သင်ဟာ Angry Bird ဂိမ်းကိုဆော့ကစားဖူးသူတစ်ယောက်ဆိုရင်
အခုဖော်ပြပေးတဲ့ Tiny Archer ဆိုတဲ့ ဂိမ်းလေးကိုလည်း နှစ်ခြိုက်မိမှာမလွဲပါဘူး။ drag
& release လို့ဆိုတဲ့ ပစ်မှတ်ကိုချိန် ရွယ်ပစ်လွှတ် ကာ ကစားရတဲ့ ဒီဂိမ်းလေးဟာ
Castle-Defense ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ Defense ဂိမ်းအမျိုး အစားဆိုပေမယ့် Action
RPG ဆန်ဆန်ပြုလုပ်လာတဲ့ အလွန်သပ်ရပ်ညက်ညောတဲ့ graphic ပုံရိပ်တွေကြောင့် ဆော့ကစားသူကို
မျက်စိပသာဒဖြစ်စေပါလိမ့်မယ်။
ဒီဂိမ်းရဲ့အဓိကဦးတည်ချက်ကတော့ ရောက်ရှိတာဝန်ယူထားတဲ့ Castle/
Tower ကို မင်စာ၊ မိစ္ဆာနဲ့ တောကောင်တွေမတက်ရောက်နိုင်အောင် ကာကွယ်ရမှာဖြစ်ပါတယ်။ Tiny
Archer မှာအဓိကဆော့ကစား ရမယ့် ဇာတ်ကောင်တွေအနေနဲ့ Human, Dwarf, Fairy ဆိုတဲ့ဇာတ်ကောင်(၃)မျိုး
ပေးထားပြီး တစ်မျိုးစီမှာ မတူညီတဲ့စွမ်းရည်နဲ့ ကာကွယ်နိုင်စွမ်းတွေ ပိုင်ဆိုင်ထားမှာဖြစ်ပါတယ်။
Tower ဆီကိုဦးတည်ချက် အမျိုးမျိုးကနေထွက်ပေါ်လာတဲ့ ရန်သူတွေကိုမလွတ်စတမ်း မြားနဲ့ချိန် ဆပြီး
ပစ်ခတ်နှိမ်နင်း ရတဲ့အတွက် စိတ်လှုပ်ရှားစရာကောင်းသလို အကန့်အသတ်နဲ့သာရရှိတဲ့ မြားအရေ အတွက်နဲ့
စွမ်းရည်တွေကို ဘယ်လိုအချိန်မျိုးမှာ အသုံးချမယ်ဆိုတဲ့ တွက်ချက်ရွေးချယ်ရတဲ့ ဂိမ်းတစ်ခုဖြစ် တာကြောင့်
သာမန်အပျင်းပြေ ဂိမ်းမျိုးထက် သာလွန်မှာဖြစ်ပါတယ်။
ဒီလိုကာကွယ်နှိမ်နင်းရင်းနဲ့ တစ်ခန်းပြီးတစ်ခန်းအောင်မြင်တာနဲ့
စွမ်းရည် အသစ်တွေ၊ မြားအသစ်တွေ ရရှိလာသလိုထူးခြားတဲ့ စိန်ခေါ်မှုအသစ်တွေလည်း ရင်ဆိုင်လာရမှဖြစ်ပါတယ်။
တကယ် လို့ သင်ဟာအခုမှ စတင်ဆော့ကစားသူတစ်ယောက်ဖြစ်ခဲ့ရင် ကိုယ့်ရဲ့ Archer ကိုပစ်ခတ်မှုကျွမ်းကျင်
အောင် လေ့ကျင့်ပေးလို့ရနိင်ပါတယ်။ တစ်ခန်းပြီးတစ်ခန်းရရှိလာတဲ့ ထူးခြားတဲ့ပစ္စည်းလေးတွေနဲ့
ပေါင်းစပ် ပြီး တော့လည်း သင့်ရဲ့ကိုယ်ပိုင်လက်နက်တစ်ခုကို သီးသန့်ဖန်တီးနိုင်ဦးမှာဖြစ်ပါတယ်။
Tiny Archer ဂိမ်းဟာ စုဆောင်းရရှိလာတဲ့စွမ်းရည်တွေ၊ ပစ္စည်းတွေနဲ့အတူ ကိုယ်ရွေးချယ်ထားတဲ့
ဇာတ်ကောင်တွေရဲ့အားသာချက် တွေကိုပေါင်းစပ်ပြီး အလွန်မြားပစ်ကျွမ်းကျင်တဲ့သူတစ်ဦးအဖြစ်
ရောက် ရှိနိုင်သလို ယှဉ်ပြိုင်မှုဆန်ဆန် ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။ လက်ရာအလွန်မြောက်စွာ
ရေးဆွဲထားတဲ့ ဇာတ်ကောင်တွေနဲ့ အတူ ရဲတိုက်တွေ၊ ခံတပ်တွေ၊ နောက်ခံမြင်ကွင်းတွေဟာ အလွန် အသက်ဝင်လှတဲ့အတွက်
ရုပ်ထွက်ကြည်လင်တဲ့ စမတ်ဖုန်းနဲ့သာဆော့ကစားမယ်ဆိုရင် ဂိမ်းမှာပေးစွမ်း ထားတဲ့ အရောင်အသွေးနဲ့
ရုပ်လုံးဖော်မှုတွေကို အပြည့်အ၀ခံစားရမှာဖြစ်ပါတယ်။
Barnuka
--------------------------------------------------------
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment