TubeMate











ဖုန်းရဲ့အင်တာနက်လိုင်း ဒါမှမဟုတ် Wifi အသင့်အတင့်ကောင်းနေရုံနဲ့ ကိုယ်ဝါသနာပါတဲ့ အကြောင်း အရာ Video တွေကို YouTube ကနေဖုန်းထဲကိုအလွယ်တကူ download   ပြုလုပ်ရယူနိုင်တဲ့ TubeMate

Android စမတ်ဖုန်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ ပိုမိုများပြားလာတာနဲ့အညီ အသုံးပြုကြတဲ့ နယ်ပယ် ဟာလည်း ပိုမိုကျယ်ပြန့်လာခဲ့ပါပြီ။ အရင်တုန်းကစမတ်ဖုန်းကို သီချင်းနားထောင်မယ် ကြိုက်နှစ်သက်တဲ့ MTV  ဖိုင်လေးတွေထည့်ပြီးကြည့်မယ်၊ ဂိမ်းဆော့မယ် စသည်ဖြင့် ဖျော်ဖြရေးပစ္စည်းတစ်ခုသဖွယ် အသုံးပြုလာတဲ့ အပြင် အခုနောက်ပိုင်းမှာ အင်တာနက်သုံးမယ်၊ online dictionary တွေကနေ သိ ချင်တဲ့စာလုံးတွေရှာမယ်၊ ဘာသာစကားတစ်ခုကနေတစ်ခု တိုက်ရိုက်ဘာသာပြန်မယ် အစရှိတဲ့ ပညာရေး၊ လူမှုရေးကိစ္စအဝဝအတွက်ပါ အသုံးပြုလာကြတဲ့ မရှိမဖြစ်အသုံး ပြုကြတဲ့ device  တစ်ခုသဖွယ် ဖြစ်လာခဲ့ပါပြီ။ 

ကင်မရာအရည်အသွေး ကောင်းမွန်တဲ့ ဖုန်းတွေမှာဆိုရင် သူငယ်ချင်းတွေ အားလပ် ရက်အပန်းဖြေခရီးသွားနေရာက ချက်ချင်းရိုက်ပြီး အွန်လိုင်းကနေမျှဝေကြတယ်။ ဒါမှမဟုတ် YouTube ကနေတစ်ဆင့်မျှဝေကြပါတယ်။ အဲဒီအခါ ကိုယ့်ဖုန်းရဲ့ Browser ကနေ YouTube ကိုဝင်ရတာ အခက်အခဲအနည်းငယ်ရှိနိုင်ပါတယ်။ ဝင်လို့ရခဲ့ရင်လည်း download ပြုလုပ်ကကြည့်ဖို့ရာ အခက်အခဲတွေ့နိုင်ပါသေးတယ်။ အချို့ဖုန်းတွေမှာ YouTube ရဲ့ Official App ပါဝင် လာပေမယ့် ကြည့်ရှုရုံအတွက်သာအဆင်ပြေပြီး download ပြုလုပ်ချင်ရင် အခက်တွေ့နိုင်ပါသေးတယ်။ 

ဒီတစ်ခါ ဖုန်းကနေ YouTube ကိုတိုက်ရိုက်ဝင်ပြီးကြည့်နိုင်၊ download ပြုလုပ်နိုင်မယ့် App လေးတစ်ခုခု လောက် ထည့်သွင်းထားခဲ့ရင် ပိုပြီးအဆင်ပြေစေနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် TubeMate : YouTube Down Loader လေးဟာ ထွက်ရှိပြီးတာ အတော်ကြာပေမယ့် လူသိနည်းပြီး သိပ်ပြီးအသုံးမပြုကြသေးပါဘူး။ ဖုန်းရဲ့အင်တာနက်လိုင်း ဒါမှမဟုတ် Wifi အသင့်အတင့်ကောင်းနေရုံနဲ့ ကိုယ်ဝါသနာပါတဲ့အကြောင်းအရာ Video တွေက YouTube ကနေ ဖုန်းထဲကိုအလွယ်တကူ download ပြုလုပ်ရယူနိုင်တဲ့အတွက် စမ်းသပ်အ သုံးပြုကြည့်သင့်ပါတယ်။

TubeMate Apps ကို Play Store, 1 Mobile Store အစရှိတဲ့ နေရာတွေကနေ ရယူပြီး install ပြုလုပ်ပါ။ TubeMate Apps ကို စတင်ဖွင့်လိုက်တာနဲ့ အောက်ခြေနားမှာ ပေါ်နေမယ့် toolbar ကို အသုံးမလိုရင် ဖျောက်ထားနိုင်တဲ့အတကြောင်း ပြောပါလိမ့်မယ်။ Close ကိုပဲနှိပ်လိုက်ပါ။ ပြီးရင် အင်တာနက် (3G) လိုင်း ဖွင့်ပြီးတော့ပဲဖြစ်ဖြစ်၊ Wifi ဖွင့်မိနေရင်ပဲဖြစ်ဖြစ် စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ပထမဆုံး YouTube ရဲ့ Popular on You Tube Page ကို စတင်မြင်ရမှာဖြစ်ပါတယ်။ Apps ရဲ့ဘယ်ဘက်အပေါ် ထောင့်နားမှာ ရှိတဲ့ menu button လေးကို နှိပ်လိုက်ရင် YouTube မှာခွဲခြားတဲ့ Video အမျိုးအစားအလိုက် ပေါ်လာပါ လိမ့်မယ်၊ ကြိုက်နှစ်သက်ရာကို ရွေးပါ၊ ဒါမှမဟုတ် Search Box ကနေကိုယ် သိချင်တဲ့ Video ကို စာလုံးပေါင်းရိုက်ပြီး ရှာလို့လည်းရပါတယ်။ 

ကိုယ် ကြည့်ချင်တဲ့ ဗွီဒီယိုဖိုင်ပေါ်ကို တစ်ချက်နှိပ်လိုက်ရင်အဲဒီဗွီဒီယိုဖိုင်ပွင့်လာပြီး အောက်နားမှာရှိတဲ့ အစိမ်း ရောင်မြှားလေးကို နှိပ်လိုက်ရင် တိုက်ရိုက်ကြည့်မှာလား (Watch) download  ပြုလုပ်မှာလားဆို တာ မေးပါလိမ့်မယ်။ Download ကိုနှိပ် လိုက်ပါ။ အခု download ပြုလုပ်မယ့် ဗွီဒီယို ဖိုင်ရဲ့ အမျိုး အစား(အရည်အသွေး)ပေါ်လာပါပြီ။ ရွေးချယ် လိုက်တဲ့အရည်အသွေးပေါ်မူတည် ပြီး download ပြုလုပ်တဲ့အချိန် ကွာခြားသွားမှာဖြစ်ပါတယ်။ download ပြုလုပ်နေချိန်မှာ notification bar မှာအစိမ်း ရောင်မြှားလေးပေါ်နေပါလိမ့်မယ်။ အသေးစိတ်အခြေအနေကိုသိချင်ရင်တော့ notification bar  ထဲက အဲဒီမြှားလေးကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။  download  ပြုလုပ်ပြီး ဘယ်နေရာ မှာ save  ထားတယ်ဆို တာလည်း ကြည့်နိုင်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment