ကိုယ့်ရဲ့ဆံကေသာဘယ်လောက်ထူတယ်။
ဘယ်လောက်ပါးတယ်ဆိုတာ မျိုးရိုးဗီဇနဲ့သက်ဆိုင် ပါတယ်။ ပြောင်းလဲလို့မရပါဘူး။ ဒါပေမဲ့ဆံကေသားပါးလာတဲ့
ပြဿနာကတော့ ကိုယ့်ရဲ့တစ်နေ့တာ သွားလာနေထိုင်စားသောက်ပုံစံတွေ၊ အပြုအမူတွေနဲ့သက်ဆိုင်ပါတယ်။
ဘယ်သူမှတော့ဆံပင်ပါးပါး လေးကိုနှစ်သက်ကြမှာမဟုတ်ပါဘူး။ ထူထဲပြီးနက်မှောင်တောက်ပတဲ့
ဆံကေသာကိုနှစ်သက်ကြမှာပါ။ အဲဒီတော့ဆံပင်တွေဘာကြောင့်ပါး လာတာလဲဆိုတာလေ့လာကြည့်ရ အောင်။
တင်းကြပ်စွာစည်းနှောင်ခြင်း
ဆံပင်ကိုတင်းတင်းကြပ်ကြပ်စည်းထားတာက
ဆံသားအရင်းနဲ့ဦးရေပြားကြား ဆွဲနိုင်အားကိုလျော့ စေပြီး ဘယ်လိုမှပြန်လည်ပြုပြင်လို့မရတဲ့ပျက်စီးမှုကိုဖြစ်စေပါတယ်။
အဲဒါကြောင့်ဆံပင်စည်းတဲ့အခါ အတတ်နိုင်ဆုံးခပ်ပြေပြေလေးသာ စည်းထားပေးပါ။ ဒီလိုမှမဟုတ်ဘဲ
အမြဲတင်းတင်းကြပ်ကြပ်စည်းထား မယ်ဆိုရင်တော့ Traction
Alopecia လို့ခေါ်တဲ့ ဆံပင်ဘယ်တော့မှပြန်မပေါက်နိုင်တော့တဲ့
ပျက်စီးမှုမျိုး ဖြစ်လာစေပါလိမ့်မယ်။
ရေပူ
ရေနွေးနဲ့ခေါင်းလျှော်တာကလည်း
ဆံကေသာကိုခြောက်သွေ့ပြီး ပါးလျသွားစေတဲ့အကြောင်း အရင်းတစ်ခုပါ။ ဒါတင်မကပါဘူး။ ဆံကေသာကိုကျိုးကြေစေကုန်ပါတယ်။
ရေနွေးကဦးရေပြားက သဘာဝ အဆီတွေကိုပါ စုပ်ယူသွားပြီး ဆံသားတွေကြမ်းတမ်းပြီး ကျွတ်လာပါတော့တယ်။
Bold
အထူးသဖြင့်
ကျစ်ဆံမြီးကျစ်တတ်တဲ့မိန်းကလေးတွေ အဖြစ်များပါတယ်။ ဆံသားတွေကိုချိုးလိမ်တဲ့ အတွက် ဆံသားတွေပျက်ဆီးပြီး
ပါးလာပါတော့တယ်။ ပုံမှန်အတိုင်း တည်ရှိရမယ့်ဆံသားကဦးရေပြားနဲ့ ဆန့်ကျင်ပြီးနေရတာကြာလာတဲ့အခါ
တင်းရင်းမှုလျော့နည်းလာပြီး ဆံသားတွေပါးလာစေပါတော့တယ်။
နေရောင်ခြည်
နေရောင်ခြည်ကအရေပြားကိုတင်
ပျက်စီးစေတာမဟုတ်ပါဘူး။ ဆံကေသာကိုလည်းပျက်စီးစေပါ တယ်။ ခရမ်းလွန်ရောင်ခြည်ကို အချိန်ကြာမြင့်စွာထိတွေ့ခြင်းက
ဆံကေသာတွေကိုအားနည်းလာစေပြီး ဆံပင်ကျွတ်ခြင်းဖြစ်လာစေပါတယ်။ အဲဒါကြောင့် အပြင်သွားတဲ့အခါ
အတတ်နိုင်ဆုံး ထီး၊ ဦးထုပ်တို့နဲ့ ကာကွယ်သွားတာအကောင်းဆုံးပါ။
ခေါင်းမလျှော်ခြင်း
အချိန်အတော်ကြာမြင့်တဲ့အထိ
ခေါင်းမလျှော်တာကလည်း ဆံကေသာကိုအင်အားချိနဲ့စေပါတယ်။ ပုံမှန်ခေါင်းလျှော်တဲ့အတွက် ဦးရေပြားမှာ
အညစ်အကြေး၊ အဆီတွေနဲ့ ဆံကေသာအလှကုန်အကြွင်းအကျန် ပစ္စည်းတွေက ဦးရေပြားကိုပိတ်ဆို့ပြီး
ဆံကေသာအသစ်ကလေးတွေရှင်သန်လာစေဖို့ အတားအဆီးဖြစ် လာစေပါတော့တယ်။
အာဟာရချို့တဲ့ခြင်း
အာဟာရလုံလောက်မျှတမှုမရှိတာကလည်း ဆံကေသာပါးသွားစေတဲ့အကြောင်းတွေထဲက
တစ်ခုပါ။ ခန္ဓာကိုယ်အတွက် အာဟာရဓာတ်လိုအပ်သလို ဆံကေသာအတွက်လည်းလိုအပ်ပါတယ်။ ဒီလိုအာဟာရလုံလောက်စွာမရဘဲ
ချို့တဲ့လာတဲ့အခါ ဆံကေသာပါးခြင်း ဖြစ်လာပါတော့တယ်။
ကြမ်းတမ်းစွာကိုင်တွယ်ခြင်း
ဆံကေသာရေစိုနေချိန်မှာ
ပိုနူးညံ့ပြီးပျက်စီးလွယ်ပါတယ်။ အဲဒါကြောင့် ခေါင်းလျှော်ပြီးကာစ ရေသုတ် တဲ့အချိန်မှာ
နူးညံ့စွာကိုင်တွယ်ဖို့လိုပါတယ်။ ကြမ်းကြမ်းတမ်းတမ်းသုတ်တဲ့အတွက် ဆံကေသာက ပျက်စီး လာပါတော့တယ်။
ဆံကေသာပုံသွင်းပစ္စည်းများ
ဆံကေသာကိုတောင့်တင်းပြီး
ပုံမပျက်လှပစေတဲ့ဂျယ်လီတွေက ဆံသားကိုပါးပြီးပျက်စီးစေတဲ့အ ကြောင်းအရင်းတွေထဲကတစ်ခုပါ။
ဒါတင်မကပါဘူး။ ဒီပစ္စည်းတွေက ဆံသားကိုခြောက်သွေ့သွားစေပါတယ်။ အဲဒီအချိန် ခေါင်းဖြီးလိုက်တဲ့အခါ
ဆံကေသာက ကျိုးပဲ့ပြီးပျက်စီးဖို့ အကြောင်းဖန်လာပါတော့တယ်။
ခေါင်းကုတ်ခြင်း
ဦးရေပြားယားယံတတ်သူတွေ
ဗောက်ထသူတွေအနေနဲ့ လက်ဖက်ပင်အဆီပါဝင်တဲ့ ခေါင်းလျှော်ရည် မျိုးသုံးပေးပါ။ ယားယံတဲ့အချိန်
ခေါင်းကိုကုတ်ခြင်းရှောင်ပါ။ ခေါင်းကုတ်ခြင်းကဆံကေသာအမြစ်လေးတွေနဲ့ ဦးရေပြားကို နှဲ့ပေးသလိုဖြစ်ပြီး
ဆံပင်ကျွတ်ခြင်းကိုဖြစ်လာစေပါတော့တယ်။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment