သွယ်လှတဲ့ခန္ဓာကိုယ်အလှပိုင်ဆိုင်ဖို့










ဖက်ရှင်နဲ့ပတ်သက်လာရင် သဲနာရီပုံစံခန္ဓာကိုယ်ရှိသူတွေက ကံကောင်းတယ်ပြောရပါလိမ့်မယ်။ သူတို့ အတွက် ရွေးချယ်စရာတွေက မျိုးစုံရှိတယ်လေ…။ ဒီလိုပုံစံ မရှိလို့လည်း ဘာမှစိတ်ပူစရာမလိုပါဘူး။ ကိုယ့်ခန္ဓာကိုယ်ကို အချိုးကျကျ သွယ်သွယ်လျလျဖြစ်အောင်ဖန်တီးပေးမဲ့ ဖက်ရှင်ပညာဆိုတာ ရှိနေပါ တယ်။ အဲဒီတော့ ခန္ဓာကိုယ် လှလှပပလေး သွယ်လျသွားစေဖို့ဘယ်လိုဖန်တီးကြမလဲ။

ခါးကိုဂရုစိုက်
ခါးနဲ့ဗိုက်တစ်ဝိုက်မှာ ပွယောင်းယောင်းဖြစ်နေတာက ခန္ဓာကိုယ်ကိုရုပ်ဆိုးစေပါတယ်။ အဲဒါကြောင့် ခါးအလှကိုပေါ်လွင်စေမဲ့ ခါးပတ်လိုမျိုးအ၀တ်အစားမျိုးရွေးချယ်ပါ။

ပခုံးကိုဖုံးကွယ်ထား
ပခုံးနဲ့လက်မောင်းသားဖော်ပြလွန်းတဲ့ဝတ်စုံတွေက ခန္ဓာကိုယ်အချိုးအစားကို မညီမျှ သယောင်ဖြစ်စေ ပါတယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံးပခုံးတွေကို ဖုံးကွယ်ထားပါ။

အနက်ရောင်ဝတ်
ပိန်ပိန်၊ ၀၀ ဘယ်သူနဲ့မဆို အလိုက်ဖက်ဆုံးကတော့ အနက်ရောင်ပါ။ အနက်ရောင်က ၀တ်ဆင်သူ ကို သွယ်လျပြီး ကျော့ရှင်းသွားစေပါတယ်။

အရောင်တစ်ရောင်တည်းဝတ်ဆင်
ခန္ဓာကိုယ်အထက်ပိုင်း၊ အောက်ပိုင်းအရောင်တစ်ရောင်တည်း ၀တ်ဆင်ခြင်းက ခန္ဓာကိုယ် အချိုး အစား ကိုပြေလျော့သွားစေပါလိမ့်မယ်။ အရောင်ကွဲတွေက ခန္ဓာကိုယ်အချိုးအစားကိုမညီမမျှဖြစ်စေပါတယ်။

ဒေါင်လိုက်စင်းဝတ်
အစင်းကြောင်းတွေဝတ်တဲ့အခါ မျက်လုံးကိုဘယ်ညာရွေ့သွားစေတဲ့ ကန့်လန့်အစင်းကြောင်းအစား အပေါ်အောက်ဒေါင်လိုက်သတိထားမိစေတဲ့ ဒေါင်လိုက်မျိုးရွေးချယ်ဝတ်ပါ။

အပွင့်အခက်ကြီးတွေရှောင်
အပွင့်အခက်ကြီးတွေက ခန္ဓာကိုယ်အချိုးအစားကို မညီမမျှဖြစ်စေပါတယ်။ အဲဒါကြောင့် အတတ်နိုင် ဆုံး အပွင့်အခက်လေးတွေရွေးချယ်ဝတ်ဆင်ပါ။ 

အတွင်းခံကောင်းတစ်စုံ
ခန္ဓာကိုယ်ကိုကောင်းကောင်းမွန်မွန် ထောက်ပံ့ထားပေးနိုင်တဲ့ အတွင်းခံတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေပါတယ်။

Crystal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment