ကျယ်လွန်းတဲ့ချွေးပေါက်တွေ ဘယ်လိုကျဉ်းအောင်လုပ်









အလှအပရေးရာပြနာတွေထဲက မိန်းကလေးတွေ စိတ်ညစ်ရတဲ့ပြနာတစ်ခုကိုပြောပါဆိုရင် မျက်နှာပြင် ပေါ်က ချွေးပေါက်တွေကျယ်နေတဲ့ ပြနာပါ။ ချွေးပေါက်ကျယ်တွေက မိတ်ကပ်လိမ်းရ အခက်အခဲဖြစ်သလို ချွေးထွက်တဲ့အခါ၊ ဓာတ်ပုံရိုက်တဲ့အခါ အနှောင့်အယှက်ဖြစ်စရာကောင်းလှပါတယ်။ အဲဒီတော့ ချွေးပေါက် ကျယ်တဲ့ ပြနာဘယ်လိုဖြေရှင်းကြမလဲ… ။

ပျားရည်နဲ့သံပုရာ
ပျားရည်နဲ့သံပုရာရည်က ချွေးပေါက်ကျဉ်းစေပြီး အသားရောင်ညီညာစေပါတယ်။ အရေပြားက ဘက်တီရီယားတွေကို သေစေတဲ့အတွက် ၀က်ခြံထွက်တာလည်း သက်သာသွားစေပါလိမ့်မယ်။

သခွားသီး
သခွားသီးကလည်း အရေပြားအသားအရောင်ညီညာစေပြီး သူ့မှာပါဝင်တဲ့ဂုဏ်သတ္တိက ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။ သခွားသီးခပ်ပါးပါးလေးလှီးပြီး မျက်နှာမှာ ၁၅ မိနစ်ခန့်ကပ်ထားပေးနိုင်ပါတယ်။

ဒိန်ချဉ်
ဒိန်ချဉ်က အရေပြားဆဲလ်အသေတွေနဲ့ အဆီတွေကိုဖယ်ရှား သန့်စင်ပေးပါတယ်။ မျက်နှာမှာ ခပ်ပါးပါးလေး ၁၀ မိနစ်ခန့်လိမ်းထားပေးမယ်ဆိုရင် အရေးကြောင်းတွေကို ပျောက်ကင်းသက်သာစေပါတယ်။

မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါမှာပါဝင်တဲ့ ရောင်ရမ်းခြင်းကိုသက်သာစေပြီး ဘက်တီးရီးယားတွေကို သေစေတဲ့ ဂုဏ်သတ္တိက ၀က်ခြံများကို ပျောက်ကင်းစေပြီး ချွေးပေါက်များအတွင်းမှ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။

ရွံ့စေး
ရွံ့စေးက အသားအရောင်ကို ညီညာစေပြီး ချွေးပေါက်များကို ကျဉ်းစေပါတယ်။ ဒါတင်မက မျက်နှာပြင်က အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။

ကြက်ဥအကာ
ကြက်ဥအကာက လျော့တွဲနေတဲ့အရေပြားကို တင်းရင်းကျစ်လစ်စေပြီး မျက်နှာအဆီပြန်ခြင်းကို သက်သာ စေပါတယ်။ တစ်ပတ် ၂ ကြိမ်ခန့်ကြက်ဥအကာနဲ့ မျက်နှာပေါင်းတင်ပေးမယ်ဆိုရင် ချွေးပေါက်တွေကိုကျဉ်း စေပါလိမ့်မယ်။

ရေနွေးငွေ့
ရေနွေးငွေ့နဲ့ မျက်နှာပေါင်းတင်တာကလည်း ချွေးပေါက်တွင်း အညစ်အကြေးတွေကိုကင်းစင်စေပြီး အသားအရေကိုနူးညံ့စေပါတယ်။

ဗာဒံစေ့
ဗာဒံစေ့က အသားအရေကို ညီညာစေပြီး ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။ ဗာဒံစေ့အနှစ်နဲ့ သံပုရာရည် ရောစပ်ပြီး မျက်နှာမှာလိမ်းထားပေးနိုင်ပါတယ်။

ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်က အရေပြားရဲ့ PH Level ကို ထိန်းညှိပေးပါတယ်။

အုတ်ဂျုံ
အုတ်ဂျုံကတော့ မျက်နှာပြင်ပေါ်က အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကိုကျဉ်း စေပါတယ်။

န်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment