စမတ်ဖုန်းနဲ့အတူ တွဲဖက်အသုံးပြုလေ့ရှိတဲ့အသုံးအဆောင်တစ်ခုကတော့
flip-cover လို့ခေါ်တဲ့ စမတ်ဖုန်းကိုနောက်ကျော်ဘက်ရောရှေ့ဘက်မျက်နှာစာပါ စာအုပ်သဖွယ်ဖုံးအုပ် ကာကွယ်ပေး ထားတဲ့ဖုန်းကာဗာတစ်မျိုးပါပဲ…
Android စမတ်ဖုန်းတွေပေါ်ကာစအချိန်တုန်းက
စမတ်ဖုန်းနဲ့အတူ တွဲဖက်အသုံးပြုလေ့ရှိတဲ့ အသုံး အဆောင်တစ်ခုကတော့ flipcover လို့ခေါ်တဲ့စမတ်ဖုန်းကို
နောက်ကျော်ဘက်ရောရှေ့ဘက် မျက်နှာ စာပါစာအုပ်သဖွယ်ဖုံးအုပ်ကာကွယ်ပေးထားတဲ့ဖုန်းကာဗာတစ်မျိုးပါပဲ။
နောက်ပိုင်းမှာစမတ်ဖုန်းတွေရဲ့ ငါ့အ light sensor, proximity sensor တွေကိုအသုံးချပြီး
flip-cover အဖွင့်/အပိတ်လုပ်လိုက်တာနဲ့ စမတ်ဖုန်းရဲ့မျက်နှာပြင်ဟာ အလိုအလျောက်ဖွင့်ပြီး/ပိတ်ပြီးသားဖြစ်အောင်
အသုံးပြုကြပါတယ်။
ဒီအခါမှာ စမတ်ဖုန်းရဲ့မူလ power button ကို အသုံးပြုရတဲ့အကြိမ်ရေလျော့နည်းသွားတာကြောင့်
အပျက်သက်သာတဲ့အပြင်အသုံးပြုရ ပိုမိုလွယ်ကူလာတာကြောင့် အတော်များများအကြိုက်တွေ့ ခဲ့ကြပါ တယ်။
ဒီလုပ်ဆောင်ချက်ကို smart cover apps လို့ခေါ်တဲ့ အလိုလျောက်အဖွင့်အပိတ်ကို လုပ်ဆောင်ပေးနိုင်တဲ့
apps လေးနဲ့တွဲဖက်ပြီး အသုံးပြုကြရပါတယ်။
ဒါပေမဲ့ အခုနောက်ပိုင်းမှာ smart cover
apps ထက် ပိုမိုကောင်းမွန်တဲ့ ဘက်ထရီရော resource ပါ အသုံးပြုမှုအလွန်နည်းပါးတဲ့ Auto
Screen On/Off Apps လေးကို ပြောင်းလဲအသုံးပြုလာခဲ့ကြပါတယ်။ အထူးသဖြင့် တန်ဖိုးသင့်တင့်ပြီး
proximity sensor သာ အဓိကပါဝင်တဲ့ ဈေးချိုစမတ်ဖုန်းတွေမှာ flipcover နဲ့အတူအလိုလျောက်အဖွင့်အပိတ်ပြုလုပ်ချင်တဲ့အခါ
ဒီ Apps ထည့်သွင်းပေးထားရမှာဖြစ်ပါတယ်။
Android Tablet တွေမှာလည်း flip-cover နဲ့အတူ
တွဲဖက်အသုံးပြုနိုင်တာကြောင့် အလွန်အသုံးဝင်လှတဲ့ Apps လေးပဲဖြစ်ပါတယ်။ proximity ကို
အသုံးပြုတဲ့ အခြား Apps တွေနဲ့လည်း အနှောင့်အယှက် ကင်းကင်းအသုံးပြုနိုင်ပြီး ဂိမ်းဆော့တဲ့အခါ
video ကြည့်တဲ့အခါတွေမှာ disable ပြုလုပ်ထားနိုင်သလို အချိန်တစ်ခါသတ်မှတ်ကာ အလိုအလျောက်ရပ်နားထားနိုင်တဲ့အတွက်
တန်ဖိုးနည်းတန်ဖိုးသင့် Android စမတ်ဖုန်းတွေ၊ Tablet တွေနဲ့ အထူးသင့်လျော်လှပါတယ်။
ပထမဆုံးပေးထားတဲ့
link http://bit.ly/1DSbbM5 ကနေ Apps ကိုထည့်သွင်းပါ။ ပြီးရင် Apps ကိုဖွင့်လိုက်ပါ။
အရင်ဆုံး လက်ရှိထည့်သွင်းထားတဲ့ Apps ရဲ့ Version တွေအလိုက် ဘာတွေကိုပြင်ဆင် ခဲ့တယ်ဆိုတဲ့
history ကိုတွေ့ရပါလိမ့်မယ်။ OK ကို နှိပ်ပါ။ ပြီးရင် App ကို စတင်အသုံးပြုဖို့အတွက်
Enable ကို On ပေးရပါမယ်။
2/Enable
ကို On လိုက်တာနဲ့ device administer ကို activate လုပ်ဖို့ပေါ်လာပြီး Activate ပြုလုပ်ပေး လိုက်ပါ။
ပြီးရင် Enable ကို On ထားတာမြင်ရမှာဖြစ်ပါတယ်။ အခုဆိုရင်များသောအားဖြင့် စမတ်ဖုန်းရဲ့ အရှေ့ဘက်
ကင်မရာနားမှာရှိတတ်တဲ့ proximity နားကိုလက်ဝါးနဲ့အုပ်ကြည့်လိုက်ပါ။ စမတ်ဖုန်းရဲ့မျက်နှာပြင်ပိတ်သွားမှာဖြစ်ပြီး
ပြန်ဖယ်လိုက်ရင်တော့ မျက်နှာပြင်ပြန်ပွင့်သွားမှာဖြစ်ပါတယ်။ ဒါဟာ flip-cover နဲ့ တွဲဖက်အသုံးပြုဖို့အဆင်သင့်ဖြစ်နေပြီဆိုတဲ့သဘောဖြစ်ပါတယ်။
ပြီးရင် အောက်နားလေးမှာရှိတဲ့
“which apps to exclude’’ ဆိုတဲ့နေရာလေးကတော့ ဘယ် Apps တွေအသုံးပြုနေတဲ့အချိန် ဒီ AutoScreen
On-Off Apps ကို ယာယီပိတ်ထားပေးမလဲဆိုတာ ရွေးချယ်ပေး ရမှာဖြစ်ပါတယ်။ ဥပမာ ကင်မရာရိုက်နေတုန်း
ပိတ်သွားတာမျိုး၊ ဂိမ်းဆော့နေတုန်း ပိတ်သွားတာမျိုး မဖြစ်ရအောင် ကိုယ့်စိတ်ကြိုက် Apps
တွေကိုရွေးထည့်ပေးပါ။ ဒါဆိုရင် ဒီလိုရွေးချယ်ပေးထားတဲ့ Apps တွေအသုံးပြုနေတဲ့အချိန်မှာ
ဒီ Apps က လုံးဝအလုပ်လုပ်မှာမဟုတ်ပါဘူး။
Apps ရဲ့အောက်နားလေးကို
ဆက်ပြီးဆင်းသွားရင်တော့ Advanced ရဲ့အောက်မှာ ဆက်ပြီးတွေ့ရမှာတွေ ကတော့ Notification
Bar မှာဖော်ပြစေတာမျိုး၊ မျက်နှာပြင်ပိတ်သွားတဲ့အခါ အသံမြည်တာမျိုး၊ vibrate ဖြစ်တာမျိုးကို
ရွေးချယ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အောက်ဘက်ကိုဆက်သွားလိုက်ပြီး Sleep Time
Setting နေရာမှာတော့ Disable While Sleep ကိုရွေးချယ်ကာ Start Time, End Time ကို ထည့် သွင်းပေးပြီး
ကိုယ်သတ်မှတ်လိုက်တဲ့ အချိန်တစ်ခုအတောအတွင်း ဒီ Apps ကိုအလိုလျောက် ပိတ်ပေးထားမှာဖြစ်ပါတယ်။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment