Super Dynamitefishing










Super Dynamitefishing ဟာ ကြုံဖူးသမျှထဲမှာ အလန်းဆုံး fishing ဂိမ်းဖြစ်ပါတယ်

ငါးမျှားတဲ့ဂိမ်းတွေဟာ console အပါအဝင် ဂိမ်းပလက်ဖောင်းမျိုးစုံမှာထွက်ရှိခဲ့ဖူးပါတယ်။ ငါးမျှားတံ နဲ့ ငါးစာပေါ်မူတည်တဲ့ fishing ဂိမ်းတွေကိုမေ့လိုက်ပါ။ Super Synamite fishing ဟာ ကြုံဖူးသမျှထဲမှာ အလန်း ဆုံး fishing ဂိမ်းဖြစ်တယ်။

ငါးဖမ်းသမား Joe ဟာ ချစ်သူကို ပိုးကြေးပန်းကြေးလက်ဆောင်ပေးဖို့အတွက်ရော အထွေထွေ စရိတ် တွေအတွက်ပါ သူ့ရဲ့ငါးဖမ်းတဲ့ပုံစံကို ပိုပြီးသွေးဆာတဲ့စတိုင် ပြောင်းလဲခဲ့ပါတယ်။ ရေအောက်က ငါးတွေကို ဒိုင်းနမိုက်တွေပစ်ချပြီး သတ်ဖြတ်ဖမ်းဆီးတဲ့အပြင် ကိုယ်ဖမ်းထားတဲ့ငါးတွေကို လာသုတ်ယူတဲ့ ငှက်တွေကို လဲပစ်ချရသေးတယ်။ ပင်လယ်ကမ်းစပ်လိုနေရာမျိုးမှာ ပိုကြီးတဲ့ ငါးမန်းတွေ၊ ရေဘဝဲတွေ အတွက် အားပြင်းတဲ့ ဒိုင်းနမိုက်အကြီးစားကို ဝယ်ယူနိုင်သလို ဘက်ထရီအိုးနဲ့ ရေခဲသေတ္တာလို အရာတွေ ကို ရေအိုင်ကြမ်းပြင် အောက်သို့ပစ်ချပြီး ထောင်ချောက်ဆင်နိုင်တာကြောင့် ပုံမှန်မဟုတ်ဘဲ လွတ်လပ်စွာ ငါးဖမ်း ရတဲ့ပုံစံဟာ အက်ရှင်ဂိမ်းပိုပီသစေပါတယ်။ Qiock Fishing နဲ့ဆော့မယ်ဆိုရင် ပေးထားတဲ့ လက်နက်တွေ အရေအတွက်နဲ့ပဲ ရသလောက်ဖမ်းဆီးရမှာဖြစ်ပေမယ့် Career mode ကတော့ ဇာတ်လမ်းသွားဖြစ်ပါတယ်။ 
Joe’s House မှာရှိတဲ့ Mailbox ကနေ လက်နက် အခမဲ့ကူပွန်တွေနဲ့ mission များရရှိနိုင်သလို သတင်းစာထဲက ငါးဈေး ကိုဖတ်ပြီး ဘယ်နေရာမှာငါးဖမ်းရမလဲလို့ ရွေးချယ်နိုင်တယ်။ Weapon မှာ ဒိုင်းနမိုက်နဲ့ အခြားလက်နက်တွေ ဝယ်ယူရမှာဖြစ်ပြီး ရေအောက်ရတနာသေတ္တာတွေကို မိုင်းခွဲပြီးတော့လဲ လက်နက်တွေရရှိနိုင်ပါသေးတယ်။ Boat Shop မှာလှေငယ်ကနေ စစ်သင်္ဘောအထိဝယ်ယူနိုင်ကာ မိမိအသုံးပြုတဲ့ လှေပေါ်မှာမူတည်ကာ လက်နက်အမျိုးအစား ပိုသယ်ယူနိုင်သလို ငါးအရေအတွက်လဲ ပိုတင်နိုင်မှာပါ။

သူရဲ့ကောင်မလေးကိုလက်ဆောင်ပစ္စည်းပေးတဲ့အပေါ်မူတည် ပြီး Location အသစ်တွေပွင့်လာ ကာ ငါးမျိုးသစ်တွေကို ပိုအားကောင်းတဲ့ လက်နက်တွေနဲ့ဖမ်းရပါမယ်။  Touch Control သီးသန့်ထိန်းချုပ် ဆော့ ကစားရမှာဖြစ်ပေမယ့် ကိုယ့်ရဲ့လှေငယ်ကို ရွေ့လျားချင်ရင် သွားလိုရာဘက်ကိုတိမ်းစောင်းပြီးလှုပ်ရှားနိုင် တယ်။ ငှက်တွေပိုပစ်ချရတာပျော်စရာကောင်းပေမယ့် အကျိုးအမြတ်မရှိပါဘူး။ ဒါ့ကြောင့် ကုန်ကျစရိတ်  တိုးလာတဲ့နောက်ပိုင်း Level တွေမှာ အတက်နိုင်ဆုံးရေအောက်က သတ္တဝါတွေကိုပဲအာရုံစိုက်သင့်ပါတယ်။ ဒိုင်းနမိုက်ကလွဲရင် ကျန်တဲ့လက်နက်တွေရဲ့မတူညီတဲ့ အသုံးပြုပုံကိုနားလည်မှ အလဟဿမဖြုန်းတီး မိမှာဖြစ်ပါတယ်။ ပေးထားတဲ့တစ်နေ့တာချိန်တွင်းမှာ ရသလောက်ငါးတွေဖမ်းဆီးရမှာဖြစ်ပြီး achievement တွေလဲပါဝင်တယ်။ 2D ဂရပ်ဖစ်ဖြစ်ပေမယ့် Handy Games ရဲ့ သပ်ရပ်တဲ့လက်ရာဟာ အခြားဂိမ်းတွေလို တောက်ပပြီး ဆွဲဆောင်မှုရှိတယ်။ Android 2.1 နဲ့အထက်မှာဆော့ကစားနိုင်ကာ iOS မှာလဲ ရရှိနိုင်ပါတယ်။ Acrade & action အမျိုးအစားဖြစ်တဲ့ Super Dynamite Fishing  ဟာ ကြယ်လေးလုံးခွဲအဆင့် သတ်မှတ် ခံရတဲ့ လူကြိုက်များဂိမ်းတစ်ခုပါ။ လွယ်ကူတဲ့ Gameplay နဲ့ RPG ဆန်ဆန်မိုဘိုင်းဂိမ်းလေးဟာ ပထမဆုံး ဆော့ကစားတဲ့လူတောင် အကောင်းဆုံးခံစားချက်ကိုရရှိနိုင်ပါလိမ့်မယ်။

Banruka
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment