ဝိတ်ကျသော်လည်း ၀ိတ်မကျဘဲတလွဲများ




ဝိတ်ချဖို့အတွက် ပထမဆုံးခြေလှမ်းအနေနဲ့ ဆုံးဖြတ်ချက်ချရတာ လွယ်ကူပါတယ်။ ဒါပေမဲ့ လူအများ စုက အစကောင်းကြပေမယ့် နောက်ပိုင်းမှာသူတို့ရဲ့စိတ်ခွန်အားတွေ ယုတ်လျော့သွားကြကုန်ပါတယ်။ ၀ိတ်ချလို့ တစ်ပတ်တည်းနဲ့ ပေါင်တွေ အများကြီးကျသွားဖို့တော့ မမျှော်လင့်ပါနဲ့။ ဖြည်းဖြည်းနဲ့မှန်မှန် ၀ိတ်ချတာကသာ အောင်မြင်တဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာပါ။ မြန်မြန်နဲ့စိတ်ဆန္ဒစောပြီး ၀ိတ်ချ သူတွေ ဘယ်လိုပြဿနာကြုံရတတ်သလဲ။

အစားလျော့စားခြင်း

တနေ့တာစားသောက်ပုံစံက ၀ိတ်ကျခြင်းအတွက်လုံးဝထိရောက်မှုရှိပါတယ်။ လူအများစုကတော့ အစား လျော့စားပြီး ကယ်လိုရီလျော့ချတာက ၀ိတ်ကျစေတယ်လို့ ထင်နေကြပါတယ်။ တကယ်တော့ အစားလျော့စားတာက ဗိုက်ဆာနေတဲ့အတွက် ပိုပြီးတောင်စားစေပါတယ်။

အဆီနည်းသော အစားအစာများစားသုံးခြင်း
ဝိတ်ချတဲ့အစာ၊ အဆီနည်းတဲ့ အစားအစာတွေရွေးချယ်တတ်ကြတာ လူတွေရဲ့အကျင့်ပါ။ ဒီလိုအစား အစာတွေမှာ အချိုဓာတ်၊ အဆီနဲ့ကယ်လိုရီတွေပါဝင်နေတယ်။ ဒီအ စားအသောက်တွေကိုလျော့စေတဲ့ အတွက် အချိုစားချင်စိတ်ပိုဖြစ်စေပြီး စားမိတဲ့အခါ ၀ိတ်ပိုတက်လာပါတော့တယ်။

အိပ်ရေးပျက်ခြင်း
လေ့ကျင့်ခန်းအပြင်းအထန်လုပ် အစားအသောက်လျော့စားရုံနဲ့တော့ ၀ိတ်ကျသွားမှာမဟုတ်ပါဘူး။ အိပ်စက်ချိန်မှန်ဖို့လည်း လိုပါတယ်။ အိပ်စက်ခြင်းက ဟိုမုန်းနဲ့တိုက်ရိုက် သက်ဆိုင်နေပြီး အိပ်ချိန် နည်းပါးလာလေ ခန္ဓာကိုယ်က ၀ိတ်တက်လေပါ။

စိတ်ဖိစီးမှု
အလွန်အကျွံစိတ်ဖိစီးမှုက ခန္ဓာကိုယ်အလေးချိန်ကျတာကို အတားအဆီးဖြစ်စေပါတယ်။ ဒါတင်မက ပိုပြီးတော့တောင် ၀လာစေပါတယ်။ စိတ်ဖိစီးနေချိန် အချိုနဲ့အဆီမြင့်မားစွာပါဝင်တဲ့ အစားအစာတွေ စားချင်တဲ့စိတ်ကို ဖြစ်စေတဲ့ ဃသမအငျသူ တွေ ထုတ်လွှတ်ပါတယ်။

 အသားဓာတ်ချို့တဲ့ခြင်း
ပရိုတိန်းက ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းပေးတဲ့ အာဟာရတွေထဲက တစ်ခုအပါအ၀င်ပါ။ ပရိုတိန်း ချို့တဲ့ခြင်းက အချိုဓာတ်၊ အဆီဓာတ် အလွန်အမင်းစားသုံးချင်စိတ် ဖြစ်ပေါ်စေပါတယ်။

ရေဓာတ်မပြည့်ဝခြင်း
ကျန်းမာတဲ့ခန္ဓာကိုယ်အတွက် ရေက သုံးပုံနှစ်ပုံလိုအပ်ပါတယ်။ ရေဓာတ်ချို့တဲ့ခြင်းက ခန္ဓာကိုယ် အဆီပိုတွေလောင်ကျွမ်းမှုကို အနှောင့်အယှက်ပေးပြီး ကယ်လိုရီတွေပိုတိုးပွားစေသလို ဇီဝကမ္မဖြစ် စဉ်တွေကို နှေးကွေးစေပါတယ်။

လေ့ကျင့်ခန်းသာ အားကိုးလွန်ခြင်း
လေ့ကျင့်ခန်းလုပ်တာက ကျန်းမာကြံ့ခိုင်တဲ့ ဘ၀နေထိုင်မှုအတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းနဲ့ အစားအသောက်ထိန်းတာကို အပြင်းအထန်ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ၀ိတ်ကျမယ့်အစား အစားအသောက်တွေကို ပိုစားမိပြီး ၀ိတ်တက်စေပါတယ်။


အားလပ်ရက်တွေမှာ အနားယူလွန်းခြင်း

တစ်ပတ်လုံးလေ့ကျင့်ခန်း၊ အစားအသောက်ထိန်းသိမ်းပေမယ့် စနေ၊ တနင်္ဂနွေလိုအားလပ်ရက်တွေ မှာ အနားပေးတတ်ကြပါတယ်။ တကယ်တော့ စနေ၊ တနင်္ဂနွေလိုအားလပ်ရက်တွေက အစားပိုစား သလို ခန္ဓာကိုယ်လှုပ်ရှားမှုလည်း နည်းပါးတဲ့ရက်တွေဖြစ်ပါတယ်။

ရန်နိုင်

-------------------------------------------------------- ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment