လက်ရှိမှာ
ကျွန်တော်တစ်ကိုယ်တော် အယ်လ်ဘမ် “သဝေထိုး ခကွေးယပင့်” ကို MTV ရိုက်ဖြစ်နေ တယ်။ သီချင်းတွေ
MTV ပြီးအောင်ရိုက်ဖို့ ပြင်ဆင်နေပါတယ်လို့ ပြောလာသူ ရဲရင့်အောင်နဲ့ ပြောဖြစ်ခဲ့တာတွေက
ဒီလိုပါ။
အနုပညာသစ်တစ်ခုအနေနဲ့ လုပ်ပြချင်လို့
သရုပ်ဆောင်ဖို့ ကမ်းလှမ်းတာကို လက်ခံခဲ့တယ်
ကျွန်တော်သီချင်းတွေဆိုပြီး ဟိုယောင်ယောင်သည်ယောင်ယောင်
ဖြစ်နေကတည်းက Bo Bo Entertainment နဲ့လက်တွဲပြီး ကျွန်တော့်သီချင်းတွေကို အခွေထဲမှာယူသုံးပေးတယ်။
ပြီးတော့ နောက် အခွေ မှာလည်း Bo Bo Entertainment နဲ့ လက်တွဲဖြစ်တယ်။ Show တွေလည်းဝင်ဆိုဖြစ်တယ်။ အဲဒီတော့ အဲဒီလို ကနေ သူတို့တွေ Film
Production လုပ်တော့မယ် ဆိုတော့ ကျွန်တော် ကိုသ ရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခဲ့တယ်။
ကျွန်တော်လည်း အနုပညာအသစ် တစ်ခုအနေနဲ့ လုပ်ပြချင်တယ်။ ပြီးတော့ ယုံကြည်စိတ်ချတယ် ဆိုတော့
လုပ်ဖြစ်သွားတာပါ။
ကင်မရာရှေ့ရောက်ရင် အဆိုတော်တစ်ယောက်လိုနေရတာထက်
ဇာတ်လမ်းထဲက Character အရ နေရတာ က အရမ်းခက်ခဲပါတယ်
အဆိုကနေ သရုပ်ဆောင်ဘက်ကိုကူးတာ အခက်အခဲတွေအများကြီးပါ။
စကားပြောရတာတွေ ကင်မရာရှေ့ရောက်ရင် အဆိုတော်တစ်ယောက်လိုနေရတာထက် ဇာတ်လမ်းထဲက Character
အရ နေရ တာက အရမ်းခက်ခဲပါတယ်။ ကိုယ်မဟုတ်တဲ့လူတစ်ယောက်နေရာကဆိုတော့ ကိုယ့်အမူအကျင့်တွေ ကိုလည်း
ဖျောက်ရတယ်။ အရင်ကလို ကင်မရာရှေ့မှာ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး မဖြစ်တော့ ဘူးပေါ့နော်။
သီချင်းခွေနဲ့ MTV ကြား အချိန်ဟနေလို့ ပရိသတ်ကို အနုပညာတစ်ခု ပေးလိုက်တဲ့သဘောပါပဲ
ပထမဆုံး ကျွန်တော်စဉ်းစားမိတာက ဒီဇာတ်ကား
ဒီဇာတ်ကား ရိုက်၊ သရုပ်ဆောင်၊ dialog တွေပြော၊ ကိုယ်မဟုတ်တဲ့လူတွေနေရာက ခံစားပြီးတော့
ကင်မရာရှေ့မှာ လုပ်ပြရတယ်ဆိုတော့ အဲဒါကိုအတွေ့အကြုံ ယူခဲ့ရင် ကျွန်တော် MTV တွေမှာသရုပ်ဆောင်တဲ့အခါ
ပိုကောင်းသွားမယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ကျွန်တော် သီချင်းအခွေတစ်ခွေထွက်ပြီးသွားရင်
MTV က အချိန်တော်တော်လေး ယူရတယ်ဆိုတော့ အဲဒီကြားထဲမှာ ပရိသတ် ကို ဘာမှပေးစရာမရှိမှာစိုးလို့
အနုပညာတစ်ခုပေးလိုက်တဲ့ သဘောပါပဲ။
စစချင်းကြုံရတဲ့ အချိန်မှာတော့
“ငါမှားသွားပြီလား၊ ငါလုပ်နိုင်ပါ့မလား”တွေးမိတယ်
သီချင်းဆိုတာကျတော့ ငယ်ငယ်ကတည်းက ကျွန်တော်က
သီချင်းညည်းနေရတာ ၀ါသနာပါတယ်။ သီချင်းရေးရတာပျော်တယ်။ စိတ်ဝင်စားတယ်။ ဒီအလုပ်ကအခက်အခဲတွေရှိလည်း
မသိမသာနဲ့ဖြေရှင်းသွား နိုင်တယ်ပေါ့နော်။ သရုပ်ဆောင်တာကျတော့ ငယ်ငယ်ကတည်းက မက်ခဲ့ဖူးတဲ့အိပ်မက်လည်း
မဟုတ်ဘူး။ ဖြစ်ချင်ခဲ့တာလည်းမဟုတ်ဘူး။ စစချင်းကြုံရတဲ့အချိန်မှာတော့ “ငါမှားသွားပြီလား၊
ငါလုပ်နိုင်ပါ့မလား” တွေးမိ တယ်။ ကျွန်တော်ကိုယ်တိုင်စခဲ့တာ ဖြစ်တဲ့အတွက် ကိုယ်တိုင်သုံးသပ်ရတာပဲ။
ဖြည်းဖြည်းချင်း နဲ့သရုပ်ဆောင် တာကိုသဘောကျလာတယ်။ နှစ်ခုကွာတာက သီချင်းကျတော့ ကိုယ်တိုင်ရေး၊
ကိုယ်တိုင် ဆို၊ ကိုယ် တစ်ယောက်တည်း ဆုံးဖြတ်လို့ရတယ်။ ဇာတ်ကားကျတော့ ဒါရိုက်တာက ဒီလိုလိုချင် တယ်၊
အများကြီးပေါ့။ သရုပ်ဆောင်ရတာက Teamwork ပုံစံမျိုးပိုသွားစေတယ်ထင်ပါတယ်။
ပရိသတ်တွေကတော့ ကျွန်တော်သရုပ်ဆောင်တာကို
သဘောကျတယ်
ကျွန်တော့်ပရိသတ်တွေကတော့ သရုပ်ဆောင်တာသဘောကျတယ်ပေါ့နော်။
ပထမဆုံးကားမှာ သရုပ် ဆောင်တာကို သဘောကျတယ်လို့ ပြောပါတယ်။ ဒီလောက်ပါပဲ။ ပထမဆုံး ကျူဝီ
Game, Waiting For you အပါအ၀င် သုံးကားပေါ့နော်။ အဒီသုံးကားမှာ အဆိုတော်ရဲရင့်အောင်ဆိုတာကို
ပရိသတ်တွေ သဘော ကျတယ်လို့ပြောရင်တော့ ကျွန်တော်ငြင်းလည်းမငြင်းသလို လက်လည်းမခံပါဘူး။
နောက် ဇာတ်ကားတွေလည်း ဆက်ရိုက်ဖို့အစီအစဉ်ရှိပါတယ်။ ကျွန်တော်တစ်ကားနဲ့တစ်ကားမတူအောင်
ကြိုးစားထားပါတယ်။ ဒီသီ ချင်း ဆိုတဲ့အပိုင်းနဲ့ ဇာတ်ကားရိုတဲ့ဆီမှာ နေရာဝင်ယူတဲ့အလုပ်မျိုး
ကျွန်တော် မလုပ်ပါဘူး။
ဇာတ်ကားမှာ သရုပ်ဆောင်ခွင့်ရတဲ့နေရာကို
အကောင်းဆုံး တာဝန်ကျေအောင် သရုပ်ဆောင်နိုင်တဲ့ သရုပ် ဆောင် တစ်ယောက်ဖြစ်ချင်တယ်
သရုပ်ဆောင်ပိုင်းမှာ ကျွန်တော် မှန်တာမှားတာတော့
ဇာတ်ကားမှာ သရုပ်ဆောင်ခွင့်ရတဲ့နေရာကို အ ကောင်းဆုံး တာဝန်ကျေအောင်သရုပ်ဆောင်နိုင်တဲ့
သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တယ်။ အဲဒီလောက်ပါပဲ။ သီချင်းဆိုတဲ့နေရာမှာလည်း ကျွန်တော်ဆိုရမယ့်သီချင်းကို
ကျွန်တော်ဆိုနိုင်မယ့် လူတစ်ယောက်ဖြစ်ချင်တယ်။ အဲဒီအတွက်ကြိုးစားသွားမှာပါ။
အောင်မြင်နေတယ်လို့ မခံယူထားဘူး
ကိုယ်လုပ်ချင်တာကို ပီပီပြင်ပြင်လုပ်နိုင်ရင်
အောင်မြင်မှုပါပဲ။ ကျွန်တော်အခုအချိန်အထိတော့ အောင် မြင်နေတယ်လို့ မခံယူထားဘူး။ ကျွန်တော်လုပ်ချင်တာတွေ
ပီပီပြင်ပြင်လုပ်ပြဖို့ အများကြီး ရှိနေပါသေးတယ်။ မလုပ်နိုင်တာတွေလည်း အများကြီးရှိသေးတယ်။
သရုပ်ဆောင်ဘ၀ကပိုပြီး ကျဉ်းကျပ်တယ်။
အဲဒါကို Professional အဖြစ်ရပ်တည်တယ်လို့ခံယူထားပါ တယ်
အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေတဲ့အခါမှာ
အဆိုတော်တစ်ယောက် နေထိုင်သင့် တဲ့ပုံစံအ တိုင်းနေထိုင်ရတယ်။ ဒီတစ်ပွဲမှာ ဒီအချိန်၊ ဒီလိုပုံစံ၊
ဒီလိုစည်းကမ်းတွေနဲ့ လုပ်ရမယ်ဆိုတာ Professional တစ်ယောက်ရဲ့ စည်းမျဉ်း စည်းကမ်းပါပဲ။
သရုပ်ဆောင်ဘက်မှာလည်း သူရပ်တည်ရ မယ့်ပုံစံရှိတယ်။ ကျွန်တော် စတင်ကူးပြောင်းချင်းမှာလည်း
ကျွန်တော်ရပ်တည်တဲ့အတိုင်း သွားနေလို့မ ရဘူး။ သရုပ်ဆောင်ဘ၀က ပိုပြီး ကျဉ်းကျပ်တယ်။ အဲဒါကို
ဏမသ်နျငသညေူ အဖြစ်ရပ်တည်တယ်လို့ ခံယူထားပါတယ်။
ငွေကြေးကို ထည့်စဉ်းစားခဲ့ရတဲ့ကာလတွေရှိခဲ့ပေမယ့်
အခုချိန်မှာတော့ ကျွန်တော့်အတွက် အလုပ်က အဓိက ပါပဲ။
အလုပ်နဲ့ငွေကြေးကို ပွင့်ပွင့်လင်းလင်းပြောရရင်
ကျွန်တော့်မှာငွေကြေးနဲ့အလုပ်ကို အရမ်းကြီး ခွဲခြားလို့ မရတဲ့ကာလတွေရှိခဲ့တယ်ပေါ့နော်။
ငွေကြေးကို ထည့်စဉ်းစားခဲ့ရတဲ့ကာလမျိုးတွေရှိခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော့်အတွက်
အလုပ်ကအဓိကပါပဲ။ အနုပညာကြေးတို့၊ ပိုက်ဆံ ဘယ်လောက်ပေးမယ်တို့ မလုပ်ဘူး။ ကျွန်တော်သီချင်းလည်းမရေးဘူး။
ပိုက်ဆံရတယ်ဆိုပြီး သီချင်းရေး တာဖြစ်ဖြစ် ပရိသတ်ဆီရောက် သွားတာ တစ်ခုခုထိခိုက်ခံစားရတာမျိုး
အခုမလုပ်တော့သလို နောက် ဘယ်တော့ မှ ထပ်လုပ်မှာမဟုတ် တော့ပါဘူး။
အနုပညာရှင်တစ်ယောက် ချစ်သူထားတာ
အောင်မြင်မှုကို ထိခိုက်စေနိုင်တယ်လို့ မယူဆထားပါဘူး
အချစ်ရေးကတော့ ကျွန်တော့် ပရိသတ်တွေအကုန်သိပါတယ်။
အေးအေးဆေးဆေးပါပဲ။ အနုပညာရှင် တစ်ယောက် ချစ်သူထားတာ အောင်မြင်မှုကိုထိခိုက်စေနိုင်တယ်လို့
မယူဆထားပါဘူး။
အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရသင့်တဲ့အခွင့်အရေးတွေ
ပုံစံမျိုးတော့ဖြစ်ပါတယ်။ ဒါပေမဲ့ စားချင်တဲ့အချိန်စားချင်တာတွေ သွားစားလိုက်တာပဲ။
တစ်ခုခု ကြောင့်ဆိုတာမျိုးမရှိဘူး။ ဖက်ရှင်ဆိုရင်လည်း စုတ်ပြတ်နေပါစေ ကျွန်တော်သွားချင်ရင်သွားပါတယ်။
အဓိက ကျွန်တော့်ကိုယ် ကျွန်တော်မသွားသင့်ဘူး၊ မလုပ်သင့်ဘူး ထိန်းထားတာတစ်ခုက ပရိသတ်တွေ
နားလည်မှုလွဲသွားနိုင် တာမျိုးပေါ့။ ကျွန်တော် ပရိသတ်တွေ ရှိတဲ့နေရာသွားပေမယ့် အကြောင်းအမျိုးမျိုးကြောင့်
ဓာတ်ပုံတွဲ မရိုက်ပေးနိုင်တာမျိုး၊ သူတို့ကို အချိန်ပေးပြီး တစ်ခုခုမလုပ်ပေးနိုင်တာမျိုးဆိုရင်
အဲလိုအပြုအမူမျိုးကို ရှောင်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment