စံချိန်အသစ်နဲ့ ၀င်ရောက်လာတဲ့ဂိမ်းလေး….. Speedy Ninja










Temple Run လို နာမည်ကြီး endless runner အတော်များများကိုကျော်ဖြတ်ပြီး ဆော့ကစားသူ အများဆုံး

ဒီတစ်ပတ်တော့ Action Runner ဂိမ်းလေးတစ်ခုဖြစ်တဲ့ Speedy Ninija ဆိုတဲ့ ဂိမ်းလေး ကိုဖော်ပြပေး ချင်ပါတယ်။ ဒီဂိမ်းလေးကတော့ Temple Run လို နာမည်ကြီး endless runner အတော် များများကိုကျော် ဖြတ်ပြီး ဆော့ကစားသူအများဆုံးစံချိန်အသစ်နဲ့ ၀င်ရောက်လာတဲ့ဂိမ်းလေးဖြစ်တာကြောင့် runner  ဂိမ်းဆော့ တဲ့ ပရိသတ်အများစုသိပြီးသားဖြစ်ပါလိမ့်မယ်။ ဒီဂိမ်းလေးရဲ့အားသာချက်တစ်ခုက Runner ဂိမ်းဆိုပေမယ့် Action ဂိမ်းဆန်ဆန်ဇာတ်လမ်း၊ ဇာတ်ကွက်နဲ့လျို့ဝှက်ချက်လေးတွေ ထည့် သွင်းပေးတာကြောင့် ဆော့ကစားရတဲ့သူအဖို့ လက်မြန်ရမယ့်အပြင် စဉ်းစားဆုံးဖြတ်ရတဲ့အပိုင်းနဲ့ ရွေးချယ် ရတဲ့အပိုင်းတွေမှာပါ မြန်ဆန်ရမှာဖြစ်ပါတယ်။ ဂိမ်းရဲ့ရုပ်ပုံ Graphic ပိုင်းကပုံမှန်အတိုင်းသာရှိပေမယ့် ဇာတ်ကောင် Ninja လေး ရဲ့လှုပ်ရှားမှုနဲ့တိုက်ကွက်တွေကတော့ အထူးပဲညက်ညောကောင်းမွန်တာကို တွေ့ရမှာဖြစ်ပါတယ်။
ပထမဆုံးဆော့ကစားတဲ့အခါမှာ ဘယ်လိုဆော့ကစားရမယ်ဆိုတဲ့ tuturial အညွှန်းနဲ့ပြသပေး မှာဖြစ်ပြီး အဓိကအားဖြင့် လက်ရဲ့လျှင်မြန်မှုနဲ့ ဖုန်းရဲ့ torch screen တုန့်ပြန်မှုတို့ကိုအဓိကထား ဆော့ ကစားရမှာဖြစ်ပါ တယ်။ Ninja ရဲ့ ပြေးလမ်းတစ်လျှောက်မှာရှိတဲ့ရန်သူတွေ၊ အတားအဆီးတွေကို ကျော်လွှားရမှာဖြစ်ပြီး ပြေးလမ်းရဲ့အောက်ဘက်ကနေ လမ်းလွဲပြီးသွားနိုင်သလို ရန်သူတွေအပေါ်ခုန် ပျံကျော်လွှားပြီးတော့လည်း သွားနိုင်မှာဖြစ်ပါတယ်။ ဆော့ကစားနေရင်းကနေရရှိတဲ့ coin တွေ၊ power တွေကနေတစ်ဆင့် Ninja ရဲ့ ဇာတ်ကောင်စရိုက်ပုံစံကို ပြောင်းလဲနိုင်သလို စီးနင်းတိုက်ခိုက်နိုင်မယ့် နဂါး၊ ပစ်ခတ်အသုံး ပြုနိုင်မယ့် Fire-ball ခုခံကာကွယ်နိုင်မယ့် စွမ်းရည်တို့ကိုလည်း တဖြည်းဖြည်း တိုးမြှင့်ရ ယူနိုင်မှာဖြစ်ပါတယ်။ ဒီစွမ်းရည်တွေကို ရန်သူတွေအုပ်စုလိုက်များလာတဲ့အခါ အတားအဆီးတွေ အပြည့်အ၀ ပိတ်ဆို့နေတဲ့အခါတို့မှာ အသုံးချမှာဖြစ်ပြီး ကိုယ်အောင်မြင်၊ ဖြတ်ကျော်ခဲ့တဲ့ အခန်းတွေအ လိုက်ရရှိတဲ့ စွမ်းရည်တွေဟာလည်း တဖြည်းဖြည်းမြင့်မားလာ မှာဖြစ်ပါတယ်။ ဒီဂိမ်းဆော့ကစားဖို့အတွက် Touch Screen တုန့်ပြန်မှုအားကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးနဲ့ Internet Connection အနည်း ငယ်လိုအပ်မှာဖြစ်ပြီး Google Play Game ကို Sing-in ပြုလုပ်ပြီးကစားခဲ့ရင် တော့ သူငယ် ချင်းတွေနဲ့ အတူ ယှဉ်ပြိုင်ကစားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ကစားခဲ့တဲ့ရမှတ် မှတ်တမ်းတွေ နဲ့အတူ ဆော့ကစားသူတွေရဲ့ Daily Rank လို့ခေါ်တဲ့ နေ့စဉ်အမှတ်ပေးဇယားကိုလည်း ဖော်ပြပေးမှာဖြစ်ပါ တယ်။ Speedy Ninja ဟာ ဆော့ကစားသူရဲ့ Touch Screen အပေါ် ထိတွေ့ကိုင်တွယ်မှု ကျွမ်းကျင်ဖို့လိုအပ် သလို ဘက်ပေါင်းစုံကတိုက်ခိုက်တဲ့ ရန်သူတွေကိုမြင်နိုင်ဖို့လည်း မျက်စိလျင်လျင်ထားကာ ဆော့ကစားရမှာဖြစ် တဲ့အတွက် သာမန် Runner ဂိမ်းတွေနဲ့ကွဲထွက်တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး စမ်းသပ်ဆော့ကစားကြည့်ဖို့ ဖော်ပြလိုက်ပါ တယ်။ ဒီဂိမ်းကို Play Store ကနေ အခမဲ့ရယူနိုင်သလို သွားရောက်ရှာဖွေတဲ့အခါ region အခက်အခဲကြောင့် မမြင်ရရင်လည်း ပေးထားတဲ့ link ကနေ တိုက်ရိုက်ရယူဆော့ကစားနိုင်ပါတယ်။ ဂိမ်းရဲ့အရွယ်အစားကတော့ 49 MB ကျော်ကျော်ရှိပြီး Android ဖုန်းအတော်များများမှာ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။
Download link – http:// bit.ly/2avHdv6
Banruka

 
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment