အမျိုးသမီးတွေအတွက် အလှအပက ၅၀% ၊ အရည်အချင်း
က ၅၀% စီဆိုပေမယ့် သရုပ်ဆောင် တစ်ယောက် အတွက်
အလှအပက ၈၀% လောက် အရေးပါတယ်…
အမရာငြိမ်း
Miss Myanmar International ၂၀၁၅ ရခဲ့တဲ့တစ်နှစ်လုံးက အမှတ်တရတွေကအများကြီးဆိုတော့
အခု Crown လေး လွှဲရတော့မယ်ဆိုတော့ နှမျောလည်းနှမျောတယ်…
ညီမ
လတ်တလောမှာ Jewellery show တွေလျှောက်ဖြစ်နေတယ်။ မြန်မာအမျိုးသမီးရေးရာ အတွက် လျှောက်မယ်။
ကြော်ငြာအတွက် ကျိုင်းတုံနဲ့မြစ်ကြီးနားဘက် ခရီးထွက်ဖို့ရှိပါတယ်။ တောင်ကြီး ကိုလည်း
airline commercial သွားရိုက်ဖြစ်ခဲ့သေးတယ်။
Miss
2016 က ဇူလိုင်လကုန်မှာ ဖောင်ပိတ်မယ်။ August မှာ camp သွင်းတာတွေ ဆန်ကာတင် ရွေးတာတွေလုပ်ပြီး
နောက်ဆုံး September 3 ရက်နေ့မှာ Final ပွဲကျင်းပမှာပါ။ အမှန်အတိုင်းပြောရရင် Miss
Myanmar International 2015 ရခဲ့တဲ့တစ်နှစ်လုံးက အမှတ်တရတွေကအများကြီးဆိုတော့ အခု crown
လေး လွှဲရတော့မယ်ဆိုတော့ နှမျောလည်း နှမျောတယ်။ စိတ်ထဲမှာတစ်မျိုးကြီး ဒါပေမဲ့လည်း အရည်အချင်းမရှိတဲ့
မြန်မာအမျိုးသမီးနောက်တစ်ယောက်ကို လွှဲရမှာဖြစ်တဲ့အတွက် ၀မ်းလည်းဝမ်းသာ ပါတယ်။
Miss
2015 ရပြီးတဲ့နောက်ပိုင်းဆိုရင် အလုပ်ကိုသေသေချာချာလုပ်တတ်လာတယ်။ ပွဲတတ်တာ၊ ဓာတ်ပုံရိုက်တာ
Fashion ပိုင်းသေချာပြင်ဆင်ဖြစ်လာတယ်။ အလုပ်မှာပိုပြီး ပေါင်းသင်းဆက်ဆံတတ်လာ တယ်။ အရင်ကထက်တော့အများကြီး
တိုးတက်လာတယ်ထင်ပါတယ်။
ညီမတို့ပြိုင်ပွဲက
စက်တင်ဘာ ၃ရက်နေ့မှာ final ဆိုပေမယ့် အောက်တိုဘာလောက်ကတည်းက ပြိုင်ရမယ်။ ဂျပန်မှာသွားပြိုင်ရပြီ။
သွားပြိုင်ရမယ့်အချိန်က အရမ်းကပ်တယ်။ ပြင်ဆင်ချိန်က Fashion ပိုင်း လောက်ပဲရတော့မယ်။
အဲဒါကြောင့် ပြည်တွင်းမှာပြိုင်မယ်ဆိုကတည်းက သေချာလေးစဉ်းစားထားသင့်ပါ တယ်။
တောတောင်ရေမြေအလှကို သဘောကျတယ်။ ညီမတို့ကားတွေနဲ့
သွားရတဲ့အခါကျတော့ လမ်းမှာရပ်ပြီး ဓာတ်ပုံတွေရိုက်ရင်း ကိုယ့်မြန်မာနိုင်ငံအရမ်းလှနေပါလားလို့ ဖြစ်မိတယ်…
ညီမက
တောတောင်ရေမြေ အလှကိုသဘောကျတယ်။ ခရီးသွားတဲ့အခါ မြင်ရတဲ့မြင်ကွင်းဆန်းဆန်း လေးတွေ သစ်ပင်လေးတွေ၊
တောင်တန်းလေတွေကို သဘောကျတယ်။ ပင်လယ်ပြာပြာကိုကြည့်နေရတာ လည်းသဘောကျတယ်။ ညီမနောက်ဆုံးအမှတ်တရဆိုရင်
ရခိုင်ရိုးမတောင်တန်းတွေဆီသွားတာပေါ့။ များသော အားဖြင့်က ဘယ်သူမှကားနဲ့မသွားကြဘူး။
ညီမတို့က Organization နဲ့အတူ ကားတွေနဲ့သွားရတဲ့အခါကျ တော့ လမ်းမှာရပ်ပြီးဓာတ်ပုံတွေရိုက်ရင်း
ကိုယ့်မြန်မာနိုင်ငံအရမ်းလှနေပါလားလို့ Feeling ဖြစ်မိတယ်။
အနုပညာအလုပ်မလုပ်ဘူးဆိုရင်
အမျိုးသမီးတွေအတွက်အလှအပက ၅၀% ၊ အရည်အချင်းက ၅၀%
စီ ဆိုပေမယ့် သရုပ်ဆောင်တစ်ယောက်အတွက် အလှအပက ၈၀% လောက်အရေးပါတယ်။ ညီမလက်ရှိ
Shiseido White Illucent သုံးဖြစ်နေတယ်။ Shiseido ကိုပဲ Set လိုက်သုံးဖြစ်ပါတယ်။ Makeup
ကတော့ ဖောင်ဒေးရှင်းကို MAC သုံးတယ်။ Eyeshadow တို့ဘာတို့တော့ သိပ်ပြီးအစွဲမရှိဘူး။
ညီမကအနုပညာအလုပ် လုပ်တာ အမြဲတမ်းလှနေလို့မရဘူးလေ။ Model လိုင်းကိုသွားနေတော့ တစ်ခါတလေ
Commercial မဟုတ်တဲ့ အခါ လှနေစရာမလိုတာတွေရှိတယ်။ အဲဒီလိုမျိုးမှာတော့ ကိုယ့် Mood
ကိုပဲပြောင်းပြီး အကောင်းဆုံးလုပ်ဖြစ် တယ်။
ဂျပန်မှာသွားပြိုင်ခဲ့တာ။ နိုင်ငံပေါင်း
၆၀ ကျော်ပေါ့။ များသောအားဖြင့် artificial
beauty တွေများပါတယ်။ အဲဒီအထဲမှာ အလှဆုံးဆိုရင် ဆုရသွားတဲ့ ဗင်နီဆွဲလားအလှမယ်။
ညီမက
International ကိုဂျပန်မှာသွားပြိုင်ခဲ့တာ။ နိုင်ငံပေါင်း ၆၀ ကျော် ပေါ့။ သူတို့က များသော
အားဖြင့် artificial တွေများပါတယ်။ အကုန်လုံးကခွဲစိတ်ပြုပြင်ပြီးမှလာပြိုင်ကြတာ။ အဲဒီအထဲမှာအလှဆုံးဆိုရင်
ဆုရသွားတဲ့ ဗင်နီဇွဲလားအလှမယ်ပေါ့။ သူကလှတာမှ မိန်းကလေးချင်း အရုပ်လေးတစ်ရုပ်လို ထိုင်ကြည့်နေရ
လောက်အောင်လှတယ်။ ခွဲစိတ်ပြုပြင်ထားကြတယ်ဆိုပေမယ့် အဲဒီလို ခွဲစိတ်ပြုပြင်ရဲတာကို ညီမကတော့
ချီးကျူးပါတယ်။ ညီမတော့ အဲဒီလိုသတ္တိမရှိဘူး။ လူတစ်ယောက်ရဲ့ သဘာဝအလှကအမြဲတမ်းတော့ မပြည့်စုံ
နိုင်ဘူး။ ပြင်လိုက်တယ်ဆိုတာ ပန်းပုလေးထုလိုက်သလိုပဲ။ လုပ်တဲ့သူတွေကို လည်းသဘောကျပါတယ်။
Body ပိုင်းနဲ့ပတ်သက်ရင် မက္ကဆီကိုအလှမယ်ပေါ့။
သူ့ကိုယ်လုံးလေး အရမ်းလှပါတယ်။
Body
ပိုင်းနဲ့ပတ်သက်ရင် မှတ်မှတ်ရရဖြစ်နေတာ မက္ကဆီကိုအလှမယ်ပေါ့။ သူ့ကိုယ်လုံးလေး အရမ်း
လှပါတယ်။ ညီမကတက်လွယ် ကျလွယ်ခန္ဓာကိုယ်မျိုးပေါ့။ အစားအသသောက်ထိန်းလိုက်ရင်လည်း Weight
က ချက်ချင်းကျတယ်။ ဒါပေမဲ့ ညီမအတွက် အခက်ဆုံးကလည်း အစားအသောက်ထိန်းတာပဲ။ အစား အသောက်အရမ်းကြိုက်တယ်။
ဒါပေမဲ့ Miss Myanmar International စလိုချင်ကတည်းက
Body Weight ကို ထိန်းတယ်။ Gym ဆော့ဖြစ်တယ်။ Crown ရပြီးနောက်ပိုင်းတော့ သီးသန့်ကြီးအချိန်မပေးနိုင်တော့ဘူး။
အခုတော့ အစားအသောက်ပဲထိန်းဖြစ်ပါတယ်။
အနီရောင်ဝတ်ထားတာပဲဖြစ်ဖြစ်၊ နှုတ်ခမ်းအနီရောင်
ဆိုးတာပဲဖြစ်ဖြစ် ညီမပုံမှန်ထက်အများကြီး Confidence ရှိတယ်
ညီမကအရောင်တွေထဲမှာ
အနီရောင်အကြိုက်ဆုံး။ အနီရောင်ဝတ်ထားတာပဲဖြစ်ဖြစ်၊ နှုတ်ခမ်းအနီ ရောင်ဆိုးတာပဲဖြစ်ဖြစ်
ညီမပုံမှန်ထက်အများကြီး Confidence ရှိတယ်။ လူကြားထဲမှာတင်းနေစေတယ်လို့ ထင်တယ်။ မှတ်မှတ်ရရ
ညီမရိုက်ခဲ့တဲ့ Magazine တွေ Journal တွေ အများစုကအနီရောင်နဲ့ ထွက်တာ တွေများပါတယ်။
မကြိုက်ဆုံးအရောင်က မှုန်မှုန်မှိုင်းမှိုင်းအရောင်တွေ
ညီမက Feeling သမား။ မှိုင်းတဲ့အရောင်တွေဝတ်ရင် စိတ်ထဲမှာ အရမ်းမှိုင်းသွားတယ်။
မကြိုက်ဆုံးအရောင်ကတော့
မရှိဘူး။ မှုန်မှုန်မှိုင်းမှိုင်းအရောင်တွေတော့ ကြိုက်လေ့ကြိုက်ထမရှိဘူး။ ထင်းပြီးလင်းနေတာကိုပဲ
ပိုသဘောကျတယ်။ ညီမက Feeling သမား။ မှိုင်းတဲ့အရောင်တွေဝတ်ရင် စိတ်ထဲမှာ အရမ်းမှိုင်းသွားတယ်။
ညီမက Active ဖြစ်တဲ့လူဆိုတော့ ငြိမ်နေရတာမကြိုက်ဘူး။
ကျောင်းတုန်းက တော်တော်ဝခဲ့တယ်။ ပေါင်
၁၆၀ လောက်အထိပေါ့
ညီမကိုကျောင်းတုန်းက
သူငယ်ချင်းတွေ အပြင်မှာဘယ်လိုမှမမှတ်မိဘူး။ ညီမကျောင်းတုန်းက တော်တော်ဝခဲ့ တယ်။ ပေါင်
၁၆၀ လောက်အထိပေါ့။ အလယ်တန်း၊ အထက်တန်း ကျောင်းသူဘ၀လောက်ကတည်းက Facial Foam Foam သုံးတယ်။
Moistorizer သုံးတယ်။ Skin Care ကိုတော့ ဂရုတစိုက်လုပ်ဖြစ်တယ်။ အလှတော့ လုံးဝမပြင်ဖြစ်ဘူး။
သဘောလည်းမကျဘူး။ အခုနောက်ပိုင်းတော့ ပြင်ပြင်ဆင်ဆင်လေးနဲ့ဆိုတော့ လုံးဝပြောင်း လဲသွားတယ်လို့ပြောကြတယ်။
နောက်လာမယ့် Miss Myanmar
International 2016 လေးကိုလည်းချစ်ပေးပါ
ညီမအခု Crown လွှဲရတော့မယ်။ အဓိကပြောချင်တာကတော့
နောက်လာမယ့် Miss Myanmar International 2016 လေးကိုလည်း ချစ်ပေးပါ။ ၂၀၁၅ အမရာ့ကိုလည်း မမေ့ကြပါနဲ့လို့။
ထပ်ပြီး ဒီထက်ပိုပြီး အလုပ်တွေလည်း အများကြီးလုပ်နေပါတယ်။ ထွက်လာတဲ့အနုပညာတွေကိုလည်း
ကြည့်ပြီးဝေဖန်ပေးကြပါလို့ ပြောချင်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment