Super Stick Golf












Cars: Fast As Lighting Pixar ကနေ ထုတ်လုပ်ပြီး Walf Disney မှဖြန့်ချိခဲ့တဲ့ Cars ကာတွန်း ဇာတ်လမ်းတွဲလေးကိုအခြေခံပြီး ဖန်တီးထားတဲ့ဂိမ်းလေးဖြစ်ပါတယ်။ Racing game ဆိုပေမယ့် Asphalt, Real Racing တို့လိုမျိုး ပြေးလမ်းကြောင်းပေါ်မှာ ထိန်းချုပ်ယှဉ်ပြိုင်ရတာမျိုးမဟုတ်ဘဲ CSR ဂိမ်းလိုမျိုး မရှိကို ထိန်းချုပ်ရတာမျိုးပါ။
CSR မဆော့ဖူးတဲ့သူတွေအတွက် ရှင်းပြရရင်တော့ ကစားသူဟာကိုယ့်ရဲ့ကားကို ဘယ်ညာလမ်း ကြောင်းထိန်းချုပ်စရာလုံးဝမလိုပါဘူး။ လီဗာကိုသာအချိန်ကိုက် Tap လုပ်ပေးရုံနဲ့ ကိုယ့်ရဲ့ကားကို အလို အလျောက်မောင်းနှင်နေမှာဖြစ်ပါတယ်။ CSR ထက်ပိုလာတာကတော့ သူကလမ်းပေါ်မှာ အလှအပ စတန့်ပြဖို့ နေရာတွေ ဖန်တီးလို့ရပြီး screen မှာပေါ်လာတဲ့ Arrow sing အတိုင်း Swipe လုပ်ပေးလိုက်ရင် စတန့်ပြကွက် တွေ ထွက်လာပြီးအမှတ်ပိုရမှာပါ။ တာစထွက်တဲ့အချိန်မှာထဲက Go ဆိုတဲ့အချက်ပေး မှုနဲ့အတူ Tap လုပ်နိုင်ဖို့ ချိန်ကိုက်ကြိုးစားရမှာဖြစ်ပြီး ကွက်တိကျခဲ့ရင်တော့ Turbo boost ရရှိမှာပါ။
ပြေးလမ်းတလျှောက်မှာလဲ အပြာရောင်ကွင်းလေးတွေကို တွေ့ရမှာဖြစ်ပြီးတော့ Perfect ဖြစ်အောင် Tap နှိပ်နိုင်ခဲ့ရင်လဲ Turbo နဲ့အရှိန်ပိုမြန်မှာဖြစ်တယ်။ Great ဆိုရင်တော့ သာမာန် Combo တက်ပြီး အမှတ်ပိုရ ရုံလောက်ပါပဲ။ သူ့ရဲ့ Racing Control နဲ့ပတ်သက်သမျှက ဒါအကုန်ပါပဲ။
Cars fast as lighting ဟာ ဒီနေရာမှာတင်ပြီးသွားရင်တော့ ဘယ်လောက်ပဲနာမည်ကြီးကားကို မှီး ထားတာဖြစ်ဖြစ်၊ ဘယ်လောက်ပဲရုပ်ထွက်က ချစ်စရာကောင်းပေမယ့် မအောင်မြင်နိုင်ပါဘူး။ Gameplay ကအရမ်းရိုးစင်းပြီး control ကလဲ ၁၀နှစ်အောက် ကလေးတွေတောင် မိနစ်ပိုင်းအတွင်း အကုန်အစင် ကျွမ်းကျင်သွားမှာပါ။ ဒါပေမယ့် Gameloft ကသူ့ရဲ့ building sim ပုံစံကို ဒီဂိမ်းထဲမှာ ယူဆောင်လာပါတယ်။

ကစားသူဟာပြိုင်ပွဲတွေကို အနိုင်ရရင်ကားအသစ်လေးတွေ တစ်စီးပြီးတစ်စီးကို ကိုယ့်ရဲ့မြို့လေး ဆီခေါ်ယူလာနိုင်မှာဖြစ်ပါတယ်။ အနိုင်ရတဲ့ကားတွေရဲ့ပြိုင်ပွဲတွေကို နောက်တစ်ခါယှဉ်ပြိုင်ရင်းနဲ့ နောက်ထပ် ကားအသစ်တွေကိုထပ်ထပ်ပြီး ရယူသွားရမှာပါ။ နောက်ဆုံး Boss ကတော့ Cars ဇာတ်လမ်းတွေရဲ့ အဓိကဇာတ်ကောင် Lighting Macquen ပဲဖြစ်ပါတယ်။ ကားအသစ် တစ်စီးတိုး လာတာနဲ့ ကိုယ့်ရဲ့မြို့အတွက် Building, Decoration အသစ်တွေရလာမှာပါ။ Building sim တွေရဲ့ထုံးစံအတိုင်း ဟိုဟာဆောက်ပေးပါ။ ဒီဟာကနေ Collect လုပ်ပေးပါဆိုတဲ့ mission လေးတွေလဲပါဝင်ပါတယ်။ mission က သုံးမျိုးရှိပြီး Race, Town Special ပါ။ Race ကို ဘယ်ဘက် အပေါ်က Lightining ရဲ့ပုံစံလေးကိုနှိပ်ပြီး ကြည့်နိုင်သလို Mater ကတော့ ကိုယ့်ရဲ့ Town mission တွေကိုပြောပြမှာပါ။ Special mission တွေကတော့ တစ်ခါတလေမှ ပေါ်လာတတ်ပြီး တစ်ခုလုပ်ပြီးတာနဲ့ ပျောက်သွားတတ်ပါတယ်။ ထုံးစံအတိုင်း Energy Bar ပါဝင်တဲ့အတွက် ကစားသူတွေကပြိုင်ပွဲတွေကို အချိန်မရွေးစိတ်ရှိတိုင်းနာရီနဲ့ချီပြီး ကစားလို့မရပါဘူး။ Racing gameplay က ဒီလောက်ကြီး ဆွဲဆောင်မှုမှမရှိတာ အရေးမပါပါဘူးလို့မထင်ပါနဲ့။ သင်အနိုင်ရထားတဲ့ကားလေး တွေရဲ့ဒီဇိုင်း ကိုပြောင်းလဲဖို့အတွက် Sticker လေးတွေကိုသက်ဆိုင်တဲ့ RAce ပြေးလမ်းမှာမောင်းနှင်နေတဲ့ ကားလေးတွေကို friendly စိန်ခေါ်အနိုင်ယူခြင်းဖြင့် စုဆောင်းရယူနိုင်တယ်။ Sticker အားလုံးရရှိမှ ဒီဇိုင်း အသစ်ကိုပြောင်းနိုင်မှာပါ။

ဒီဂိမ်းမှာ Event ပါဝင်ပေမယ့် building လေးတွေ bonus ရတာလောက်ကလွဲလို့ သိပ်ထူးထူးခြားခြား မရှိလှဘူး။ Gameplay ကလဲ Sim သာမပါရင်အတော်ပျင်းဖို့ ကောင်းမှာပါ။ Building တွေကလဲ တူညီတဲ့ အဆောက်အဦကို နှစ်ခါပြန်ဆောက်လို့မရဘူး။ ဒါ့ပြင် Garage ထဲမှာကိုယ့်ရဲ့ကားကို speed မြန်အောင် upgrade မြှင့်ရတာကလွဲရင်လဲ Gold တွေဟာ သုံးစရာမရှိပါဘူး။ ဒါ့ကြောင့် Gold များလာရင် ကိုယ့်ရဲ့ မြို့နယ် ပယ်ကို ထပ်ချဲ့ပေမယ့်လဲ ဆောက်စရာ Building ကမရှိတဲ့ပြနာ ကိုရင်ဆိုင်ရပါတယ်။

Cars Fast as Lightning ဟာ စကစားကာစမှာ စိတ်ကိုအတော်ဆွဲဆောင်နိုင်တဲ့ ဂိမ်းဖြစ်ပါတယ်။ မူရင်းဇာတ်ကားရဲ့ အငွေ့အသက်တွေအပြည့်အ၀ပါဝင်ပြီး လွယ်ကူတဲ့ gameplay ဟာ ကစားသူရဲ့ စိတ်ကို ဖမ်းထားနိုင်တယ်။ အချိန်ကြာလာရင်တော့ ရိုးအီလာမယ့်အဖြစ်ကို ရှောင်လွှဲဖို့ Sticker တွေစုရတာကလွဲပြီး သိပ်မရှိဘူး။ Building sim ဂိမ်းတွေကိုမပျင်းမရိကစားတတ်တဲ့ လူတွေအတွက်တော့ Ice Age လိုမျိုး animated Sim မိုဘိုင်းဂိမ်းကောင်းတစ်ခုဖြစ်တယ်လို့ လက်တို့လိုက်ပါတယ်။

Banruka

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment