, Beauty, Brain သုံးခုလုံး လိုတာပေါ့
Miss တစ်ယောက်ဖြစ်ဖို့ Body, Beauty, Brain သုံးခုလုံး လိုတာပေါ့။ ညီမ Beauty ပိုင်းအနေနဲ့ Skin ကို အပြင်ထွက်ရင် Day Cream လိမ်းပြီးမှအပြင်ထွက်တာမျိုး၊ ညဘက်အိပ်ခါနီး မျက်နှာက အညစ်အကြေးကို သေချာဆေးတယ်။ Skin Care ကို ဂရုတစိုက် လုပ်ဖြစ်ပါတယ်။ Body ပိုင်းအနေနဲ့ အသီးတွေသေချာ စားဖြစ်တယ်။ ညစာ မစားဘူး။ ညနေတိုင်း Gym သွားရတယ်။ Gym မသွားဖြစ်ရင် အိမ်မှာ ခါးကွင်း လှည့်တာတို့ အိပ်၊ ထ၊ မ၊ တင် လေ့ကျင့်ခန်းတွေလုပ်ဖြစ်တယ်။

Bachelor of Business Management နဲ့ကျောင်းပြီးထားတာပါရှင့်

ညီမအခု Bachelor of Bussiness Management နဲ့ ကျောင်းပြီးထားတာပါရှင့်။ အခု MBA Qualified ကို ဆက်တက်နေပါတယ်။ ပြင်ပဗဟုသုတအနေနဲ့ သတင်းစာတွေ၊ ဂျာနယ်တွေဖတ်ဖြစ်ပါတယ်။ အလှပိုင်း ဆိုင်ရာပါတာတွေ ဖတ်ဖြစ်ပါတယ်။ အထင်ကရပုဂ္ဂိုလ်တွေအကြောင်းကို ဖတ်ဖြစ်ပါတယ်။ ညီမ ဝတ္ထုဆိုရင် အမျိုးသမီးစာရေးဆရာမတွေထဲမှာ ဆရာမဂျူးရဲ့ အရေးအသားကို သဘောကျတယ်။ တခြားဆိုရင် သော်တာဆွေ၊ ဆရာမခင်နှင်းယုရဲ့ဝတ္ထုစာအုပ်တွေကိုလည်း ဖတ်ဖြစ်ပါတယ်။ ညီမပြိုင်ပွဲတွေနဲ့ပတ်သက် ပြီး မေးခွန်းလေ့လာမယ်ဆိုရင် ဒီပြိုင်ပွဲကဘာနဲ့ဆိုင်လဲဆိုတာ အရင်ကြည့်တယ်။ အရင်နှစ်ကလုပ်ခဲ့တဲ့ပြိုင်ပွဲ အကြောင်းတွေ လေ့လာဖြစ်တယ်။

Facebook မှာအယုံမလွယ်ကြဖို့ ချင့်ချိန်ပြီးမှယုံကြဖို့ပေါ့။ တချို့က ကောလာဟလတွေလည်း ရှိတယ် ...
Social Network တွေဆိုတာ ဘဝမဟုတ်ဘူး။ Facebook သုံးပြီး အကျိုးမဲ့တာတွေလုပ်မယ့်အစား ကိုယ့်အတွက် အကျိုးရှိမယ့်စာဖတ်တာတွေဖြစ်ဖြစ် ဘာသာစကားတွေလေ့လာတာဖြစ်ဖြစ် အကျိုးရှိမယ့် အရာတွေကို လုပ်သင့်မယ်လို့ ထင်ပါတယ်။ ပြီးတော့ Facebook မှာ အယုံမလွယ်ကြဖို့ ချင့်ချိန်ပြီးမှ ယုံကြဖို့ပေါ့။ တချို့ကကောလာဟလတွေလည်း ရှိတယ်။ အဲဒါကြောင့် မိန်းကလေးတွေအနေနဲ့ စဉ်းစား ချင့်ချိန်ပြီးယုံကြည်ဖို့ ညီမတိုက်တွန်းချင်ပါတယ်။ ညီမတို့အနုပညာရှင်တွေအနေနဲ့ကျတော့ ပရိသတ်နဲ့ ထိတွေ့မှုမပျက်အောင်လို့ Facebook, Instagram တို့လိုအပ်တယ်ထင်ပါတယ်။

အချစ်ဝတ္ထုကို ညီမ ၁၀ တန်းအောင်လောက်တဲ့အချိန်မှာစပြီး ဖတ်ဖြစ်တယ်။ မှတ်မှတ်ရရဆိုရင် ဆရာမ ဂျူးရဲ့ မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်ပေါ့

အခုလိုမျိုး မိုးအေးလွန်းတဲ့အချိန်လေးမှာ ညီမ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာအုပ်မျိုးလေးတွေဖတ် ချင်တယ်။ ကိုယ်ပျော်ရွှင်စေတဲ့စာအုပ်တွေကိုလည်း ရွေးပြီးဖတ်ဖြစ်ပါတယ်။ ဟာသဖြစ်ဖြစ်၊ အချစ်ဝတ္ထု ပေါ့ပေါ့ပါးပါးဖြစ်ဖြစ်ပေါ့။

အချစ်ဝတ္ထုကို ညီမ ၁၀ တန်းအောင်လောက်တဲ့အချိန်မှာ စပြီးဖတ်ဖြစ်တယ်။ ၁၀တန်းမအောင်ခင်က မြတ်မင်္ဂလာတို့၊ မင်္ဂလာမောင်မယ်တို့လောက်ပေါ့။ မှတ်မှတ်ရရဆိုရင် ဆရာမဂျူးရဲ့ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်ပေါ့။ ငယ်ငယ်က အချစ်ဝတ္ထုမဖတ်ခိုင်းဘူးရှင့်။ ၁၀တန်းပြီးမှ ဖေဖေမေမေတို့ကိုယ်တိုင် ဖတ်ခွင့်ပေးတာ။ ငယ်ငယ်ကဝတ္ထုတွေလည်း ခိုးဖတ်ဖူးတယ်။ သေချာတော့မမှတ်မိတော့ဘူး။ အဒေါ်အိမ် သွားလည်တုန်းကပါ။

မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်မှာ ဇာတ်ကောင်မင်းသမီးရဲ့ စိတ်ဓာတ်ကိုကြိုက်ပါတယ်။ သူက ပညာတတ်ဆရာဝန်တစ်ယောက်၊ မာနရှိတယ်။ သူလုပ်သင့်တာကိုလုပ်တယ်။ အဲဒါကိုသဘောကျတယ်။ ဝတ္ထုထဲက ယောက်ျားကိုတော့ ကိုယ်ချင်းစာတယ်။ ဘာလို့လဲဆိုတော့ လူတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် ခံစားချက်ရှိတယ်။ သူ့နေရာမှာကိုယ်ဆိုလည်း အဲဒီလိုဖြစ်သွားနိုင်မှာလေ။ ကြုံတွေ့နေရတဲ့ လူကိုယ်တိုင်ပဲ အသိဆုံးဖြစ်မှာပေါ့။

ဝတ္ထုတွေဖတ်ပြီးတော့ ညီမ လူတွေရဲ့စိတ်ကို ပိုနားလည်လာတယ်။ အပြင်မှာကိုယ်တိုင်ကြုံတာထက် ဝတ္ထုထဲကနေလူတွေရဲ့စရိုက်ကို သိလာနိုင်တယ်။ ညီမစိတ်တွေ လူတွေနဲ့ပေါင်းသင်းတဲ့အခါ ပိုရင့်ကျက် လာတယ်လို့ထင်ပါတယ်။

ညီမစိတ်ဓာတ်ခွန်အားဖြစ်စေတာဆိုရင် သူမင်းကိုဘယ်တော့မှဆိုတဲ့ စာအုပ်လေးပါ ညီမစိတ်ဓာတ်ခွန်အားဖြစ်စေတာဆိုရင် သူမင်းကိုဘယ်တော့မှ ဆိုတဲ့စာအုပ်လေးပါ။ ဆရာမခင်နှင်းယုရဲ့ ဝတ္ထုတိုပေါင်းချုပ်လည်းဖတ်တယ်။ အဲဒီအထဲက မိဘနဲ့သားသမီး အပြန်အလှန်ပြောထားတဲ့ ဝတ္ထုလေး တစ်ပုဒ်ပေါ့။ သားသမီးနဲ့ မိဘကြား အချိန်တန်ရင်ဖြစ်ပျက်တာလေးတွေပေါ့။ ယောကျာ်းဖြစ်သူက မိန်းကလေးတစ်ယောက်မွေးတိုင်း အပင်လေးတစ်ပင် စိုက်စိုက်ပေးတာပေါ့။ အဲဒီဝတ္ထုလေးလည်း ကြိုက်ပါ တယ်။ ကလေးတွေက တကယ့်တကယ်ကျတော့ ခဏပဲနေနိုင်တယ်။ အဲဒီစာအုပ်လေးဖတ်ပြီး မိဘမေတ္တာကို ပိုနားလည်လာတယ်။

စာဖတ်တာကတော့ လူတိုင်း လုပ်သင့်တဲ့အရာတစ်ခုပေါ့။ စာမဖတ်ရင် မပြောတတ်မဆိုတတ်နဲ့ပေါ့။ စာဖတ်ခြင်းကြောင့် လူတွေရဲ့စရိုက်စုံကို စာပေထဲကနေတစ်ထိုင်တည်း သိနိုင်တယ်။ ဒါကြောင့် လူတိုင်း စာဖတ်ပါနော်လို့ တိုက်တွန်းချင်ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment