Vitamin
B Complex ဆိုတာ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် ဘီ (၈)မျိုးနဲ့ပေါင်းစပ်ထားတာဖြစ်ပါ
တယ်၊ သူတို့တွေက အစားအစာတွေကို စွမ်းအင်အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ ဗီတာမင်ဘီ တွေက
ခန္ဓာ ကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် သွေးဆဲလ်လေးတွေ၊ ဟိုမုန်းနဲ့အာရုံကြောစနစ်အတွက်
အရေးကြီးပါတယ်။
ဗီတာမင်
B1 ကတော့ ခန္ဓာကိုယ်အတွင်း ဆဲလ်အသစ်လေးတွေဖြစ်စေဖို့ ကူညီပေးပါတယ်။
ဗီတာမင်
B2 ကတော့ ခန္ဓာကိုယ်အတွင်း Free radical တွေကို တိုက်ထုတ်ပေးပြီး နှလုံးရောဂါနဲ့ အရွယ်မတိုင်မီ
အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။
ဗီတာမင်
B3 ကတော့ သွေးလည်ပတ်မှုကောင်းမွန်စေပြီး ခန္ဓာကိုယ်အကျိုးပြု ကိုလက်စထရော တွေကို ထိန်းသိမ်းပေးပါတယ်။
ဗီတာမင်
B5 ကတော့ အသားအရေ၊ ဆံကေသာ၊ လက်၊ ခြေသည်း လှပကျန်းမာဖို့အတွက် အထောက် အကူပြုပါတယ်။
ဗီတာမင်
B6 ကတော့ နှလုံးနဲ့ဆက်စပ်ရောဂါတွေကို ကာကွယ်ပေးပါတယ်။
ဗီတာမင်
B12 ကတော့ ခန္ဓာကိုယ်တွင်း သွေးနီဥဆဲလ်လေးတွေ ထုတ်လုပ်မှုအတွက် အထောက်အကူ ပြုပါတယ်။
ဒီခန္ဓာကိုယ်ကျိုးပြုတဲ့ ဗီတာမင် ဘီ
ကွန်ပေါင်းတွေကို ဘယ်ကရနိုင်သေးသလဲ။
ငါး
ငါးတွေကသူတို့ခန္ဓာကိုယ်အတွင်းမှာ
ဗီတာမင် B12 ကိုမမွေးဖွားနိုင်ပေမယ့် ဆဲလ်လေးတွေထဲမှာတော့ မွေးဖွားဖို့ကူညီပေးနိုင်ပါတယ်
ဆာဒင်းငါး၊ ဆာမွန်ငါး၊ ငါးကွန်းရှပ်တို့ကနေ ဗီတာမင် B12 ကို ရရှိနိုင်ပါတယ်။
နွားအသဲ
နွားအသဲက
ဗီတာမင်ဘီ အကြွယ်ဝဆုံးအစားအစာတွေထဲက တစ်ခုပါ။
နွားအသဲမှာ
ဗီတာမင် B1, B2, B3, B5, B6, B9 နဲ့ B12 တို့ကြွယ်ဝစွာပါဝင်ပါတယ်။
ကြက်သား
ကြက်သားကလည်း
ဗီတာမင်ဘီ ကြွယ်ဝတဲ့အစားအစာပါ။ ကြက်သားမှာ ပရိုတိန်းနဲ့ သတ္တုဓာတ် တွေလည်း ပါဝင်ပါတယ်။
ဥနဲ့နို့ထွက်ပစ္စည်း
ဥက
ဗီတာမင် ဘီ အကြွယ်ဝဆုံးအစားအစာပါ။ ဥမှာ ဗီတာမင်ဘီ မျိုးစုံပါဝင်ပါတယ်။ ကြက်ဥ အနှစ်မှာပါဝင်တဲ့
ဗီတာမင် B12 က သွေးနီဆဲလ်လေးတွေပွားများဖို့ အကူအညီပေးပါတယ်။
ပဲအမျိုးမျိုး
ပဲကလည်း
ဗီတာမင်တွေဘီ ကြွယ်ဝတဲ့အစားအစာပါ။ ဒီ ဗီတာမင်တွေက အစားအစာတွေကို စွမ်းအင်အဖြစ်ပြောင်းလဲပေးပြီး
ရောင်ရမ်းနာကျင်ခြင်းတွေလျော့ကျစေသလို ခန္ဓာကိုယ်အကျိုးပြု ကိုလက်စထရောတွေလည်း တိုးပွားစေပါတယ်။
ပဲနို့
ပဲနို့က
ဗီတာမင် B12 ကြွယ်ဝတဲ့အစားအစာပါ။ အသားရှောင်သူတွေ၊ ကိုလက်စထရောထိန်းသူတွေ အတွက် သင့်လျော်တဲ့အစားအစာဖြစ်ပါတယ်။
ဟင်းနုနွယ်ရွက်
ဟင်းနုနွယ်ရွက်ကလည်း ဗီတာမင်ဘီတြွေကွယ်ဝတဲ့အစားအစာပါ။
သူ့မှာပါဝင်တဲ့ ဗီတာမင် B9 က ခန္ဓာကိုယ်တွင်းဆဲလ်တစ်သျူးများ ထုတ်လုပ်မှုမှာကူညီပေးပါတယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment