Android Control Panel
Apps ဟာ Android စမတ်ဖုန်းတစ်လုံးကို စတင်အသုံးပြုတဲ့သူတွေအတွက်နဲ့ Setting ထဲက အချို့function
တွေကို မကြာခဏအသုံးပြုသူတွေအတွက် အလွယ်တကူအသုံးပြုနိုင်စေဖို့ ရည်ရွယ်ပါတယ်
အခုအခါ စမတ်ဖုန်းအသုံးပြုသူတွေအတော်များများဟာ
Android OS ရဲ့ setting တွေ၊ အပြင်အဆင်တွေ၊ သင်္ကေတတွေနဲ့ icon တွေကို ရင်းနှီးကျွမ်းဝင်လာကြပြီဖြစ်ပါတယ်။
ဘယ် button မြင်လိုက်ရင် ဘာကို ကိုယ်စားပြုတယ်၊ ဘယ် Button ကဘာအတွက်သုံးတယ်ဆိုတာလည်း
တဖြည်းဖြည်း သိရှိနားလည် လာ ကြပါတယ်။ Android OS ဟာ device တွေကိုအသုံးပြုသူတွေက အလွယ်တကူထိန်းချုပ်
လုပ် ကိုင်နိုင်အောင်လည်း စနစ်တကျလုပ်ဆောင်ခွင့်တွေလည်းပေးထားတာတွေ့ရပါတယ်။ ဒါပေမဲ့
တချို့ အသုံးများတဲ့ function တွေဟာ setting ထဲကနေ အဆင့်ဆင့်ဝင်ရောက်အသုံးပြုရတဲ့အတွက်
အလျင်စလို အသုံးပြုလိုတဲ့အခါမျိုးနဲ့ ဘယ် button က ဘယ်ထဲမှာရှိတယ်ဆိုတာ မေ့နေတတ်တဲ့ အခါမျိုးတွေကြုံတွေ့ ရတဲ့အခါ
အခက်အခဲတစ်ခုသဖွယ်ဖြစ်လာတတ်ပါတယ်။
အခုဖော်ပြပေးမယ့် Android Control Panel Apps ဟာ
အထူးသဖြင့် Android စမတ်ဖုန်းတစ်လုံးကို စတင်အသုံးပြုတဲ့သူတွေအတွက်နဲ့ setting ထဲက
အချို့ function တွေကို မကြာခဏအသုံးပြုသူတွေ အတွက် အလွယ်တကူအသုံးပြုနိုင်စေဖို့ရည်ရွယ်ပါတယ်။
Coltron Panel လို့ဆိုထားပေမယ့် Android OS တစ်ခုလုံးကိုတော့ ထိန်းချုပ်နိုင်မှာမဟုတ်ဘဲ
အသုံးတည့်ပြီးအသုံးများတဲ့ function တွေကို စုစည်း ထားပေးတဲ့သဘောသာဖြစ်ပါတယ်။
Andriod
Control Panel ကို Play Store ကနေ အခမဲ့ရယူပြီး ထည့်သွင်းလိုက်ပါ။ ဒါမှမဟုတ် http://bit.ly/2dYE5rY
ကနေရယူပါ။
ပြီးရင်
Application
ကိုဖွင့်လိုက်ရင် ပထမဆုံး sound menu ကို စတင်မြင်တွေ့ရမှာဖြစ်ပြီး
ဖုန်းရဲ့အသံပိုင်းဆိုင်ရာကိစ္စအ၀၀ကိုချိန်ညှိပြောင်းလဲနိုင်ပါလိမ့်မယ်။
Sound ပြီးရင်
Network, Display/Other, About စတဲ့ menu တွေကိုဆက်ပြီးသွားနိုင်ဖို့ မြှားပုံစံလေးနဲ့
ပြထားပေးပါတယ်။ ဒါမှမဟုတ် ဖုန်းကနေ menu ကိုနှိပ်လိုက်ရင်လည်းကိုယ်သွားချင်တဲ့ menu
ကိုတန်းသွားလို့ရပါတယ်။
Display/Other
Menu မှာ Privacy setting နဲ့ storage setting တွေဆီ တိုက်ရိုက်သွားနိုင်ပြီး battery
usage ကိုလည်းအသေးစိတ်ကြည့်ရှုနိုင်ပါတယ်။
Notification
bar ကိုဖိပြီးဆွဲချလိုက်တဲ့အခါ Android Control Panel ရဲ့ Setting တွေကိုခေါ်ယူ အသုံးပြုနိုင်ဖို့
menu တစ်ခုထပ်ပြီးပေါင်းထည့်ထားတာမြင်တွေ့ရပါလိမ့်မယ်။
အဲဒီ menu
ကို တစ်ချက်နှိပ်လိုက်ရင် တိုက်ရိုက်နှိပ်ပြီး အသုံးပြုနိုင်တဲ့ button တွေကိုတွေ့ရပါလိမ့်မယ်။
ဒီ button တွေကတော့ sound, network နဲ့ display စတဲ့ menu တွေထဲက အသုံးများတဲ့ function
တွေကိုသီးသန့်ရွေးထုတ်ပေးထားတာဖြစ်ပါတယ်။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment