ဒီဘက်ခေတ်မှာဆို မိန်းကလေးအချင်းချင်း
ချစ်ကြတာမျိုးလည်းရှိတယ်၊ ဒါသာမန်မဟုတ်တဲ့ အချစ်တွေပေါ့
ဝိုင်းလေး
''လက်ခံထားပြီးသား''ဆိုတဲ့ သီချင်းလေးဆို
FM တော်တော်များများလည်းတောင်းကြတယ်
တကယ်တမ်းပြောရရင်အခု Selfie အခွေထဲမှာ
ထူးထူးခြားခြားဝိုင်းလေး ကိုယ်တိုင်ရေးထားတဲ့ ''လက်ခံထားပြီးသားဆိုတဲ့သီချင်းကို
FM တော်တော်များများမှာလည်း တောင်းကြတယ်။ နယ်ကပရိသတ် တွေကလည်း သဘောကျတယ်ပြောတယ်။ ဘာပဲဖြစ်ဖြစ်
အဲဒီအခွေထဲမှာ ပရိသတ်တွေသဘောကျတယ် ပြောလို့ ၀မ်းသာတယ်။ ဆက်ပြီးအများကြီးကြိုးစားသွားဖို့
အားရှိပါတယ်။
အတိတ်ကခံစားချက်တွေနဲ့ တိုက်ဆိုင်ရင်သဘောကျတယ်
အကြိုက်ချင်းထပ်တူကျတယ်ဆိုရင်တော့ သူတို့က
တစ်ယောက်တစ်မျိုးစီ ခံစားချက်အလိုက်ပေါ့။ အခွေမှာဆိုရင် ခံစားချက်ပါတဲ့သီချင်းလေးတွေ
များတယ်။ လူတိုင်းက သီချင်းနားထောင်တဲ့အခါ အတိတ်က ခံစားချက်တွေနဲ့ တိုက်ဆိုင်ရင်သဘောကျတယ်ဆိုတော့
တစ်ယောက်တစ်မျိုးစီ သဘောကျတယ် လို့ပြန်ကြား ပါတယ်။
''လက်ခံပြီးသား''သီချင်းက ရေးထားတာကြာပြီ။
ဝိုင်းလေး 1st Year လောက်မှာစရေးထားတာပါ
''လက်ခံပြီးသား''သီချင်းက ရေးထားတာကြာပြီ။
ဝိုင်းလေး 1st Year လောက်မှာစရေးထားတာပါ။ အဲဒီတုန်းက အသည်းကွဲခဲ့တဲ့ ခံစားချက်ကြောင့်ပေါ့။ အခြေအနေအကြောင်းကြောင်းကြောင့်
ဝေးကွာ သွားတဲ့ချစ်သူတွေ ခံစားချက်ဆိုရင် မိန်းကလေး၊ ယောက်ျားလေးခံစားချက်တွေရှိတယ်။
ကိုယ်ကတော့ အဲဒီ အတိုင်းရေးထားတာ။ ဒါပေမဲ့ ဒီဘက်ခေတ်မှာဆို မိန်းကလေး မိန်းကလေးအချင်းချင်းချစ်ကြတာမျိုးလည်း
ရှိတယ်။ ဒါသာမန်မဟုတ်တဲ့ အချစ်တွေပေါ့နော်။ သူတို့တွေကပါ လက်ခံကြတယ်။ သီချင်းလေးက တကယ်
တမ်းကျတော့ ကိုယ့်ခံစားချက်အတိုင်း ချစ်သူနှစ်ဦးကွဲကွာသွားတဲ့အခါမှာ ကွဲသွားပေမယ့်
အချိန်တန်ရင် ပြန်တွေ့ရင်တော့ ပြုံးပြရမယ်။ အဲဒီလိုခံစားချက်မျိုးနဲ့ ရေးထားတာပါ။
ဘယ်လိုပဲဖြစ်ဖြစ်အချစ်က အချစ်ပါပဲ
တစ်ချို့ကယောက်ျားလေး ယောက်ျားလေးချင်းပေါ့။
ဒါကတော့ကိုယ့်ရဲ့ မွေးကတည်းပါလာတာရှိ တယ်။ Hormone Ehanges က အရဖြစ်သွားတာမျိုးလည်း
ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်အချစ်က အချစ်ပါပဲ။
ကိုယ့်နိုင်ငံအနေအထားအရ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်
အကုန်လုံးခြုံကြည့်ရမယ်ဆိုရင်တော့ အချစ်ပါပဲ။
ဒါပေမဲ့ ညီမတို့ကျတော့ ကိုယ့်နိုင်ငံအနေ အထား အရ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်။ အချို့ကလက်ခံတယ်။
အချို့ကလက်မခံဘူး။ ဒါပေမဲ့ မိဘတွေ ကိုယ်တိုင်ကလည်း သဘာဝတရားကို မလွန်ဆန်စေချင်ဘူး။ အဓိကကတော့
ကိုယ့်ရဲ့ စိတ်ခံစားမှုက အရေးကြီးပါတယ်။
ငယ်ငယ်ကတည်းကကိုယ်က အိမ်တွင်းပုန်း
၂၀၁၂ ကနေ ၂၀၁၅ ဆို အနုပညာသက်တမ်း (၄)နှစ်
လောက်ရှိပြီ။ အရင်ဘာမှမလုပ်ခင်ကထက် စာရင် ပိုပြီးသွက်လက်သလိုမြင်တယ်။ ငယ်ငယ်ကတည်းက
ကိုယ်ကအိမ်တွင်းပုန်း စာကြမ်းပိုး လည်းဖြစ်တော့ ပြင်ပအသိုင်းအ၀ိုင်းနဲ့လည်း သိပ်ပြီးအဆက်အစပ်မရှိဘူး။
၂၀၁၁ တီချယ်တင်မိုးလွင် စီရောက်တုန်းကဆို စကား တောင်ပြောဘူး။ အရပ်ရှည်တော့ ခါးကိုင်းပြီး
လူကြားထဲလျှောက်ရတာ ရှက်တယ်။ ဒါပေမဲ့ ကိုယ်ကအရပ်ရှည် တာ အသုံးတည့်လာတယ်ဆိုတာ သိလာတယ်။
သီချင်းဆိုဝါသနာပါတဲ့အတွက် သီချင်းတွေရေးတယ်။ ပရိသတ်ကိုအနုပညာ တင်ဆက်နိုင်တယ်ဆိုတော့
ကိုယ့်အားနည်းချက် အားသာချက်အဖြစ် ပြောင်းလဲလာ နိုင်တယ်လို့မြင်ပါတယ်။
BEC Tein နဲ့ Miss Theiland World နဲ့ပေါင်းပြီးတော့ သွားပြိုင်ကြတယ်
ညီမက Miss World စပြိုင်တာ ပထမဆုံးပေါ့နော်။
လွန်ခဲ့တဲ့နှစ် (၅၀)ကတော့ မစိန်လေးဆိုတာ ပြိုင်ခဲ့ဖူး တယ်ကြားတယ်။ စစပြိုင်ချင်းမှာ
အဆက်အသွယ်မရှိခဲ့ဘူးပေါ့နော်။ အဓိကညီမတို့က ထိုင်းဘက်ကအကူ အညီနဲ့သွားတာပေါ့။ ပြီးတော့
BEC Thailan နဲ့ Miss Thailand World နဲ့ပေါင်းပြီးတော့ သွားပြိုင်ကြတယ်။ ထိုင်းကတော့
သွားပြိုင်တာအတော်ကြာပြီ။ ကိုယ်ကဒီဘက်ကနေ အင်္ကျီကို Luggage (၆)လုံးနဲ့ Colour တွေ ခွဲသွားတယ်။
သူများတွေက (၁၁) လုံးယူလာတာ။ ညီမလိုအပ်ချက်တွေ တော်တော်များခဲ့တယ်။ ညီမအနေနဲ့ အင်္ကျီတွေ
လုံလောက်မှုမရှိခဲ့ဘူး။ ရိုက်ကူးရေးတွေများလာတဲ့အခါ အင်္ကျီတွေအလုံအလောက်မရှိခဲ့ဘူး။ Jalent
ရွေးတဲ့အခါမှာလည်း သူတို့က (၃)မိနစ်စာပေးထားပေမယ့် လူများတော့ အချိန်ပေးတာ အရမ်း နည်းတယ်။
(၃)ရက်တည်းနဲ့ လူစစ်ရတာဖြစ်လို့ အချိန်မလုံလောက်ဘူး။ ကိုယ်က နှေးနှေးလေးမတဲ့အချိန်မှာ
သူတို့က ပြီးပြီတဲ့။ ဘာမှလုပ်မပြလိုက်ရဘူး။ ဒီမှာတော့ အပြင်းထန်ကျင့်သွားပေမယ့် ဟိုမှာမပြခဲ့ရဘူးဆိုတော့
ငိုတောင်ငိုခဲ့မိတာပါ။ ဒါပေမဲ့ တခြားလူတွေကလည်း ဒီလိုပါပဲ။ ဒါကတော့အတွေ့အကြုံပေါ့။
Miss World နဲ့ပတ်သက်ပြီး ပရိသတ်တွေလူသိနည်းတယ်ဆိုတာက
Miss World နဲ့ပတ်သက်ပြီး ပရိသတ်တွေလူသိနည်းတယ်ဆိုတာက
ညီမတုန်းကျတော့ သေချာပြိုင်ပွဲ အကြောင်းမသိဘူး။ ညီမရဲ့အမြင်အရ ခင်ရတနာသိန်းမြင့် အလှည့်ကျတော့
တရုတ်နိုင်ငံ မှာပြိုင်ရတာ။ တချို့ ကျတော့ နိုင်ငံရေးအရ အင်စတာဂရမ်ပိတ်ထားတော့ သုံးလို့မရတာ ရှိတယ်။
လူမှုကွန်ယက်မှာ မဖော်ပြနိုင် ခဲ့ဘူး။
အခုညီမရပ်တည်နေတဲ့ ညီမရဲ့ခံယူချက်ကကျတော့
ဆက်ပြီးတော့ အောင်မြင်တဲ့အဆိုတော် တစ်ယောက်ဖြစ်ချင်တဲ့အတွက် အဆိုတော်တစ်ယောက်ပုံစံအတိုင်း
ညီမနေတယ်။ ဆိုလိုတာက ကိုယ့်ရဲ့ Miss Image ကိုပျောက်ပျက်သွားတာမျိုး မဟုတ်ဘူး။ သင့်တင့်လျောက်ပတ်တဲ့အ၀တ်အစား
အပြုအမူအပြောအဆို အကုန်လုံးလုပ်တယ်။ ဒါပေမဲ့ ညီမရဲ့ဖက်ရှင်အဖြစ်သွားနေတဲ့ ပုံစံကအဆိုတော်ပုံစံ။
လာမယ့် ၂၀၁၆အတွက် Miss World ကိုတော့ညီမ သိထားတဲ့အနုပညာတွေ လိုအပ်တဲ့ Talent ပိုင်းတွေကိုခင်ရတာနာသိန်းမြင့်နဲ့
Sharing လုပ်ပေးမယ်။ ဒီလောက်ပါပဲ။
အနုပညာဆိုတာ အတတ်ပညာလည်း အများကြီးပါလာတယ်
ညီမအမြင် အနုပညာဆိုတာ အတတ်ပညာလည်း အများကြီးပါလာတယ်။
အရင်တုန်းက ညီမသီချင်း ဆိုတတ်ရင်ပြီးပြီလို့ သိထားတာ။ ဘာလို့လည်းဆိုတော့ အဆိုတော်တစ်ယောက်ဖြစ်ဖို့က
တူရိယာတီးတက်ဖို့ လည်းလိုအပ်ပါတယ်။ အနုပညာဆိုတာ အများကြီးဖန်တီးနိုင်မှ ခေတ်ရှေ့ဖြစ်ပြီး
အောင်မြင်နိုင်မယ်။ ဘာမှ ဖန်တီးမှုမရှိဘူးဆိုရင် အတိုင်းအတာတစ်ခုအထိပဲ အောင်မြင်နိုင်မှာပါ။
အနုပညာလောကထဲကို ထဲထဲဝင်ဝင် သွားတဲ့အခါမှာ အတိုက်ခိုက်တွေအပြိုင်ဆိုင်တွေကြားမှာ ပရိသတ်တွေအားပေးအောင်
ဘယ်လိုလုပ်ရမယ်ဆို တာ အများကြီးတွေးပူရတယ်။
ဒုတိယအခွေကို ညီမပူပန်နေတယ် တစ်ကွေ့ပြီးနောက်တစ်ကွေ့မှာ
ပရိသတ်တွေလက်မခံရင် ညီမနာမည်ကျ သွားနိုင်တယ်
ညီမရဲ့ ဒုတိယအခွေကို ညီမပူပန်နေတယ်ဆိုတာ
ဘာလို့လည်းဆိုတော့ တစ်ကွေ့ပြီးတစ်ကွေ့မှာ ပရိတ်သတ်တွေလက်မခံရင် ညီမနာမည်ကျသွားနိုင်တယ်။
ညီမကတော့ ညီမကတော့ နာမည်ရအောင်ကောင်း တဲ့ဘက်ကနေပဲ သွားချင်တယ်။ ပထမအခွေမှာအားပေးထားတော့
ဒုတိယအခွေမှာလည်း သီချင်းတွေ ကိုယ်တိုင်ရေးနေပါတယ်။
သရုပ်ဆောင်ဘက်ပြောင်းဖို့က လတ်တလောမှာတော့အစီအစဉ်မရှိသေးဘူး
Selfie
MTV ထဲမှာ ကိုယ့်ရဲ့အခွေဆိုတော့ပရိသတ်တွေကို ကိုယ့်မျက်နှာနဲ့တွဲမြင်ယောင် ကိုယ်တိုင်လည်း
သရုပ်ဆောင်ထားပါတယ်။ တခြားမင်းသမီးတွေလည်းပါပါတယ်။ သရုပ်ဆောင်ဘက် ပြောင်းဖို့က လတ်တ
လောမှာက အစီအစဉ်မရှိသေးပါဘူး။
တစ်ခွေလုံးကြည့်သွားချင်အောင်လို့
အဲဒီတစ်ပုဒ်ကိုရိုက်ထားပါတယ်
ဝိုင်းလေးကိုအမြဲအားပေးနေကြတဲ့ ပရိသတ်တွေကို
မကြာခင် မတ်လထဲမှာပဲ ၀ိုင်းလေးရဲ့ Selfie Music Video တစ်ပုဒ်ထွက်ဖို့ရှိပါတယ်။ ဒါကတစ်ခွေလုံမဟုတ်သေးပါဘူး။
ပရိသတ်တွေကို Audio တစ်ခွေလုံးအတွက် အမြည်းလေးပေါ့နော်။
တစ်ခွေလုံးကြည့်သွားချင်အောင်လို့ အဲဒီတစ်ပုဒ်ကိုရိုက်ထားပါ တယ်လို့။ အဲဒါကို သတင်းကောင်းလေးအနေနဲ့
ပြောပြချင်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment