Jagic 2016 – wizards of the coast


Card Game တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ လောက်ထဲကရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၉၃ ခုနစ်မှာတော့ Card Game အမျိုးအစားသစ်ဆိုတာတွေ စတင်ပေါ်ပေါက်လာခဲ့ပြီးတော့ Pokemon အစရှိတဲ့ Collectable Card Game တွေရဲ့ တစ်ခေတ်ရှိခဲ့ဖူးပါတယ်။ Jagic 2016 ဟာ ၁၉၉၃ ခုနှစ်တုန်းက GSizards of the coast ကုမ္ပဏီကနေထုတ်လုပ်ခဲ့တဲ့ CCG ဖြစ်ပြီးအခုချိန်မှာ နည်းပညာ အသစ်တွေနဲ့ အတူ Video Game လောကကိုပြန်လည်ဝင်ရောက်လာပါပြီ။ Wizards of the Coast ဟာ နာမည်ကျော် Hasbro ရဲ့ ရင်သွေးကုမ္ပဏီဖြစ်ပြီးတော့ Pokenmon, Dungenos & Dragns နဲ့ Magic တို့လို အလွန်လူကြိုက်များတဲ့ Card and Board ဂိမ်းတွေရဲ့ ပိုင်ရှင်လည်းပဲဖြစ်ပါတယ်။

Card Game တွေဟာ board ဗားရှင်းထက် digital ဗားရှင်းနဲ့ ပိုသင့်တော်ပြီးကစားရတာ ပိုလွယ်ကူတယ်။ ဒါပေမယ့် ကတ်အမျိုးအစားတွေနဲ့ သူတို့ရဲ့အသုံးဝင်ပုံတွေကို မရင်းနှီးသရွေ့တော့ Card Game တစ်ခုကိုအနိုင်ရမှာမဟုတ်ပါဘူး။ Card ဂိမ်းဆိုရင် ဖဲကစားတာလောက်ပဲမြင်ကြတဲ့ casyak ဈေးကွက် မှာလဲတိုးဝင်ဖို့ ခက်ခဲတဲ့အမျိုးအစားဖြစ်ပေမယ့် သူ့ရဲ့ပရိသတ်အတွက်တော့ အစားထိုးလို့မရတဲ့ ကစားမှုရသဖြစ်ပါတယ်။ Magic 2016 ဟာ အလားတူကစားသူတွေကိုဖမ်းစားနိုင်မယ့် CCG အမိုက်စား တစ်ခုပါပဲ။

ဒီဂိမ်းရဲ့နာမည်အရှည်က Magic: The Gathering-Duels of the Planeswalker 2016 ဖြစ်ပါတယ်။ ကစားသူတွေက Planewalkers တွေအဖြစ်ကစားရမှာဖြစ်ပြီး မတူညီတဲ့ Dimention တွေက မတူညီ တဲ့ပြိုင်ဘက်တွေကို အမဲလိုက်အနိုင်ယူပြီးကိုယ့်ရဲ့ Deck ကို မြင့်တင်ရမှာဖြစ်ပါတယ်။ Tutorial အဆင့်ဆင့်ကိုဖြတ်ကျော်ပြီးတဲ့အချိန်မှာ ကစားသူဟာ Magic Card Game နဲ့ ရင်းနှီးသွားမှာဖြစ်ပေမယ့် အမျိုးအစားစုံလင်တဲ့ Elemental deck တွေကြောင့် Tutorial ကိုတောင်အနိုင်ရဖို့ ချက်ချင်းလွယ်ကူ မှာမဟုတ်ပါဘူး။ Element တွေက Life, Death, Fire, Wather, Forest အစရှိသဖြင့် ပါဝင်ပြီးတော့ Deck တစ်ခုချင်းစီမှာ အနည်းဆုံး Element Type နှစ်မျိုးပါဝင်ပါတယ်။ လုံလောက်တဲ့ Lands(energy) တွေရှိမှ card တစ်ခုကို အသုံးပြုနိုင်မှာဖြစ်ပေမယ့် တစ်ချို့ကတ်တွေကလွဲရင် အများစု ဟာဘုံအနေနဲ့ အသုံးပြုနိုင်ပြီး dis card လုပ်စရာမလိုတဲ့အတွက် ပွဲချိန်ကြာလာတာနဲ့ card ပိုများများ summon နိုင်လာမှာပါ။ Tutorial ရဲ့နောက်ဆုံးအဆင့်မှာ နှစ်သက်ရာ deck အမျိုးအစားကို ရွေးခိုင်းပြီးတကယ်လို့ ရှုံးသွားခဲ့ရင်လည်း တခြား Deck အမျိုးအစားတစ်ခုကို ပြောင်းလဲရွေးချယ်ခွင့်ရှိပါတယ်။ ကတ်တွေမှာ Ground, flying အမျိုးအစားတွေအပြင် ရုတ်တရက်အသုံးပြုနိုင်တဲ့ Instant Spell တွေ၊ မိမိရဲ့ Beast တွေကိုအားဖြည့်ပေးတဲ့ Enchanting နဲ့ Equipment အစရှိသဖြင့် စုံလင်ပြီး ကစားရတာဆွဲဆောင် မှုရှိပါတယ်။

နောက်ခံဇာတ်လမ်းကတော့ Multiveres တွေမှာ ဖျက်ဆီးမှုတွေ ဖြစ်ပွားနေတာကို တားဆီးရင်း မစ္ဆာ ရဲ့နောက်ကို လိုက်ပြီးနှိမ်နင်းဖို့ Angel Avacyn ပေးလိုက်တဲ့တာဝန်ကို ထမ်းဆောင်ရမှာပါ။ တစ်ခုပြောစရာရှိတာက crack ဗားရှင်းမဟုတ်ရင် အဲ့ဒီနေရာကစပြီး ပိုက်ဆံနဲ့ပေးဝယ်မှနောက် အခန်းတွေ ကိုဆော့လို့ရမှာဖြစ်တယ်၊ Innistrad, Theros အစရှိတဲ့ ဒိုင်မေးရှင်း ငါးခုပါဝင်ပြီး Garruk’s Revenge expansion ကအစ Practice duel အစရှိတဲ့ feature တွေအဆုံးအကုန်လုံး ပိုက်ဆံနဲ့ဝယ်ရအောင် လုပ်ထားတာကတော့ ကစားသူတွေဆီက ပိုက်ဆံကိုအကြီးအကျယ်ညှစ်ယူတာပါပဲ။ တခြားကတ်ဂိမ်းတွေ ထက် ကစားရတာဆွဲဆောင်မှုရှိပေမယ့် အစောပိုင်းအခန်းတွေတောင် အခမဲ့ပေး မဆော့တာကတော့ သူ့ရဲ့အားနည်းချက်ပဲဖြစ်ပါတယ်။


ဒီဂိမ်းဟာတခြားကတ်ဂိမ်းတွေထက် ရိုးရှင်းတယ်လို့ပြောလို့ရပြီး စုံလင်တဲ့ feature တွေအပြင်အွန် လိုင်းကနေ Duel လုပ်နိုင်တဲ့ Multiplayer feature လည်းပါဝင်ပါတယ်။ Shop နဲ့ Practice feature တွေပါဝင်သလိုတစ်ပွဲအနိုင်ရတိုင်း Booster pack တစ်ခုရရှိတာကြောင့် များများဆော့ရင်းနဲ့ ပိုပြီးစုံလင်တဲ့ Deck အမျိုးအစားတွေကို တည်ဆောက်နိုင်မှာပါ။ မတူညီတဲ့ Deck တွေကိုပြုလုပ်ပြီး မှတ်သား ထားနိုင်အောင်လည်း လုပ်ပေးထားတယ်။ iOs/Android တွေပေါ်မှာ အခမဲ့ရရှိနိုင်တယ်ဆိုပေမယ့် ကစားရတာစွဲလမ်းသွားတဲ့အချိန်မှ in-game purchase နဲ့ပိုက်ဆံပြန်ယူမယ့်ဂိမ်းတစ်ခုလို့ပဲ ထင်ရပါတယ်။ ပါဝင်တဲ့ Cinematic တွေက ဆွဲဆောင်မှုရှိသလို နောက်ခံစကားပြောကလည်း အသက်ပါတယ်။ CCG ပရိသတ်တွေအတွက်တော့ မရှိမဖြစ်မိုဘိုင်းဂိမ်းတစ်ခုပါပဲ။ ဒီဂိမ်းကို Xbox One, Xbox 360 ပလက်ဖောင်း တွေမှာလည်း ရရှိဆော့ကစားနိုင်ပါတယ်။
Banruka

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment