စမတ်ဖုန်းရဲ့အရေးကြီးအချက်အလက်တွေ အလွယ်တကူ back လုပ်နိုင်ဖို့ဆိုရင်…









အရေးကြီးအချက်အလက်တွေပါဝင်တဲ့ စမတ်ဖုန်းတစ်လုံး ရုတ်တရက်ပျောက်သွားပြီဆိုပါစို့။  ဘယ်က စပြီးဘယ်လိုအချက်အလက်တွေပြန်ရအောင်ယူနိုင်မလဲ၊ စမတ်ဖုန်းမှာလုံခြုံရေးဆိုင်ရာ အစီအမံတွေ ထည့် သွင်းထားသည့်တိုင် မိမိစမတ်ဖုန်းကို ပြန်ရဖို့ဆိုသည်မှာ လုံးဝမကျိန်းသေပါ။ ဒီလိုပျောက်သွားခဲ့ရင် အဓိကပြဿနာက တန်ဖိုးရှိတဲ့ကိုယ့်ရဲ့စမတ်ဖုန်းအပြင် ထည့်သွင်းထားတဲ့ အချက်အလက်တွေ၊ ဓာတ်ပုံတွေ၊ contact တွေဟာ၊ Message တွေဟာပြန်ရဖို့ ပိုမိုခဲယဉ်းသွားမှာဖြစ်ပါတယ်။ 

ဒီလိုပြသသနာမျိုးကို ကြိုတင်ကာကွယ်ထားနိုင်ဖို့အတွက် Android မှာ Backup apps တွေများစွာရှိ ပါတယ်။ Back up ပြုလုပ်တဲ့အခါ မှာ ဖုန်းမှာသီးသန့်ထည့်သွင်းထားတဲ့ SD card Store အသုံးပြုပြီး Cloud Server (Service) တစ်ခုခုပေါ်မှာသိမ်းဆည်းထားတာကပိုပြီးအဆင်ပြေစေပါတယ်။ အဆင့်မြင့် လုပ်ဆောင်ချက်တွေပါဝင်တဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းတွေမှာ Google Service ကိုအသုံးပြုပြီး ကိုယ့်ရဲ့ Setting တွေ၊ အချက်အလက်တွေကို Backup ပြုလုပ်သိမ်းဆည်းပေးထားနိုင်မယ့်နည်းလမ်းတွေ၊ Apps တွေ တစ်ပါတည်းပါဝင်လာခဲ့ကြပါတယ်။ ဒါပေမယ့် အလယ်အလတ်အဆင့်နဲ့ တန်ဖိုးနည်း Android စမတ်ဖုန်းတွေမှာတော့ ဒီလုပ်ဆောင်ချက်က မပါသလောက်နီးပါးအားနည်းသွားခဲ့ပါတယ်။ 

ဒါကြောင့် Android OS အသုံးပြုတဲ့ဘယ်ဖုန်းအမျိုးအစားပဲဖြစ်ဖြစ် အလွယ်တကူအသုံးပြုနိုင်ပြီး စိတ်ချလုံခြုံ မှုရှိတဲ့ Gcloud လို့ ခေါ်တဲ့ back apps လေးကိုဖော်ပြပေးချင်ပါတယ်။ ဒီ Apps လေးကိုအသုံးပြုပြီး ကြိုတင် Backup ပြုလုပ်ထားခြင်းအားဖြင့် ကိုယ့်ရဲ့စမတ်ဖုန်းပျောက်သွားတဲ့အခါမှာလည်း အရေးကြီးတဲ့ အချက်အလက်တွေကို နောက်ဖုန်းတစ်လုံးပေါ်ကို ချက်ခြင်းလွဲပြောင်းရယူအသုံးပြုနိုင်ပါလိမ့်မယ်။

http://bit.ly/2hab3In
ပထမဆုံးပေးထားတဲ့ link က Apps ကိုရယူပါ။ ဒီ Apps  ဟာ clock ပေါ်မှာအချက်အလက် သိုလှောင်မှု ပမာဏ 1GB အထိအခမဲ့အသုံးပြုနိုင်မယ့် Apps တစ်ခုဖြစ်ပါတယ်။ ဒီထက်ပိုပြီးလိုအပ်တယ်ဆိုရင်တော့ အခပေးဝယ်ယူရမှာပါ။ လိုအပ်တဲ့ ပမာဏအတိုင်း ၀ယ်ယူနိုင်သလို Unlimited အနေနဲ့လည်း ၀ယ်ယူ အသုံးပြုနိုင်ပါလိမ့်မယ်။ Gcloud App ကို အသုံးပြုပြီး ဘာတွေ Back up ပြုလုပ်နိုင်သလဲဆိုရင် Contacts, Call log, Message, Photos, Video, Music, Documents, Calendars, System Setting, Browser, Data အစရှိတဲ့အရာတွေကို Back up ပြုလုပ်နိုင်ပါလိမ့်မယ်။

Gcloud ကို အသုံးပြုဖို့အတွက် ကိုယ့်ရဲ့ဖုန်းမှာ Wifi သို့မဟုတ် Mobile Data ဖွင့်ထားပါ။ ပြီးရင် ကိုယ့်ရဲ့ gmail အကောင့်နဲ့ Sign-up ပြုလုပ်ပါ။ Sign-up ပြုလုပ်တဲ့အခါမှာ Find My Android ဆိုတဲ့နေရာမှာ (Use Find My Android ကိုရွေးပြီး Done ကိုနှိပ်ပေးပါ။ ဒီလိုရွေးချယ်ခဲ့ခြင်းအားဖြင့် စမတ်ဖုန်းပျောက် သွားတဲ့အခါ ကိုယ့်စမတ်ဖုန်းရဲ့တည်နေရာကိုခြေရာခံနိုင်ဖို့ဖြစ်ပါတယ်။ ပျောက်သွားတဲ့ ကိုယ့်ရဲ့ ဖုန်းထဲမှာ ကိုယ့်ရဲ့ Account နဲ့ ၀င်ထားတဲ့ Gcloud App ရှိနေသရွေ့တည်နေရာကို ပြန်လည်ရှာဖွေနိုင်မှာဖြစ်ပြီး Wifi သို့မဟုတ် Mobile Data အသုံးပြုနေခဲ့ရင် ဖုန်းကို Ring မြည်အောင်ပြုလုပ်နိုင်ပါလိမ့်မယ်။

ပြီးရင် GCloud ရဲ့ Home (ဆိုတဲ့ Tab) ကိုရောက်သွားမှာဖြစ်ပြီး လက်ရှိဖုန်းပေါ်ကဘယ်အရာတွေကို backup ပြုလုပ်နေတယ်၊ Cloud ပေါ်မှာ သိမ်းဆည်းမှုပမာဏဘယ်လောက်ကျန်သေးတယ်ဆိုတာ ပြသပေးနေမှာဖြစ်ပါတယ်။ Home ရဲ့ဘေးမှာရှိတဲ့ Data ဆိုတဲ့ Tab နေရာမှာ ကိုယ် Backup ပြုလုပ်ချင်တဲ့အရာတွေကို ရွေးချယ်ပေးရမှာပါ။

Back up ပြုလုပ်ဖို့ ရွေးချယ်ပြီးသွားခဲ့ရင် Home ကိုပြန်သွားပြီး backup-now ကိုနှိပ်ကာ ချက်ခြင်း backup ပြုလုပ်နိုင်ပါလိမ့်မယ်။ ဒါမှမဟုတ်ထိပ်ဆုံးက Tab တွေအားလုံးရဲ့ ဘယ်ဘက်ထောင့်နားက Memu ကိုနှိပ်ပြီး Setting ထဲကိုဝင်ပါ။ Menu ထဲမှာတော့ နေ့စဉ်အလိုလျောက် Backup ပြုလုပ်မယ့်အချိန်၊ နာရီကိုအတိအကျဝင်ပြီးသတ်မှတ်ပေးထားခြင်းအားဖြင့် သတ်မှတ်ချိန်ရောက်တာနဲ့ အလိုအလျောက် Backup ပြုလုပ်အောင်ခိုင်းစေထားနိုင်ပါတယ်။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment