တစ်နေ့တစ်နေ့
လူတွေရုပ်ပိုင်းဆိုင်ရာအရ သွားလာလှုပ်ရှားနေကြပေမဲ့ ကိုယ့်ရဲ့စိတ်တွေကိုရော လေ့ကျင့်နေဖူးပါသလား။
အလုပ်၊ စာသင်တာနဲ့ပတ်သက်ပြီး ဗိုက်ဝနေပေမဲ့လည်း အရာရောက် မှာမဟုတ်ပါဘူး။ ဦးနှောက်ကို
အလုပ်ပေးမှသာ စာလေ့လာရတာ အလုပ်လုပ်ရတာပိုပြီး အဆင်ပြေ လွယ်ကူပါလိမ့်မယ်။ အဲဒီတော့ အလုပ်ပိုလုပ်နိုင်ဖို့
စာပိုလေ့လာနိုင်ဖို့ ဦးနှောက်ကို ဘယ်လိုလေ့ကျင့် ကြမလဲ…. ။
အကောင်းမြင်ပတ်ဝန်းကျင်ဖန်တီး
အလုပ်တစ်ခုအောင်မြင်ဖို့ ပတ်ဝန်းကျင်က
ကိုယ်လုပ်တဲ့အလုပ်ကိုအကောင်းမြင်နေဖို့လိုပါတယ်။ ဒါမှလည်း စိတ်အနှောင့်အယှက်ကင်းကင်း
စိတ်ကြည်ကြည်လင်လင်နဲ့ လုပ်နိုင်မှာမဟုတ်ပါလား။ စိတ်ကြည် လင်ဖို့က ဘယ်နေရာမဆို အဓိကကျပါတယ်။
စီစဉ်
ကိုယ်ဘာလုပ်ရမယ်ဆိုတာစီစဉ်ပါ။ စာရင်းရှည်သွားလို့လည်း ဘာမှမဖြစ်ပါဘူး။ ပြီးမှ အရေးကြီး တာ လေးတွေပြန်ခွဲထုတ်လိုက်ပါ။
ကိုယ်ဘာကိုဦးဆုံးလုပ်ရမယ်။ လုပ်သင့်တယ်ဆိုတာ သိသွားပါလိမ့်မယ်။
သင့်တော်တဲ့နည်းလမ်းရှာ
သူများကဒီလိုလုပ်တဲ့အတွက် ကိုယ်လည်းဒီလိုလုပ်ရမယ်လို့
မသတ်မှတ်ထားပါဘူး။ ကိုယ်နဲ့ကိုက် ညီ မယ့်၊ အဆင်အပြေဆုံးဖြစ်မယ့် နည်းလမ်းလေးတွေရှာဖွေပါ။
ဒါမှ ကိုယ့်စိတ်ကြိုက်လုပ်နိုင်မှာပါ။
သီချင်းနားထောင်
တစ်ချို့ကတော့ စာလုပ်နေတဲ့အချိန်၊ အလုပ်လုပ်နေတဲ့အချိန်၊
တိတ်ဆိတ်နေရတာသဘောကျကြပါ တယ်။ ဒါပေမဲ့ စိတ်ထဲတင်းကြပ်နေတာတွေ ပြေလျော့သွားဖို့ ဂီတသံစဉ်လေးတွေ
ခပ်ပြေပြေလေး နားထောင် ကြည့်ပါ။ စိတ်ထဲက တင်းကြပ်နေတာတွေ၊ မွန်းကြပ်နေတာတွေ ပြေလျော့သွားပါလိမ့်မယ်။
အလေ့အကျင့်ကောင်းမွေး
အလုပ်လုပ်တာ၊ စာလုပ်တာတွေကို ရပ်တန့်စေတဲ့
အလေ့အကျင့်ဆိုးတွေက အချိန်ဆွဲတာ၊ အပျင်း ထူ နေတာပါ။ အဲဒီတော့ အလုပ်မြန်မြန်ပြီးမြောက်စေဖို့
ဒီအကျင့်ဆိုးလေးတွေကို ဖျောက်လိုက်ရင်မကောင်း ဘူးလား။
တစ်ပြိုင်တည်းအလုပ်အများကြီးမလုပ်နဲ့
တစ်ပြိုင်တည်း အလုပ်တွေအများကြီးတွေးနေတာ၊
လုပ်နေတာက ဦးနှောက်စွမ်းရည်ကို ကျဆင်းစေ ပါလိမ့်မယ်။ အလုပ်မပြီးလေ စိတ်ဖိစီးလာပြီး
ဖန်တီးတီထွင်နိုင်စွမ်းတွေ လျော့နည်းလာလေပါ။ အဲဒီ အတွက် တစ်ပြိုင်တည်း အလုပ်တွေအများကြီးလုပ်တာ
အတတ်နိုင်ဆုံးရှောင်ပါ။
အဆင်သင့်ပြင်
စာလေ့လာတော့မယ်။ အလုပ်လုပ်တော့မယ်ဆိုရင်
ဘေးမှာကိုယ်နဲ့သက်ဆိုင်မဲ့ ခဲတံ၊ ပေတံ၊ ကိရိယာ
တွေအစုံအလင်ရှိနေပါစေ။ ဒါမှ အဆင်သင့်ဖြစ်ပြီး လိုအပ်တဲ့အခါမှ ထရှာနေစရာမလိုမှာ
မဟုတ်ပါလား။
အချိန်စာရင်းဆွဲ
အချိန်စာရင်းဆွဲတာက အလုပ်မြန်မြန်ပြီးစေဖို့
စာကောင်းကောင်းလုပ်နိုင်ဖို့ အဓိကသော့ချက်ပါ။ ဘာပြီး ဘာလုပ်မယ်ဆိုတာမစီစဉ်ထားရင် ကောင်းကောင်းလုပ်နိုင်မှာမဟုတ်သလို
အလုပ်လည်းမပြီးနိုင် ပါဘူး။
လက်ရေးမှတ်စုထား
ဒီဂျစ်တယ်ခေတ်ရောက်တော့ လက်ရေးနဲ့မှတ်စုမရေးကြတော့တာ
များလာပါပြီ။ ဒါပေမဲ့ လက်ရေးနဲ့ မှတ်စုရေးတာက လက်ပ်တော့၊ ဖုန်းတွေနဲ့မှတ်စုလိုက်တာထက်ပိုပြီး
မှတ်မိလွယ်စေပါတယ်။
ကိုယ့်ကိုယ်ကိုယ်ဂုဏ်ပြု
တစ်ချိန်လုံး အလုပ်ကိုကြိုးစားပန်းစားလုပ်တာ
ခက်ခဲပါတယ်။ အဲဒီလိုလုပ်ပြီးတိုင်းလည်း ကိုယ့် ကိုယ် ကိုယ်ဂုဏ်ပြုပါ။ ဒါမှ ရှေ့ဆက်လုပ်ဖို့
ခွန်အားတွေရလာမှာမဟုတ်ပါလား။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment