အချစ်က သီချင်းနဲ့ ပြောမယ်ဆို ငယ်ငယ်က Rock အခုတော့ Classic သဘောမျိုးပေါ့ ဇော်ပိုင်







တစ်နေ့တာ Life Style
အလုပ်ရှိတဲ့ရက်ဆိုရင် ကိုယ်က Recording ရှိရင် Recording အတွက်ပြင်ဆင်ရတယ်။ သီချင်း အချော သတ်အကုန်လုံးလေ့ကျင့်တယ်။ အိမ်မှာလည်း Home Studio ရှိတော့ ပိုပြီးအဆင်ပြေတယ်။ ခရီး ထွက်နေ ရင်တော့ (၃-၄)ရက်စာ အ၀တ်အစားတွေပြင်ဆင်ပြီး ခရီးသွားပါတယ်။ မနက်စာ စားရင်တော့ မနက် စောစောထပြီး သားကိုကျောင်းပို့၊ မာမီကတော့ ရုံးသွားတာပေါ့။ သားကိုကျောင်းကြိုတယ်။ တစ်ခါ တလေတော့ သူ့ဘိုးဘိုးဘွားဘွားတွေကကြိုတယ်။ ပြန်လာရင်တော့ သားနဲ့အတူဆော့တယ်။ သားစားချင် တာလေးတွေကို အပြင်မှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ်ကျွေးတယ်။ အဓိကကိုယ်ကခရီးထွက်ဖြစ်တဲ့အတွက် သားကို အတတ်နိုင်ဆုံး အနီးကပ်နေပေးပါတယ်။ ညနေပိုင်းအားရင်တော့ Family Dinner ထွက်စားပါ တယ်။

မိသားစုအတွက်အချိန်ပေးတဲ့အခါ
အဓိကနှစ်ယောက်စလုံး အလုပ်ကိုယ်စီနဲ့မအာားကတော့ မာမီလည်းသူ့ဖာသာအလုပ်ရှိတယ်။ ကိုယ်လည်းအလုပ်နဲ့ဆိုတော့ သားအတွက်အချိန်က နှစ်ယောက်စလုံးအားတာနဲ့ သားအနားမှာအချိန်ပေးဖြစ် တယ်။ အဓိကတော့ဘုရားသွားတယ်။ သားကိုကစားကွင်းတွေမှာ သူဆော့ချင်တာလိုက်ပို့တာရှိတယ်။

အချစ်ဘယ်ကစ
မာမီကိုဘယ်ကစချစ်ခဲ့သလဲဆိုရင် 'အမြင်အာရုံ'ပေါ့နော်။ အစ်ကို သူ့ကိုစမြင်ကတည်းကသဘောကျ သွားတာဆိုတော့ အမြင်အာရုံလို့ပဲပြောရမှာပေါ့။

ငယ်ငယ်က အချစ်နဲ့အိမ်ထောင်ကျပြီးအချစ်
အခုကပိုပြီးတည်ငြိမ်ရင့်ကျက်ပြီး အချစ်ကပိုအေးချမ်းလာတယ်လို့ ထင်ပါတယ်။ အိမ်ထောင်မပြုခင် ကတော့ ရင်ခုန်ရစ်မူးလွယ်တာပေါ့။ ငယ်ရွယ်သူတွေဖြစ်တော့ သီချင်းနဲ့ပြောမယ်ဆို ငယ်ငယ်က Rock ပေါ့။ အခုတော့ Classic သဘောမျိုးပေါ့။

အိမ်ထောင်သက် ၁၁ နှစ်အတွင်းအမှတ်တရ …

ကိုယ်တို့ကစပြီးသမီးရည်းစားဖြစ်ကတည်းက သူငယ်ချင်းလို၊ ချစ်သူရည်းစားလိုမျိုးဆိုတော့ ဆိုးတိုင် ပင်၊ ကောင်းတိုင်ပင်ဖြစ်တာက အမှတ်တရတွေအများကြီးရှိပါတယ်။ အဆင်ပြေတာတွေရော မပြေတာတွေ ရောရှိပါတယ်။ ဒါတွေကလည်း ဘ၀ရဲ့မှတ်ကျောက်တွေပဲပေါ့။

အိမ်ထောင်သက် ၁၁ နှစ်အတွင်းရခဲ့တဲ့သင်ခန်းစာ…
အဓိကတော့ နားလည်မှုပိုရှိလာတယ်။ တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်တတ်လာတယ်။ ရလဒ် ကောင်းတွေရလေ ပိုပြီးအဆင်ပြေလေပေါ့။

မာမီအပေါ်မကြိုက်တာလေးတွေက…
ပြောရမယ်ဆိုရင် သူ့ကိုအကုန်လုံးနီးပါး သဘောကျပါတယ်။ ဘာလို့လဲဆိုတော့ ချစ်သူသက်တမ်း (၄)နှစ်ကြာမှ လက်ထပ်ခဲ့တာဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက် ပိုပြီးနားလည်လာတဲ့အတွက် ပြဿနာသိပ်မရှိပါဘူး။ တစ်ခါတလေ စိတ်အခန့်မသင့်လို့ ကတောက်ကဆဖြစ်မယ်။ ဒါကြီးမားတဲ့ ပြဿနာ တော့မဟုတ်ပါဘူး။

Valentine’s Day အစီအစဉ်
Valentine’s Day က ချစ်သူတွေအတွက်မှမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာနေ့အထိမ်းအမှတ်လိုမျိုး သတ်မှတ်ထားတာ။ အဓိကတော့ ချစ်ခြင်းပဲဖြစ်ပါတယ်။ မိသားစုနဲ့ ဘုရားသွားဖြစ်ရင်လည်းသွားဖြစ်မယ်။ အေးဆေးတဲ့နေရာလေးမှာ အတူနေမယ်လို့စိတ်ကူးထားပါတယ်။

ရွှေပိုင်လေးအပေါ်ဖခင်တစ်ယောက်အနေနဲ့
သားကပြောရရင် လူကြီးပြောစကားနားထောင်တယ်။ အဲဒါကို အရမ်းသဘောကျပါတယ်။ အတင်း အကျပ်ကြီးစကားနားထောင်အောင် Pressure ပေးပြီးပြောတာမျိုးမရှိဘူး။ သားကိုနားလည်အောင် အေးအေးဆေးဆေး ဆုံးမပါတယ်။

၁၂ ရက်နေ့ကျမှရောက်တဲ့ အိမ်ထောင်သက် ၁၁ နှစ်ပြည့် အပေါ်ရင်တွင်းခံစားချက်လေး
အခုတစ်ယောက်နဲ့တစ်ယောက် လက်တွဲတာက မိသားစုလိုနေလာတာ ၁၁နှစ်ပြည့်ပြီ။ ကိုယ့်ကိုယ် ကိုယ်လည်း ဒီထက်ပိုကောင်းအောင်၊ အိမ်ထောင်ခိုင်မြဲအောင်ဆိုတဲ့ အသိတွေလည်းဝင်လာပါတယ်။ အခု ဖြတ်သန်းလာခဲ့တဲ့ကာလတွေ တစ်လျှောက်လုံးကိုလည်းကျေနပ်ပါတယ်လို့ပြောချင်ပါတယ်။



ကိုဇော်ပိုင်ကမှန်နေပါလျက်နဲ့ မတုန့်ပြန်တာကို တစ်ခါတလေအားမရဘူးလို့ စိတ်ကခံစားရပေမယ့် အဲဒါကိုပဲ နှစ်သက်မိပြန်တယ်........ မီမီနေမင်းဝင်း 

တစ်နေ့တာ Lifestyle

ရုံးဖွင့်ရက်ဆိုရင် အစ်မကအလုပ်သွားရတာပေါ့။ ညနေဆိုပြန် ထူးထူးခြားခြားဆိုလို့ မနက်အလုပ် မသွားခင် ဘုရားဝတ်ပြု၊ ကလေး၊ အိမ်အတွက်လိုအပ်တာလေးတွေ စီမံခဲ့တာရှိတယ်။ ကိုယ်တိုင်တော့ ၀င်မ လုပ်နိုင် ဘူး။ ညနေပြန်ရောက်လာရင်တော့ တစ်နေ့တာအိမ်အတွက် အမျိုးသားအတွက် လုပ်ထားပြီး။ ကလေး အတွက်လိုအပ်တာလေးတွေ ပြန်စီစဉ်ဖြစ်တယ်။ ရုံးပိတ်ရက်မှာတော့ ရုံးတက်နေတုန်းလစ်ဟာသွားတဲ့ ကိုယ့်ရဲ့ လူမှုရေးကိစ္စတွေကို ဦးစားပေးဖြစ်တယ်။ အဓိကကတော့ ကလေးနဲ့တစ်နေ့လုံး နေဖြစ်အောင်နေ တယ်။

မိသားစုအတွက်အချိန်ပေးတဲ့အခါ
အစ်မတို့မိသားစုက တစ်နေရာရာသွားပြီးတော့ လွယ်လွယ်ကူကူလုပ်ဖြစ်တယ်။ ပြီးတော့ အချိန်နည်းနည်း ရရင် ရန်ကုန်မြို့ပြင် ကားမောင်းထွက်တာမျိုးလုပ်တယ်။ ဒီထက်ပိုပြီးအချိန်ရနေရင်တော့ ခရီးသွားဖြစ်အောင် စီစဉ်တယ်။

ကိုဇော်ပိုင်အပေါ်မကြိုက်တာလေးတွေ
ရှိတာပေါ့။ အရမ်းကိုသဘောထားတိုက်ဆိုင်တာရှိသလို တော်တော်မှကို မတိုက်ဆိုင်တာတွေလည်း ရှိတယ်။ ဥပမာ တော်တော်များများ သဘောတူညီတယ်။ မတူညီတာက ပင်ကိုယ်စရိုက်ပေါ့။ ကိုဇော်ပိုင်က တော်ရုံတန်ရုံမတုန့်ပြန်တတ်ဘူး။ အစ်မကတော့ကိုယ်မှန်တယ်ဆိုရင် တုန့်ပြန်ရမယ်ပေါ့။ ကိုဇော်ပိုင်က မှန်တယ်။ အေးအေးနေတယ်ဆိုတော့ သူကတစ်ယောက်ယောက် မှားနေရင်တောင် အမှားကိုမ တုန့်ပြန်ခြင်း အားဖြင့် လက်မခံဘူး။ ဖြစ်တော့ဖြစ်ခဲပါတယ်။

ဘယ်အပြုအမူလေးတွေ သဘောကျလဲ
ခုနကလို ကိုဇော်ပိုင်က မှန်ပါလျက်နဲ့မတုန့်ပြန်တာကို တစ်ခါတလေအားမရဘူးလို့ စိတ်က ခံစားရပေမယ့် အဲဒါကိုပဲနှစ်သက်တယ်။ ဘာလို့လဲဆိုတော့ မြန်မာဗုဒ္ဓဘာသာလည်းဖြစ်တဲ့အခါကျတော့ ''တစ်ဖက်လူက အမှား လုပ်ပေမယ့် ကိုယ်လက်မခံရင်အမှားမမြောက်ဘူး' တဲ့။ အဲဒီတော့ ဒီလိုနေနိုင်တာလည်း အထင်ကြီးလေးစားတယ်။

အိမ်ထောင်သက်အတွင်း ဖြတ်သန်းခဲ့တဲ့အမှတ်တရလေးတွေ…
အိမ်ထောင်သက် ၁၁ နှစ်ရှိသွားပြီပေါ့။ အမှတ်တရကတော့ အများကြီးပဲ။ မှတ်မှတ်ရရဆိုရင် အစ်မတို့ စတွေ့တာက Valentine’s Day မတိုင်ခင် ၁၃ ရက်နေ့။ မင်္ဂလာဆောင်ခဲ့တာကကျတော့ February 12 ပြည်ထောင်စုနေ့ပေါ့။ အဓိပ္ပါယ်လေးကိုကြိုက်လို့ပေါ့။

ငယ်ရွယ်စဉ်ခံစားခဲ့တဲ့အချစ်နဲ့ အိမ်ထောင်ပြုပြီးအချစ်
အိမ်ထောင်မပြုခင်ကတော့ ယောက်ျားရရင် အဲဒီယောက်ျားကို လေးစားပါ့မလားဆိုတာမသိဘူး။ တကယ်တော့ ကိုယ်ကချစ်လည်းချစ်တယ်။ သူကလည်း ကိုယ်လေးစားအောင်နေနိုင်တဲ့အတွက် မြန်မာ အမျိုး သမီးတစ်ယောက်အနေနဲ့ ယောက်ျားအပေါ်မှာ သိတတ်နားလည်ရမယ်ဆိုတာ တော်တော်အံဝင်သွားတယ်။

မိသားစုတစ်ခုခိုင်မြဲချင်တယ်ဆိုရင်
အဓိကပင်မအခြေခံကတော့ နားလည်မှုပါပဲ။

ပတ်ဝန်းကျင်မှာ Borken ဖြစ်သွားတဲ့မိသားစုတွေဘာကြောင့်လဲ
ပြဿနာဆိုတာဖြစ်ကြတာပါပဲ။ ဖြစ်ပြီးသွားရင် ဥပမာ လင်မယားနှစ်ယောက်တည်း ဘယ်သူမှမပါဘဲ သီးသန့်ရှင်းကြ။ ပြီးရင်မှားတဲ့အခါလည်းဝန်ခံလိုက်။ တစ်ဖက်ကလည်းခွင့်လွှတ်ပေးလိုက်။ အဲဒီလိုဆို ကိစ္စ တော်တော်များများက ပြီးသွားမှာပါ။ အဲဒီလိုမဟုတ်ဘဲနဲ့ တတိယလူတွေပါလာမယ်ဆိုရင် ကိစ္စတွေကမပြီးနိုင် ဘူးပေါ့နော်။ သူတို့တွေက နားလည်ပေးဖို့နားချကြတယ်။ မပြတ်ရာမပြတ်ကြောင်း ၀ိုင်းပံ့ပိုးပေးကြတယ်ဆိုရင် အဆင်ပြေတာပေါ့။

ကိုဇော်ပိုင်ကိုပြောချင်နေပေမယ့် မပြောဖြစ်တဲ့စကား
အဲဒါမျိုးလေးတွေကရှိပါတယ်။ တစ်ခါတလေကျရင် ပြောလိုက်တာကိုမကြိုက်တာမျိုး ရှိတတ်ပါတယ်။ သူက ရင့်ရင့်သီးသီးတွေတော့ ပြောလေ့မရှိဘူး။ သူ့အလုပ်ကိစ္စတွေကို ၀င်ပြောတာမကြိုက်ဘူး။ သူပေးတဲ့ အတိုင်းအတာလောက်အထိတော့ ၀င်ပါတာပေါ့။ အရမ်းဝင်ပြောတာမကြိုက်ဘူး။

Valentine’s Day ကို ဘယ်လိုကျော်ဖြတ်သွားမှာလဲ…
မိသားစုတနင်္ဂနွေပေါ့။ အစ်မမှာအမေအဖေရှိတယ်။ ကိုဇော်ပိုင် မိဘတွေရှိတယ်။ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင်နေကြတာ။ စနေ၊ တနင်္ဂနွေမျိုးဆို မိဘတွေနဲ့ဆုံကြတယ်။

ကိုဇော်ပိုင်ကိုဘယ်လိုချစ်မိတာလဲ
သူ့အသံလေးကိုကြားပြီး ချစ်မိတာပေါ့။

အနုပညာရှင်တစ်ယောက်နဲ့ အိမ်ထောင်ထူထောင်ရတဲ့အခါ
အမှန်အတိုင်းပြောရရင် အစ်မတို့နှစ်ယောက်ကြားမှာ စိုးရိမ်စရာ၊ စိတ်ပူစရာအခြေအနေတွေမရှိဘူး။

အိမ်ထောင်ပြုပြီးနောက် အချစ်တွေတိုးပွားလာအောင်
ရင်းနှီးမှုရှိဖို့လိုတယ်။ အမှန်တကယ်တော့ လူတော်တော်များများထင်တာက ဇနှီးမောင်နှံဖြစ်သွားရင် အများအားဖြင့်က ရင်းနှီးမှုလျော့သွားကြတာ သတိမထားမိကြဘူးပေါ့။ အမှန်တော့ အဲဒီရင်းနှီးမှုတွေပိုပြီး တိုးပွားလာဖို့ လိုပါတယ်။ အိမ်ထောင်ပြုလိုက်ရင် အတူနေလို့တော်တော်ရင်းနှီးသွားပြီထင်နေကြတာ။ တကယ် က အဲဒီအချိန်မှ ရင်းနှီးမှုကိုထပ်ပြီးတိုးပွားလာအောင် တည်ဆောက်ရမှာ။

မိခင်တစ်ယောက်အနေနဲ့ ရွှေပိုင်လေးအပေါ် ဘာတွေဖြည့်ဆည်းပေးဖြစ်လဲ
ကျန်းမာအောင်၊ အသိပညာဖွံ့ဖြိုးအောင် သူ့ကိုပြည့်ပြည့်၀၀လုပ်ပေးဖြစ်အောင် ကြိုးစားပါတယ်။ လစ်ဟင်းသွားတဲ့ အချိန်မျိုးမရှိအောင်တော့ အမြဲကြိုးစားပါတယ်။ ဘာလို့လဲဆိုတော့ သားမှာလည်း ဘာကြောင့်ဖြစ်ဖြစ် လိုအပ်သွားတယ် မခံစားရအောင်ကြိုးစားပါတယ်။ ကျောင်းမသွားခင်သူနဲ့တွေ့တယ်။ နေ့လယ်ထမင်းစားချိန် သူနေ့တစ်ဝက်ကျောင်းတက်တဲ့နေ့ သူနဲ့တွေ့တယ်။ ညနေအိမ်ပြန်လာရင် သူနဲ့ အတူတူနေတယ်။ တစ်ချိန်လုံးကြီးထိတွေ့နေတာမဟုတ်ပေမယ့် လိုအပ်တဲ့အချိန်တွေမှာ အစ်မရှိနေပါတယ်။

Valentine’s Day စကားလက်ဆောင်

Valentine’s Day မှာ အားလုံးအချစ်တွေတိုးပွားကြပါစေလို့ ဆုတောင်းပေးပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment