သူ ကိုယ့်အပေါ် သစ္စာရှိရဲ့လား










ကိုယ်ချစ်တဲ့တစ်စုံတစ်ယောက်ဆီက သစ္စာဖောက်ဖျက်ခြင်းခံရတဲ့အရသာကို ခံစားဖူးသူသာ သိပါလိမ့်မယ်။ ဘယ်သူမှတော့ ဒီခံစားချက်ကို မခံစားချင်ကြပါဘူး။ အဲဒီလိုပဲ ကိုယ်လည်းသစ္စာဖောက်ခံရနိုင်သလားဆိုပြီး တွေးမိရင်လည်း တွေးမိကြမှာပေါ့။ သစ္စာဖောက်မခံရဘူးလို့ ရာနှုန်းပြည့်တော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် သူ ကိုယ့်အပေါ် သစ္စာရှိမရှိ သိနိုင်တဲ့အချက်လေးတွေတော့ရှိပါတယ်။

နောက်ကြောင်းကောင်း
သူ အရင်ကလှည့်စားဖူးရင် သစ္စာဖောက်ဖူးရင် ဒီတစ်ခေါက်လည်း လုပ်ချင်လုပ်မှာပေါ့။ ဒါ အာမ မခံပါဘူး။ ယောကျာ်းလေး၊ မိန်းကလေး ဘယ်သူဖြစ်ဖြစ် တစ်ခါလုပ်ဖူးပြီးရင် နောက်တစ်ကြိမ် ကျူးလွန်ဖို့က မခဲယဉ်းပါဘူး။ တကယ်လို့ အရင်က ဒီလိုလုပ်ရပ်မျိုး မကျူးလွန်ဖူးရင်လည်း ဒါ သူ့စရိုက်မဟုတ်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တူညီတဲ့ပန်းတိုင်ကိုသွားမယ်
ကိုယ့်ချစ်သူက အမှီအခိုကင်းတာကောင်းပါတယ်။ ဒါပေမယ့် နှစ်ယောက်စလုံး တူညီတဲ့ပန်းတိုင်တစ်ခုဆီကို သွားနေဖို့ဆိုတာ လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘဝရှေ့ရေးအတွက် စီမံချက်တွေအတူဆွဲမယ်၊ ဒီအစီအစဉ်တွေကို အကောင်အထည်ဖော်မယ်။ ဒါဆိုရင်တော့ တစ်ယောက်အပေါ်တစ်ယောက် သစ္စာဖောက် ဖို့ ခက်ခဲသွားပြီဆိုတဲ့ လက္ခဏာတစ်ခုပါ။

အိမ်မှာပျော်ရွှင်မယ်

သစ္စာဖောက်ဖျက်လိမ်လည်မှုအတွက် ဘာပါတယ်ဆိုပြီး လက်ဆုပ်လက်ကိုင်ပြစရာတော့ မရှိပါဘူး။ ဒါပေမယ့် ယောကျာ်းတစ်ယောက်၊ မိန်းမတစ်ယောက် သစ္စာဖောက်တာကို ပြနေတဲ့သင်္ကေတတွေ ရှိပါတယ်။ အဲဒါ ကတော့ အိမ်မှာမနေပျော်တော့တာပါ။ ကိုယ်ချစ်ရသူနဲ့ ဘာလုပ်လုပ် မပျော်ရွှင်တော့ပါဘူး။ အတူရှိနေတဲ့ အရသာကို မနှစ်သက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာပိုချစ်ရတဲ့လူတစ်ယောက်ရှိလာလို့ပါ။

လျို့ဝှက်ချက်မရှိ

တစ်ယောက်နဲ့တစ်ယောက် သစ္စာမဖောက်ဖျက်တဲ့ လက္ခဏာတစ်ခုကတော့ လျို့ဝှက်ချက်မထားရှိတာပါ။ သူငယ်ချင်းဘဝမှာလည်း သူငယ်ချင်းအဆင့်အလျောက်၊ ချစ်သူဘဝမှာလည်း ချစ်သူအဆင့်အလျောက်၊ လင်မယားဘဝမှာလည်း လင်မယားအလျောက် လျို့ဝှက်ချက်တွေက တဖြည်းဖြည်းပြေ လျော့သွားရပါလိမ့် မယ်။ ဒါမှလည်း သူကိုယ့်အပေါ် သစ္စာတည်မြဲမယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်နိုင်မှာ မဟုတ်ပါလား။

သူသာကိုယ့်အတွက်

သူ့မျက်လုံးတွေကို သတိထားကြည့်ပါ။ ကိုယ့်အနားနားမှာရှိနေပါလျက် ပတ်ဝန်းကျင်ကို မျက်လုံးကစားတတ် သလားဆိုတာမျိုးပေါ့။ မျက်လုံးကစားတာက ပြဿနာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်မဟုတ်တဲ့ တစ်ခြား လူတစ်ယောက်အပေါ် သာယာမိသွားတာတွေထဲမှာ မျက်ဝန်းအကြည့်က တစ်ခုအပါအဝင်ဆိုတာ မေ့ထားလို့ မရပါဘူး။

အကြောင်းပြချက်မရှိ

လူတစ်ယောက်က သူ့ရဲ့တစ်နေ့တာလှုပ်ရှားမှုအားလုံးကို သူ့ချစ်သူအပေါ် အစီအရင်ခံစရာမလိုပါဘူး။ ဒါပေမဲ့ မေးလာတဲ့အချိန်မှာတော့ ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာတွေအပေါ် ရိုးသားဖို့လိုပါတယ်။ သူ့ရဲ့ဖြေရှင်း ချက်တိုင်းမှာ သံသယဝင်တဲ့ခံစားချက် ကင်းစင်နေဖို့လိုပါတယ်။

နှလုံးသားကိုယုံကြည်
လူတိုင်းမှာ ပြောပြလို့မရတဲ့အာရုံခံစားမှုတစ်မျိုး ရှိကြပါတယ်။ သူကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေကို အခြေခံ ပြီး လက်ရှိတွဲနေတဲ့လက်တွဲဖော်ရဲ့နှလုံးသားကို ခံစားကြည့်နိုင်ပါတယ်။ အဲဒီတော့ အတတ်နိုင်ဆုံးနှလုံးသား ကိုယုံကြည်ပါ။ ဦးနှောက်နဲ့အဆုံးအဖြတ်ပေးပါ။
Whitney


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment